စံ-ဇာဏီဘို၏ ရှေ့ဖြစ်ခန့်မှန်းချက်များအား Viber အက်ပလီ‌ကေးရှင်းတွင် ကြည့်ရှုနိုင်ပြီဖြစ်

ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် Rakuten Viber မှ ပြည်သူများ မိမိတို့ကံကြမ္မာကို ကြိုတင်ဆန်းစစ်သိရှိနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် အကျော်ကြားအထင်ရှားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်သူ ဆရာ စံ-ဇာဏီဘို၏ ခန့်မှန်းဟောကြားချက်များကို အပတ်စဉ်ကြည့်ရှုနိုင်မည့် Horoscope bot အား Viber အက်ပလီကေး ရှင်းအတွင်းသို့ ထည့်သွင်းပေးလိုက်ပြီဖြစ်သည်။
အဆိုပါ Horoscope bot တွင် မိမိ၏ ဘဝ၊ အလုပ်အကိုင်၊ အချစ်ရေး၊ ကျန်းမာရေး အစရှိသည်တို့အား အစဉ်ပြောင်းလဲနေသော နက္ခတ်တာယာ တို့ပေါ်တွင် မူတည်၍ တွက်ချက်ထားသည့် စံ-ဇာဏီဘို၏ ရှေ့ဖြစ် ခန့်မှန်းဟောကြားချက်များအား ရယူနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးပြုရ အဆင်ပြေလွယ်ကူစေရန်အတွက် ရာသီခွင် ၁၂ ခုလုံးအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထည့်သွင်းပေးထားပြီး အပတ်စဉ် ရယူကြည့်ရှုနိင်ပြီဖြစ်သည်။

Photo Source https://vb.me/horoscopebot_mm_

“အခုလို အဖက်ဖက်က ကြိုးစားနေကြရတဲ့အချိန်မှာ လူတွေရဲ့ မျှော်လင့်ချက်တွေကပဲ သူတို့ရဲ့ အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ဖို့ ခွန်အားတစ်ခုဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ အထင်ရှား အကျော်ကြားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်သူ ဆရာ စံ-ဇာဏီဘိုနဲ့ ပူးပေါင်းပြီး အသုံးပြုသူတွေရဲ့ ရှေ့ဖြစ် ခန့်မှန်းချက်တွေကို ပြောပြပေးသွားနိုင်ဖို့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။ Chatbot ကို အသုံးပြုရလွယ်ကူအောင် တည်ဆောက်ပေးထားတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေအကျိုးရှိစွာနဲ့ အသုံးပြုနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David https://vb.me/horoscopebot_mm_Tse မှ ပြောကြားသည်။
“Rakuten Viber နဲ့ ပူးပေါင်းလိုက်ခြင်းဖြင့် နည်းပညာအကူအညီနဲ့ ပြည်သူတွေရဲ့ ရှေ့ဖြစ်ကံကြမ္မာတွေကို အချိန်မရွေးနေရာမရွေး ရယူကြည့်ရှုသွားနိုင်မှာဖြစ်ပါတယ်။ Chat bot ကို subscribe လုပ်ထားသူတွေအနေနဲ့ ခန့်မှန်းချက်တွေကို အခမဲ့ ဝန်ဆောင်မှုအနေနဲ့ ရယူသွားနိုင်မှာပါ” ဟုလည်း စံ-ဇာဏီဘိုမှ ပြောကြားထားပါသည်။
Messaging app တွေက အလုပ်ကိစ္စဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ ဆက်သွယ်အသုံးပြုဖို့အပြင် ပညာရေး၊ ဖျော်ဖြေရေးအနေနဲ့ပါ အသုံးပြုလာကြပြပြီ။ ဒါကြောင့် အသုံးပြုသူများ၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဆန်းသစ်ထားသည့် စံ-ဇာဏီဘို၏ Horoscope bot ဝန်ဆောင်မှုများအား ထည့်သွင်းဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ Horoscope bot အား https://vb.me/horoscopebot_mm_2021 တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။