ရုပ်ပြကာတွန်းစာအုပ်များကို သယ်ဆောင်လာပေးမယ့် ပုတက် mobile application

အရင်ခေတ်တုန်းကတော့ ကာတွန်းစာအုပ်တွေဟာ နာမည်ကောင်းတွေကို ထိုက်သင့်သလောက်မရရှိခဲ့ကြပါဘူး။ ကာတွန်းစာအုပ်တွေကြောင့် ကလေးတွေဟာ တကယ့်ဖတ်ရမယ့် တန်ဖိုးရှိစာအုပ်တွေကို မဖတ်ဘဲနေကြသလားဆိုတာမျိုးကို မိဘတွေကအထင်လွဲလေ့ရှိကြပါတယ်။ လူတော်တော်များများကလဲ ကာတွန်းစာအုပ်တွေကို စာဖတ်ခြင်းကို ပိုမိုလွယ်ကူတဲ့ပုံစံကိုပြောင်းထားလေသလား တကယ့်စာအုပ်တွေလောက် ရသတွေနဲ့ ဇာတ်အိမ်ကောင်းကောင်းတွေကိုမပေးစွမ်းနိုင်ဘူးလားဆိုတာကို သံသဃရှိတက်ကြပါတယ်။

 Photos Source- Screenshot by Myanmar Tech Press

ဒါပေမဲ့ မိဘတွေနဲ့ ပညာရေးအကြံပေးတွေက ကာတွန်းစာအုပ်တွေရဲ့ တန်ဖိုးကို စတင်မြင်တွေ့ကြလာပြီပဲဖြစ်ပါတယ်။ ကာတွန်းစာအုပ်တွေကိုဖတ်ရှခြင်းဖြင့် ကလေးသူငယ်များဟာ အောက်ပါ အကျိးကျေးဇူးတွေကို ရရှိနိုင်မှာပါ။ရုပ်ပြကာတွန်းစာအုပ်တွေရဲ့ အဓိကအကျိုးကျေးဇူးကတော့ ပုံမှန်စာအုပ်တွေထက် ဖတ်ရပျော်စရာကောင်းပြီး စိတ်ဝင်စားလွယ်ကူတာပဲဖြစ်တယ်။ဒီအချက်တော့ သာမန်ရိုးကျ စာဖတ်ခြင်းနည်းလမ်းတွေထက် ငယ်ရွယ်တဲ့ကလေးများကို ဖတ်ရှုအောင် ပိုမိုဆွဲဆောင်နိုင်ပါတယ်။ အများစုသော ကလေးများက စာဖတ်ခြင်းကို မကြိုက်နှစ်သက်ကြပင်မဲ့ သူတို့ကြိုက်နှစ်ကြတဲ့ ကာတွန်းတွေနဲ့ တီဗီအစီအစဉ်များပေါ်မှာ အခြေခံထားတဲ့ ကာတွန်းစာအုပ်တွေကိုတော့ ကြိုက်နှစ်သက်တာတွေ့မြင်ရမှာပါ။ကာတွန်းစာအုပ်တွေဟာ ရုပ်ပုံတွေအများကြီးနဲ့ပါဝင်တာမို့ ပုံမှန်စာအုပ်တွေလိုမျိုး တစ်မျက်နုာလုံးစာအပြည့်နဲ့ ဖတ်ရှုသူတွေကို ခြောက်လှန့်ခြင်းရှိမှာမဟုတ်ပါဘူး။ သူတို့မှာ အတိုချုံးထားတဲ့ ဖတ်ရလွယ်ကူတဲ့ စာကြောင်းအတိုလေးတွေနဲ့ တစ်ချို့နေရမှာ သရုပ်ဖော်ထားတဲ့ အပြုအမူပုံလေးတွေပါမယ်။(ဥပမာ- ဇာတ်ကောင် သက်ပြင်းချခြင်း၊ တံခါးစောင့်ပိတ်ခြင်း)။ဒီအချက်တွေက စာသင်ကြားရာမှာအခက်အခဲရှိတဲ့ကလေးအတွက် အထောက်အကူပြုပေးပါတယ်။ဥပမာ- Autism ရှိတဲ့ ကလေးတွေဆို ရုပ်ပြကာတွန်းကနေတဆင့် စိတ်ခံစားချက်တွေနဲ့ အပြုအမှုတွေကို သင်ယူနိုင်ပါတယ်။ dyslexia ရှိတဲ့ ကလေးတွေဆိုရင်လဲ ပုံမှန်စာအုပ်ကစာမျက်နှာတစ်မျက်နှာကိုပြီးအောင် ဖက်ဖို့ကခက်ခဲပင်မဲ့ ကာတွန်းစာအုပ်တွေမှာဆိုရင်တော့ အလွယ်တကူပဲပြီးမြောက်နိုင်ပါတယ်။အများစုသိထားသလိုပဲ အောင်မြင်ပြီးမြောက်ခြင်းက ကိုယ့်ကိုကိုယုံကြည်မှုတည်ဆောက်ခြင်းအတွက် အရေးပါလှပါတာယ်၊ အများစုဟာ ကာတွန်းစာအုပ်လို့ ကြားမြင်လိုက်တာနဲ့ စာကြောင်းတစ်ကြောင်းခြင်းစီမှာပါဝင်တဲ့ စကားလုံးတွေရဲ့ အဓိကကျမှုကို သတိမမူမိကြတော့ပါဘူး။ ရုပ်ပြကာတွန်းစာအုပ်ဖတ်ခြင်းက ကလေးများကို ရုပ်ပြပုံများနှင့် ယှဉ်တွဲကာ အသစ်အသစ်သော ဝါဟာရတွေကို အလွယ်တကူပဲမှတ်မိစေပါတယ်။ သမိုင်းဆိုင်ရာဖြစ်ရပ်များ၊ ဂန္တဝင်ပုံပြင်များ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝများ၊ အပြုသဘောပြုမှုဆက်ဆံရေးနှင့် တစ်ခြားသောအရာများအပေါ် ဇာတ်အိမ်တည်ဆောက်ထားတဲ့ ဇာတ်လမ်းတွေက သင်ယူမှုအပေါ် တန်ဖိုးရှိစွာ ဖြည့်စွက်ပေးနိုင်ပါတယ်။ ရုပ်ပြစာအုပ်တွေအကုန်လုံးက စူပါဟီးရိုးတွေနဲ့ လူကြမ်းတွေပဲမဟုတ်ပါဘူး။ဟာသ၊ဒရမ်မာ၊ စိတ်ကူးယဉ်သိပ္ပံအစရှိသဖြင့် အမျိုးမျိးရှိတာမို့ အသက်ရွယ်မရွေးလဲ ဖတ်ရှုနိုင်ဦးမှာပါ။ ယခင်တုန်းက ရပ်ကွက်တိုင်းပါ စာအုပ်အငှားဆိုင်လေးတွေကိုယ်စီနဲ့ စည်ကားနေကြသော်လဲ နောက်ပိုင်း အင်တာနက်နဲ့ မိုဘိုင်းတွေခေတ်စားလာတော့ စာအုပ်ဆိုင်လေးတွေလဲ တစ်ဖြည်းဖြည်းပျောက်ကွယ်လို့သွားပါပြီ။ အပတ်စဉ်လမ်းထဲ ကာတွန်းဂျာနယ်တွေလာလှည့်ရောင်းတာကိုလဲ မတွေ့မြင်ရတော့ပါဘူး။ ဒီတော့ ငယ်ငယ်ကအကြိုက်ဇာတ်ကောင်များဖြစ်တဲ့ မြိုင်ရာဇာ တွတ်ပီ ၊ ဘိုဘို၊ သမိန်ေပေါသွပ် အစရှိတဲ့ အချစ်တော်ဇာတ်ကောင် တို့နဲ့လဲ ဝေးကွာခဲ့ရပါပြီ။ ဒီဇာတ်ကောင်တွေ ဘယ်ရောက်သွားပြီလဲ။

Photos Source- Screenshot by Myanmar Tech Press

ပုတက်(Putet Comic) မှာဆိုရင် ကာတွန်းကြိုက်နှစ်သက်သူများ မိုဘိုင်းဖုန်းကနေတစ်ဆင့် အချစ်တော်ဇာတ်ကောင်းများကို ရှုစားလို့ရအောင် စီစဉ်ထားပြီပဲဖြစ်ပါတယ်။ ဒေါင်းလုပ်ဆွဲထားပြီး ဟာသ/ပုံပြင်၊ ကာတွန်း၊ ဗေဒင် အစရှိတာတွေကို ဖတ်ရှုနိင်ပြီပဲဖြစ်ပါတယ်။ ငယ်ငယ်ကအကြိုက်ဇာတ်လမ်းများဖြစ်တဲ့ ပြာကလောင် ပြာလချောင်၊ စိန်မျောက်မျောက်၊ ငလက်မလေးပိစိကွေး အစရှိတဲ့ အရင်ကဇာတ်လမ်းတွေကို နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လေးတွေကိုလဲ တစ်နေရာထဲ ဖတ်ရှူနိုင်ပါပြီ။ မိမိြကိုက်နှစ်သက်ရာဇာတ်ကောင်များနှင့် စာရေးဆရာများကို ရွေးချယ်ပြီး ဖတ်ရှုနိုင်တာမိူ့ အသစ်ထွက်သမျှတွေကို လက်မလွတ်တမ်းဖြစ်နေဦးမှာပါ။ စိန်တုံးများကို အခမဲ့ရရှိနိုင်သော နည်းလမ်းများလဲရှိတာမို့ မိမိကြိုက်နှစ်သက်ရာကိုအလွယ်တကူပဲ သက်သက်သာသာနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လဲ လူမှုကွန်ရက်များကနေ အနားယူပြီး အိမ်မှာပဲ သက်တောင့်သက်သာနဲ့ ကာတွန်းကို ဖတ်ရှုလိုသူများအနေနဲ့ကတော့ ထိပ်တန်းကာတွန်းဆရာကြီးများ၏ ဆေးရောင်စုံ ကာတွန်းအပုဒ်ပေါင်း ၁၀၀၀ ကျော်နှင့် ပုတက်မှ ကိုယ်ပိုင်ဟန်ဖြင့် တင်ဆက်ထားသော ဗုဒ္ဒဇာတ်တော်များနှင့် ကလေး၊လူကြီးများအတွက် အသိပညာပေးဇာတ်လမ်းများကို သက်သာသော မင်ဘာကြေး တစ်လ(၅၀၀) ကျပ်ဖြင့် ဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်။

Photos Source- Screenshot by Myanmar Tech Press

Download link- https://play.google.com/store/apps/details?id=com.putetworld.comic.app&hl=en