အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ မျိုးဆက်သစ် Portal Go နဲ့ Portal+ Video Calling Devices

ကိုယ့်ရဲ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ Video Call တွေပြောဖို့ Smart Camera တွေအသုံးဝင်တဲ့ Built-in Tool တွေပါဝင်တဲ့ Portal Go နဲ့ Portal+ ကိုမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Voice Control တွေအပြင် Zoom တွေ၊ AR Effect တွေနဲ့ တစ်ခြားအရာတွေကိုပါ အသုံးပြုနိုင်ဦးမှာပါ။ အသစ်မိတ်ဆက်လိုက်တဲ့ Portal Go နဲ့ Portal+ အပြင် Portal Tv နဲ့ Portal ဆိုပြီးတော့လည်း နှစ်မျိုးရှိပါသေးတယ်။ 

Photo Source https://portal.facebook.com/

Portal Go ကတော့ အရွယ်အစား ၁၀ လက်မရှိပြီးတော့ အကောင်းဆုံး Portal Smart Camera Video Calling စနစ်ကို Portable Version တစ်ခုအနေနဲ့ ယူဆောင်လာပေးပါတယ်။ Battery အားကြာရှည်ခံနိုင် တဲ့အပြင် 12MP Camera နဲ့ Ultrawide View ကိုအသုံးပြခွင့်ရမှာ ဖြစ်ပါတယ်။ Resolution အနေနဲ့ 800×1280 resolution ရရှိမှာပါ။ အလွယ်တစ်ကူကိုင်တွယ်အသုံးပြုလို့ရတဲ့ ဒီဇိုင်းမျိုးကိုလည်း ဖန်တီး ပေးထားပါတယ်။ Portal မှာ ပါဝင်တဲ့ Smart Camera က အလိုအလျောက် Zoom ချဲ့တာတွေ ပြုလုပ်ပေးနိုင်ပြီးတော့ ကိုယ်ဘယ်နေရာကိုပဲသွားသွား Frame ထဲမှာပဲရှိနေအောင် Focus လုပ်ပေးထား နိုင်ပါတယ်။ တစ်ယောက်ယောက်ဝင်လာခဲ့ရင်လည်း မြင်ကွင်းကို အလိုအလျောက် ချဲ့ပြီးမြင်ကွင်းထဲ ထည့်ပေးမှာပါ။ Built-in Alexa ကိုထည့်သွင်းပေးထားတဲ့အတွက် အသံကိုအသုံးပြုပြီး ထိန်းချုပ်မှု ပေးနိုင်ပါသေးတယ်။

၁၄ လက်မအရွယ်အစား HD Display နဲ့ Portal+ မှာတော့ 2160×1440 resolution အထိ ထောက်ပံ့ပေး ထားပါတယ်။ Portal+ ကို ကိုယ်နဲ့အသုံးပြုရလွယ်အောင် အနိမ့်အမြင့် ချိန်ညှိနိုင်တဲ့အပြင် ကင်မရာ ကလည်း ကိုယ်ဘယ်ကိုပဲသွားသွား Focus လုပ်ပြီး မြင်ကွင်းထဲကို ရအောင်ထည့်ပေးနေမှာပါ။ Stereo Speaker တွေပါဝင်ပြီး Hi-Fidelity Audio ကိုလည်း ထောက်ပံ့ပေးထားတဲ့အတွက် အသံတွေကို ကြည်ကြည်လင်လင် ကြားနေရမှာပါ။ Built-in Alexa ကို ထည့်သွင်းပေးထားတဲ့အတွက် အသံကို အသုံးပြုပြီး ထိန်းချုပ်မှုပေးနိုင်ပါသေးတယ်။ 

Photo Source https://portal.facebook.com/

Portal တွေရဲ့အဓိကလုပ်ဆောင်ချက်က Video Call တွေအတွက်ဆိုပေမယ့် Spotify, Pandora, iHeartRadio တို့လို Application တွေနဲ့လည်း သီချင်းတွေနားထောင်နိုင်ပါသေးတယ်။ Remote Workplace တွေနဲ့ အလုပ်လုပ်နေရတဲ့ကာလမျိုးမှာလည်း လုပ်ဖောင်ကိုင်ဖက်တွေနဲ့ အခန်းမှာ တူတူရှိနေသလို Video Call ပြောပြီး ကွန်ပြူတာကနေအလုပ်တွေ တောက်လျှောက်လုပ်နိုင်ပါတယ်။

10 inch Portal Go ကိုတော့ $199 USD နဲ့မှာယူနိုင်မယ့်အပြင် နောက်မျိုးဆက်သစ် တစ်ခုဖြစ်တဲ့ Portal+ 14 inch HD Tilting Display ကိုတော့ $349 USD နဲ့ဝယ်ယူနိုင်မှာပါ။ portal.facebook.com ကနေ Pre-order မှာယူနိုင်ပြီး ပို့ဆောင်မှုတွေကိုတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာစတင်မှာပါ။

အသေးစိတ်အချက်အလက်တွေအတွက် Facebook Portal ကနေဝင်ရောက်ကြည့်ရှုနိုင်သလို Portal ရဲ့ YouTube Channel ကနေလည်း Video တွေသွားရောက် ကြည့်ရှုနိုင်ပါတယ်။