Vortech Myanmar ကုမ္ပဏီမှ make I.T happen seminar event ကိုကျင်းပ

စင်ကာပူနိုင်ငံအခြေစိုက် IT ကုမ္ပဏီတစ်ခုဖြစ်သော Vortech မှ မေလ ၉ရက်နေ့ နေ့လည် ၂နာရီတွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ make I.T happen အမည်ရှိ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါသည်။ ထိုပွဲကို အနယ်နယ်အရပ်ရပ်မှ နည်းပညာဆိုင်ရာ အသိပညာအတက်ပညာရှင်များ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြသည်။

Photo Source-Myanmar Tech Press

အခမ်းအနားစတင်ကျင်းပသည်နှင့်တစ်ပြိုင်နက် ရှေးဦးစွာ Vortech Communications Pte Ltd နှင့် Vortech Myanmar Co. Ltdတို့၏ Managing Director ဖြစ်သူ Mr.Eugene Yuen မှ တက်ရောက်လာသောဧည့်ပရိသတ်များကို ကျေးဇူးတင်စကားပြောကြားပြီး Vortech Myanmar မှလုပ်ဆောင်နေသော လုပ်ငန်းခွဲသုံးခုအကြောင်းကို မိတ်ဆက်ပေးခဲ့သည်။”ကျွန်တော်တို့ Vortech ကနေပြီး မြန်မာနိုင်ငံမှာ IT,VC တွေထက်ပိုပြီး အခြားသောအရာများကို ဆောင်ရွက်လိုပါတယ်။ လက်ရှိ Vortech ကနေ VC(Video Conference)၊IT solutions တို့အပြင် Entertainment ဆိုပြီးဆောင်ရွက်လာပြီပဲဖြစ်ပါတယ်။”ဟု Mr.Yuen မှဆိုပြီးVortech အနေနဲ့ VC ကဏ္ဍအတွက် တင်သွင်းလျက်ရှိသော Video Conference နှင့် ဆက်စပ်သောပစ္စည်းများ၊ Charging Cart များ၊ လုပ်ဆောင်နေသာ Learning Lab များ၊ IT ကဏ္ဍအတွက် IT consultancy နှင့် VOIP solutions များ၊ Entertainment အတွက် Event plaything ငှားရမ်းခြင်းများ နှင့် Gaming chairများအကြောင်းကို အတိုချုံးမိတ်ဆက်ပေးသွားခဲ့ပါသည်။

Photo Source- https://www.facebook.com/VortechMM/?ref=page_internal

ဆက်လက်ပြီး Vortech ၏ Senior Sales Manager ဖြစ်သူ ကိုပြည့်ဖြိုးဝင်းမှVortech၏ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်သော Aver မှ အသစ်ထွက်ရှိထားသည့် အသေးစားအစည်းအဝေးအခန်းများသုံး VCကင်မရာများဖြစ်သည့် Cam340, Cam540,VC 322 နှင့် PTC500Sတို့ကို အသေးစိတ်ရှင်းပြသွားခဲ့ပါသည်။ထို့အပြင် Wireless Presentation များပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် Redi show နှင့် iRedi တို့ကိုလဲ မိတ်ဆက်ပေးသွားခဲ့သည်။

Photo Source-Myanmar Tech Press

Vortech Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက-(https://www.facebook.com/VortechMM/?ref=page_internal)

ထို့နောက် Vortech၏ ဖိတ်ကြားထားသောJetBrains( Programming and software tools) ၏တာဝန်ရှိသူ Mr. Aeron မှ JetBrains အကြောင်းကုမ္ပဏီမိတ်ဆက်နှင့် ကုမ္ပဏီမှရောင်းချနေသော Program ရေးသားရာတွင် ပိုမိုလွယ်ကူချောမွေ့နိုင်ရန် ကောင်းမွန်စွာဆောင်ရွက်ပေးမည့် Tools များအကြောင်းကို ရှင်းပြပေးခဲ့ပါသည်။အသစ်ထွက်ရှိထားသည့် Kotlin အမည်ရှိ Pragmatic Language နှင့် IntelliJ ဟုခေါ်သော ဉာဏ်ရည်မြင့် Java IDE တို့ကိုလဲ မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် Start-Up လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစတင်သည့် သက်တမ်း ၃နှစ်နှင့်အောက် ရှိသော Start-Up လုပ်ငန်းများကို အထူးဈေးနှုန်းဖြင့် ၅၀ရာခိုင်နှုန်းလျှော့သွားပေးမည်ကိုလဲ သိရှိရပါသည်။

Photo Source-Myanmar Tech Press

JetBrains အကြောင်းကို အသေးစိတ်သိရှိလိုပါက-(https://www.jetbrains.com/)

တတိယပိုင်းအနေဖြင့် Netgain (ITIM Infrastructure Monitoring Solution) Co.ltd) မှ လုပ်ငန်းအတွင်အသုံးပြုနိုင်မည့့် နောက်ဆုံးပေါ် Monitoring Solution ဖြစ်သည့် Netgain EM v10 ကို မိတ်ဆက်သွားပေးခဲ့သည်။ အဆိုပါ EM သည် လုပ်ငန်း၏ infrastructure ကို တိကျလျင်မြန်စွာခြုံငုံသုံးသပ်နိုင်အောင် ဆောင်ရွက်ပေးနိုင်သည့်အပြင် Dashboard ပုံမှာလဲ ရိုးရှင်းလွယ်ကူပြီး စိတ်ကြိုက်ပုံစံအဖြစ်လဲ ဖန်တီးနိုင်သည်ဟု သိရှိရသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရိုးရှင်းစွာအသုံးပြုကြည့်ရှုနိုင်မည့် Business View လဲပါဝင်သည်ဟု ပြောကြားသွားခဲ့ပြီးNetgain ၏ IT.Director, Mr.Don မှ Dashboard အသုံးပြုပုံအကျဉ်းနှင့် Customized Dashboard အကြောင်းကို ရှင်းလင်းသွားခဲ့သည်။

Netgain အကြောင်းကို အသေးစိတ်သိရှိလိုပါက-(http://www.netgain-systems.com/)

ဆက်လက်၍ Kiwi technology Inc.(IOT solutions) မှ Mr.Max ဖြစ်သူကလည်း လုပ်ငန်းများတွင်ဆုံးရှုံးများလျော့နည်းစေရန် နှင့် စွမ်းဆောင်ရည်ပိုမိုတိုးတက်စေရန် Kiwitec ၏ ဆောင်ရွက်နေသည့်လုပ်ငန်းများဖြစ်သော Smart Agriculture, Smart Supermarket, Smart Marketing, Smart office, Smart Power Meter, Trash Management, Truck Positions for Ports, Cold Chain Management, Streetlight Management နှင့် Transfer Monitoring System တို့အကြောင်းကို အသေးစိတ်ရှင်းပြသွားခဲ့ပါသည်။

Kiwitec အကြောင်းကို အသေးစိတ်သိရှိလိုပါက-(https://www.kiwi-tec.com/en/)

Photo Source By Myanmar Tech Press

ထိုမှတစ်ဆင့် Edgework Solutions၏ တာဝန်ရှိသူ Mr.Marvin မှ POS systems များကိုမိတ်ဆက်ပေးခဲ့သည်။ POS system များကို လုပ်ငန်းများတွင် စနစ်တကျတပ်ဆင်အသုံးပြုပါက လုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး POS system သည် Real Time analytics ကိုပြုလုပ်နိုင်သော စနစ်တစ်ခုဖြစ်သည်။ ရောင်းချခြင်းလုပ်ငန်းများတွင်သာမက Operation ပိုင်း နှင့် စားသောက်ဆိုင်များတွင် မီနူးများကိုစီမံခြင်းတွင်ပါဘက်စုံအသုံးပြုနိုင်ပြီး လုပ်ငန်းများအတွင်း သာလွန်သောစွမ်းဆောင်မှုများကို ရရှိအောင်ဆောင်ရွက်ပေးနိုင်သည်ဟု သိရှိရသည်။
Edgework solutions အကြောင်းကိုအသေးစိတ်သိရှိလိုပါက-(https://www.edgeworks.com.sg/)

Photo Source By Myanmar Tech Press

နိဂုံးအားဖြင့်တက်ရောက်လာသောဧည့်ပရိသတ်များကို ကံစမ်းမဲများချီးမြင့်ပြီး အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။