ဈေးနှုန်းသက်သာပြီး ဘက်စုံအသုံးပြုနိုင်သည့် vivo Y53s ကို မြန်မာနိုင်ငံတွင် မကြာခင် မိတ်ဆက်တော့မည်

ကမ္ဘာထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီအမှတ်တံဆိပ်ဖြစ်သော vivo သည် Y series အသစ်ဖြစ်သော vivo Y53s ကို မြန်မာနိုင်ငံတွင် မကြာမီ စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သိရသည်။
vivo Y series သည် သုံးစွဲသူများနှင့် လူငယ်များအတွက် အကောင်းဆုံးသော အတွေ့အကြုံများရရှိစေရန်အတွက် အဆင့်မြင့်ကင်မရာများနှင့် အချိန်ကြာအသုံးပြုနိုင်သော စွမ်းအားမြင့် ဘက်ထရီများနှင့်အတူ အကောင်းဆုံး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းအချို့ကို ဈေးကွက်တွင် မိတ်ဆက်ပေးနိုင်ခဲ့သောကြောင့် လူသိများသည့် Series ဖြစ်သည်။ ယခု Y53s အသစ်သည်လည်း စံနှုန်းသစ်များဖြင့် ရောက်ရှိလာရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ Y series အတွက် မြန်မာနိုင်ငံတွင် သိပ်မကြာခင်မိတ်ဆက်တော့မည့် Y53s နှင့် ပတ်သက်၍ သတင်းများ ပေါက်ကြားနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။

Photo Source https://www.vivo.com/en/about-vivo/news

vivo သည် အရည်အသွေးပြည့်ဝသည့် ဆန်းသစ်တီထွင်မှုအတွက် နာမည်ကောင်းရရှိထားသည်နှင့်အတူ ဈေးကွက်တွင် ခေတ်အမီဆုံးနှင့် အဆင့်မြင့်နည်းပညာများကို မိတ်ဆက်ပေးခဲ့သည်။ vivo Y53s စမတ်ဖုန်း အသစ်သည် ဈေးနှုန်းချိုသာစွာဖြင့် စိတ်လှုပ်ရှားဖွယ်၊ ဆန်းသစ်သော လုပ်ဆောင်ချက်များနှင့်အတူ မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။ နာမည်ကျော် Y series ၏ ယခင်စမတ်ဖုန်း များကဲ့သို့ ယခုထွက်ရှိမည့် vivo Y53s ကိုလည်း ငယ်ရွယ်ခေတ်မီသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး ပြီးပြည့်စုံသည့် ဖက်ရှင်အသုံးအဆောင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ယခုထွက်ရှိမည့် Y53s ၏ Specifications နှင့် ပတ်သက်၍ များစွာထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။ သို့သော် Y53s သည် တက်ကြွသောလူငယ်များနှင့် အမြဲသွားလာနေသူများအတွက် လျင်မြန်သည့် စွမ်းဆောင်မှု ပေးနိုင်ပြီး ဘက်စုံအသုံးပြုနိုင်သည့် စမတ်ဖုန်းကောင်းတစ်ခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည့်နှစ်က vivo သည် Eye Autofocus နည်းပညာကို V20 Series တွင် မိတ်ဆက်ခဲ့ပြီး မိုဘိုင်းကင်မရာ နည်းပညာတွင် အခြေခံစံနှုန်းအသစ်များ ချမှတ်နိုင်ခဲ့သည်။ ယခု Y53s တွင်လည်း Social Media အတွက် ပြီးပြည့်စုံသည့် ဓာတ်ပုံများ ရိုက်ကူးနိုင်မည့် Eye Autofocus feature ပါဝင်လာနိုင်ဖွယ်ရှိသည်။

Photo Source https://www.vivo.com/en/about-vivo/news

စမတ်ဖုန်းအားလုံးသည် အခြေခံအားဖြင့် တူညီနေကြပြီး ဆွဲဆောင်မှုမရှိဘဲ ပျင်းစရာကောင်းသည့် အနက်ရောင် စတုဂံပြား ပုံစံများသာ ဖြစ်နေသည်ကို တွေ့ရသည်။ သို့သော်လည်း vivo သည် Y53s တွင် လတ်ဆတ်ပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်နှင့် ခံစားမှုပေးနိုင်ရန်အတွက် အရောင်အသွေးစုံလင်စွာ ရောစပ်ထားသည့် ကိုယ်ထည်ပုံစံနှင့်အတူ စမတ်ဖုန်း ဒီဇိုင်းဂိမ်းပိုင်းကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ထားသည်။ ယခု Y53s ကို Fantastic Rainbow နှင့် Deep Sea Blue နှစ်ရောင်ဖြင့် ထုတ်လုပ်မည်ဟု သတင်းထွက်ရှိထားသည်။
Y series သည် ၎င်း၏ Swift Performance အတွက် လူသိများပြီး အသုံးပြုသူများအတွက် ကြာရှည်ခံသည့် ဘက်ထရီများ၊ အမြန်အားသွင်းနိုင်သည့် နည်းပညာများနှင့်အတူ ကြီးမားသည့် RAM နှင့် Storage Capacity များ ပေးစွမ်းနိုင်ခြင်းသည် Y series အားသာချက်များဖြစ်သည်။ စမတ်ဖုန်း၏ ယုံကြည်စိတ်ချရပြီး တည်ငြိမ်သည့် လုပ်ဆောင်မှုများကြောင့် အသုံးပြုသူများသည် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းများကို လျင်မြန်စွာ လုပ်ဆောင်နိုင်သည့် အတွက် Y series ဖုန်းတစ်လုံး ပိုင်ဆိုင်ထားခြင်းသည် သုံးစွဲသူများ၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ ယခုအသစ်ထွက်ရှိမည့် vivo Y53s သည်လည်း ထိုနည်းလမ်းအတိုင်း စွမ်းဆောင်မှုပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် ဂိမ်းကစားသူများအတွက် စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်ပေးရန်အတွက် သီးသန့် Gaming Mode စနစ် ထည့်သွင်းပါဝင်လာမည်ဟု မျှော်လင့်ရသည်။ vivo ၏ Gaming Mode ကို ယခင်က တွေ့ဖူးခဲ့ပြီဖြစ်ပြီး ဂိမ်းကစားသည့် အတွေ့အကြုံကို သိသိသာသာ ပိုကောင်းစေပြီး Stutters/Lags များကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် vivo Y53s သည် ဈေးသက်သာသော Mid-range ဈေးကွက်တွင် ခိုင်မာသော စွမ်းဆောင်မှုပေးနိုင်မည့် စမတ်ဖုန်းတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

Photo Source https://www.vivo.com/en/about-vivo/news

vivo Y53s ကို တက်ကြွသည့် လူငယ်များ၏ နေ့စဉ်ဘဝကို ပိုမိုပြည့်စုံစေရန်အတွက် ခေတ်မီဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြင့်သည့် စမတ်ဖုန်းတစ်ခုအဖြစ် အထူးဖန်တီးထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး Y53s သည် လူငယ်များအတွက် အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်လိမ့်မည်ဖြစ်သည်။ မကြာသေးမီက ထွက်ရှိထားသည့် သတင်းများအရ Y53s သည် စမတ်ဖုန်းလောကကို ပြောင်းလဲပစ်မည့် ဖုန်းတစ်လုံး ဖြစ်လာနိုင်သည်။ vivo Y53s သည် ယခင် Y series စမတ်ဖုန်းများထက် ပိုမိုကောင်းမွန်သည့် အဆင့်မြင့် Features များ ယူဆောင်လာမည် ဖြစ်သည်။
vivo မှ Y53s ၏ အသေးစိတ်အချက်အလက်များ၊ စတင်ဖြန့်ချိမည့်ရက်နှင့် ဈေးနှုန်းများနှင့် ပတ်သက်၍ မကြာမီ တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ vivo ၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news တွင် ဖတ်ရှုနိုင်သည်။