ကလေးငယ်လေးအတွက် Computer Science ပညာရပ်ကို လေ့လာနိုင်မည့် Platform များအကြောင်း(၂)

Computer Science နယ်ပယ်ဟာ အရင်ကထက် ပိုမိုကျယ်ပြန့်လာသလို နိုင်ငံတကာမှာ ဆိုရင် လဲ Artificial Intelligence ၊ Machine Learning စတာတွေကို လုပ်ဆောင်နေကြပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့လဲ ငယ်ရွယ်စဉ်တည်းကစတင်ပြီး Computer Science ရဲ့အခြေခံသဘောတရားတွေကို နားလည်ထားပြီး ၊ Programming နဲ့အသားကျထားဖို့လိုအပ်နေပါပြီ။
နိုင်ငံခြားမှာ ဆိုရင်တော့ ကလေးငယ်လေးတွေကို အလယ်တန်းလောက်တည်းကစတင်ပြီး Computer Science ပညာရပ် နဲ့ပတ်သတ်တာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ ကြိုတင် လေ့လာစေပါတယ်။ အထက်တန်းလောက်ရောက်ပြီဆိုတာနဲ့ ကျောင်းသား ကျောင်းသူတွေဟာ HTML , CSS , JavaScript တို့လို ပညာရပ်တွေကို လေ့လာကြနေပြီဖြစ်ပြီး ၊ Website တစ်ခုကို ကောင်းကောင်းမွန်မွန် ဘယ်လိုရေးရမလဲဆိုတာ သိရှိနေကြပြီဖြစ်ပါတယ်။

Photo Source https://web.facebook.com/RainbowTechnology.Myanmar/posts/563482335072510

(၁) Tinkercad
အခုပြောပြပေးသွားမယ့် Platform လေးရဲ့နာမည်ကတော့ Tinkercad ပဲဖြစ်ပါတယ်။ Tinker ရဲ့ မြန်မာလို အဓိပ္ပာယ်က တော့ လက်ဆော့ခြင်း လို့ အဓိပ္ပာယ်ရပြီးတော့ cad ရဲ့ အရှည် ကောက်ကတော့ Computer Aided Program ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Tinkercad ကိုဘာသာပြန်လိုက်မယ်ဆိုရင် လက်ဆော့လို့ရတဲ့ Computer Aided Program ဆိုပြီး ဖြစ်နေမှာပါ။ အရင်အပတ်က ပြောသွားခဲ့တဲ့ Code org နဲ့ MIT Scratch တို့ဟာ ပြီးပြည့်စုံတဲ့ Leaning Platform တွေဖြစ်တယ်ဆိုတာအာမခံပါတယ်။ ဒါပေမယ့် အကြိုက်ဆုံးကိုပြောရမယ်ဆိုရင် Tinkercad ကိုပြောပြပေးချင်ပါတယ်။ Tinkercad ဟာလဲ free ဖြစ်ပြီးတော့ Web Browser တွေပေါ်မှာ Runs လို့ တဲ့ 3D Modeling Program ပဲဖြစ်ပါတယ်။ TinkerCAD ကို Google Engineer ဟောင်းတစ်ဦးက ဖန်တီးခဲ့ပြီး 2011 ခုနှစ်ကမှစပြီးပေါ်ပေါက်လာတာဖြစ်တဲ့ အတွက် ခေတ်မီတဲ့ Learning Platform တစ်ခုဆိုတာ မလွဲသေချာပဲဖြစ်ပါတယ်။ သူ့ရဲ့ Official Website ကတော့ https://tinkercad.com ပဲဖြစ်ပါတယ်။
Tinkercad ဟာ သူ့ရဲ့ 3D Graphic Design တွေကြောင့် ကလေးငယ်တွေအတွက်စြဲမက်စရာဖြစ်နေပါတယ်။ သူ့မှာ အဓိကအားဖြင့် 3D Designs နဲ့ Circuits ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။ 3D Designအပိုင်းမှာတော့ 3D ပုံစံ Shapes လေး တွေနဲ့ မိမိတို့စိတ်ကြိုက်ပုံဖော်နိုင်ပြီး ကလေးငယ်တွေရဲ့ Creativity ကို အစွမ်းကုန် မြင့်တင်ပေးထားတာကိုတွေ့ရပါတယ်။ Circuit အပိုင်းမှာကတော့ ကလေးငယ်တွေ အနေနဲ့ လျှပ်စီးပတ်လမ်းအကြောင်းတွေိအပြင် ၊ Arduino ပညာရပ်တွေကိုပါ အခြေခံကနေစပြီး ‌လေ့လာနိုင်ပါတယ်။ ဒီအပိုင်းမှာ Battery အကြောင်း ၊ Resistor တွေ ၊ Wiring အကြောင်းတွေ ၊ Arduino UNOရဲ့ ဖွဲ့စည်းပုံတွေကိုလဲ လေ့လာလို့ရတာဖြစ်ပါတယ်။ လေ့လာရာမှာလဲ Tinkercad ရဲ့ Simulation Graphic ဟာ ကောင်းမွန်လှတဲ့ အတွက် ကလေးငယ်တွေ အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။
ကျန်ရှိတဲ့ Platform တွေကိုတော့ ၎င်းတို့ရဲ့ နာမည်နဲ့ Website URL များကို ဖော်ပြပေးသွားပါ့မယ်။
(၂) CodeCombat
https://codecombat.com
(၃) Blockly
https://blockly.games
(၄) Swift Playgrounds
ဒီတစ်ခုကတော့ Apple Company ကနေ Develop လုပ်ထားတာဖြစ်ပြီး UI ပိုင်းဆိုင်ရာ သာလွန်ကောင်းမွန်ပါတယ်။ သို့သော် iPad, Mac စတဲ့ iOS device တွေမှာပဲ အသုံးပြုလို့ရပါတယ်။
https://apple.com/swift/playgrounds
(၅) SoloLearn
https://sololearn.com
(၆) Scratch Junior
https://scratchjr.org
စတဲ့ Platforms တွေပဲဖြစ်ကြပါတယ်။