Built-in partnership Facebook နဲ့ Ray-Ban တို့ရဲ့ Ray-Ban Stories Smart Glasses

နာမည်ကြီး မျက်မှန်တံဆိပ်တစ်ခုဖြစ်တဲ့ Ray-Ban နဲ့ Facebook တို့ပူးပေါင်းပြီး “The New Way To Capture, Share & Listen ဆိုတဲ့အတိုင်း Ray-Ban Stories smart glasses ကို $229 USD နဲ့ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

စမတ်ဖုန်းတွေက ကိုယ်နဲ့အမြဲပါလာနေပေမယ့် ဖက်ရှင်လဲကျ ဒီဇိုင်းလဲမိုက်တဲ့ ဒီလို Smart Glasses မျိုးနဲ့ ကိုယ့်ရဲ့ မြင်ကွင်းတွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ့်အပြင် သီချင်းနားထောင်တာ ဖုန်းအဝင်လက်ခံတာတွေကိုလည်း ပြုလုပ် နိုင်ဦးမှာ ဖြစ်ပါတယ်။

Photo Source https://bit.ly/3li6kmj

Ray-Ban Stories မှာတော့ 5MP Dual Camera တပ်ဆင်ထားပြီးတော့ ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ယူနိုင်ပါတယ်။ 2592×1944 Pixels ရှိတဲ့ အရည်အသွေးမြင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေအပြင် 1184x118x Pixels အရည်အသွေးနဲ့ Video တွေကိုလည်း 30 frames per second နဲ့ ရိုက်ကူးနိုင်မှာပါ။ Dual Camera က ကိုယ့်ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်တွေကို အလိုအလျှောက် ချိန်ညှိပေးပြီး ရိုက်ကူးပေးမှာပါ။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ကူးနေတာကိုလည်း တစ်ခြားသူတွေအနေနဲ့ ကင်မရာဘေးက LED Signal လေးနဲ့သိနိုင်ပါတယ်။ ရိုက်ကူးနေတဲ့အချိန်မှာမီးလင်းနေမှာပါ။

သီချင်းနားထောင်တာတွေ၊ သီချင်းကိုရပ်လိုက်တာတွေ၊ ဖုန်းပြောတာတွေ၊ ဓာတ်ပုံရိုက်တာ၊ ဗီဒီယို ရိုက်တာတွေကိုလဲ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ Ray-Ban Stories က လုပ်ဆောင်ပေး နိုင်ပါတယ်။ Hyper-responsive touchpad ကိုအသုံးပြုပြီးတော့လည်း သီချင်းသံမြှင့်လိုက်တာ နောက်တစ်ပုဒ်ကို ကျော်လိုက်တာ မျိုးလည်း လုပ်လို့ရပါသေးတယ်။ built-in microphone ကလည်း ၃ခု ပါဝင်တဲ့အတွက် ဗီဒီယိုရိုက်ကူးတဲ့အချိန် ပတ်ဝန်းကျင်ကအသံတွေကို သေချာဖမ်းနိုင်သလို၊ ဖုန်းပြောတဲ့ အချိန်မှာလည်း အသံကိုကြည်ကြည်လင်လင်နဲ့ ပြောလို့ရမှာ ဖြစ်ပါတယ်။ Power Switch ခလုတ်လဲပါဝင်ပြီးတော့ ပိတ်ထားလိုက်မယ်ဆိုရင် လုပ်ဆောင်ချက်တွေအားလုံး ဘာတစ်ခုမှသုံးလို့ရမှာ မဟုတ်တော့ပါဘူး။

Facebook Assistant Voice Control ကိုအသုံးပြုပြီးတော့လည်း အသုံးပြုနိုင်ဦးမှာ ဖြစ်တဲ့အတွက် ဖုန်းကို ပြန်ကြည့်ပြီး အချိန်လဲကုန်စရာ မလိုတော့ပါဘူး။ သတိပြုရမယ့်အချက်က Facebook Assistant ကို အင်္ဂလိပ်ဘာသာစကားတစ်မျိုးတည်းနဲ့ပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Hands-Free Mode အဖြစ် “Hay Facebook…” လို့ပြောပြီး “Take A Photo”, “Take A Video”, “Start Recording”, “Capture” ဆိုတာ ပြောလိုက်တာနဲ့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

Photo Source https://bit.ly/3li6kmj

Video အပုဒ် ၃၀ နဲ့ ဓာတ်ပုံပေါင်း ၅၀၀ လောက်သိမ်းထားနိုင်ပါတယ်။ Ray-Ban Stories ကို Black, Black Green, Brown, Polarized Dark Blue, Dark Grey နဲ့ Transitions® Clear/G15 Green အရောင် (၆) မျိုးနဲ့မှာယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုခေတ်ပုံစံ ဒီဇိုင်းနဲ့ လိုက်ဖက်ညီမယ့် မှန်အမျိုးအစားဒီဇိုင်းကို အသုံးပြုထားပြီးတော့ UV Rays နဲ့ Blue Light ကိုလည်း ကာကွယ်ပေးပါတယ်။ ကင်မရာတွေနဲ့ Smart Glasses တစ်ခုဖြစ်တဲ့အတွက် အားသွင်းဖို့ Portable Charging Case ကိုအသုံးပြုပြီး အားသွင်း နိုင်ပါတယ်။

ကိုယ်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုကြည့်ဖို့အတွက် Facebook View App ကို အသုံးပြု ရမှာပါ။ Editing တွေလဲတစ်ခါတည်းလုပ်နိုင်တဲ့အပြင် Instagram, Facebook နဲ့ WhatsApp ကိုလည်း တစ်ခါတည်း Sharing ပြုလုပ်နိုင်သလို Camera Roll ထဲမှာလည်း သိမ်းထားနိုင်ပါသေးတယ်။