RUN-X Delivery Service ရဲ့ဝန်ဆောင်မှုများအကြောင်း

အချိန်တိုင်း အချိန်တိုင်းမှာ အကောင်းဆုံးတွေပေးစွမ်းနိုင်ရန်ကြိုးစားနေသည့် RUN-X Delivery Service ဝန်ဆောင်မှုများ အကြောင်းကို ဖော်ပြလိုပါတယ်။ Delivery ဝန်ဆောင်မှုများနဲ့ ပတ်သတ်ပြီး အခက်အခဲအားလုံးကို RUN-X Delivery နှင့်လက်တွဲပြီး အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။
Online Shop မှ ပစ္စည်းတွေကို အပျက်အစီးအထိအခိုက် ကင်းကင်းဖြင့် ပို့ဆောင်ပေးနိုင်ရန် RUN-X Delivery Service မှတာဝန်ယူပေးနေပါပြီ။ မှန်ကန်ခြင်း၊ မြန်ဆန်ခြင်း၊ တိကျခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ခြင်း၊ စိတ်ရှည်သည်းခံခြင်းတွေအပြင် ငွေကိုလည်း ကြိုရှင်းပေးသည့် အကောင်းဆုံးဝန်ဆောင်မှု့များကို RUN-X Delivery Service မှာရရှိမှာလည်းဖြစ်ပါတယ်။
RUN-X Delivery Service ဝန်ဆောင်မှုတွေကတော့ 3 kg တစ်ပေပတ်လည် ပစ္စည်းများအတွက် ဝန်ဆောင်မှု့ပေးပါသည် ။( သတ်မှတ်ထားသော Kg ကျော်ပါက 1kg ကျော်တိုင်း ၅၀၀ ကျပ်အပိုကောက်ခံပါမည်)ပစ္စည်းကောက်ယူရန် တစ်ရက်ကြိုတင်၍ အသိပေးရပါတယ်။ Order လက်ခံချိန်ကတော့ ( 9:00 AM မှ 6:00 PM) အထိဖြစ်ပါတယ်။
ပစ္စည်းလာရောက်ကောက်ခံချိန်ကတော့ ( 10:00 AM မှ 4:00 PM) ဖြစ်ပြီး ပစ္စည်းပို့ချိန်ကတော့ ( 9:30 AM မှ 5:30 PM) ပစ္စည်းကောက်ယူပြီး နောက်ရက်မှစ၍ သုံးရက်အတွင်း အရောက်ပို့ဆောင်ပေးပါတယ်။ကွဲရှကျိုးပဲ့လွယ်သော ပစ္စည်းများကို စနစ်တကျထုတ်ပိုးပြီး သတိပေးစာကပ်ပေးရန်လိုအပ်ပါတယ်။ ပစ္စည်းလက်ခံမည်သူ၏ အမည် လိပ်စာ ဖုန်းနံပတ် အတိအကျရေးပေးရမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/runxdelivery/?ref=page_internal

RUN-X Delivery ကြောင့်ဖြစ်ပေါ်လာသော ပစ္စည်းပျက်စီးဆုံးရှုံးမှု့များကို အပြည့်အဝတာဝန်ယူပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းလက်ခံချိန်တွင် လက်ခံသူမှ စစ်ဆေးခြင်းမရှိပဲ နောက်မှ ဖြစ်ပေါ်လာသော မည်သည့်ပြသနာကိုမှ တာဝန်ယူပေးမည် မဟုတ်ပါ )
ပစ္စည်းလက်ခံမည့်သူမှ ဖုန်းမကိုင် ၊ ဖုန်းစက်ပိတ် စသောလက်ခံရန်ပျက်ကွက်သည့် အကြောင်းအရာများရှိလာပါက အပ်နှံသူမှ ပြန်လည်တာဝန်ယူပေးရပါမယ်။ (ပစ္စည်းမပို့မှီ ကြိုတင်၍ ဖုန်းဆက်ပေးမည်ဖြစ်ပြီး သုံးကြိမ်ခေါ်သည့်အထိ လက်ခံဖြေကြားခြင်းမရှိပါက နောက်တနေ့မှသာ ပြန်လည်၍ ပို့ဆောင်ပေးပါမည်)
စာတိုက်ပို့မည့် ပစ္စည်းများတွင် တန်ဆာခ တပါတည်း ထည့်ရှင်းပေးရပါမည်။ ( တန်ဆာခ + စာတိုက်တွင်ပေးရသည့် ပါကင်ထုတ်ခ) ပစ္စည်း၏ အရည်အသွေးပိုင်းနှင့်ဆိုင်သော ကိစ္စများအား အပ်နှံသူမှသာ တာဝန်ယူဖြေရှင်းပေးရပါမယ်။
Return ပစ္စည်းများကို တစ်ပတ်အတွင်း အပ်နှံသူထံ အခမဲ့ ပြန်လည်၍ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ပစ္စည်းလာရောက်ကောက်ယူလျှင် အိမ် (သို့) ရုံးခန်း (သို့) ဆိုင်ခန်းတွင်သာ ကောက်ယူပေးပါမည်။ ဥပဒေနှင့်မလွတ် ကင်းသော ပစ္စည်းများကို လုံးဝ (လုံးဝ)ပို့ဆောင်ပေးမည်မဟုတ်ပါ ၊ လိုအပ်ပါက ဖွင့်ဖောက်စစ်ဆေးမှု့ပြုလုပ်မည်ဖြစ်ပြီး အပ်နှံသူမှ ကြည်ဖြူစွာ လက်ခံရပါမယ်။

Photo Source https://web.facebook.com/runxdelivery/?ref=page_internal

တနင်္ဂနွေနေ့တိုင်း ရုံးပိတ်ပါတယ်။(သုံးရက်အတွင်း အရောက်ပို့ပေးရာတွင် တနင်္ဂနွေနေ့ကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါ) ရုံးချိန်ပြင်ပ အချိန်များတွင် Page Chat Box မှ အလျဉ်းသင့်သလို စာပြန်ပေးသွားမှာဖြစ်ပါတယ်။ လိပ်စာကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
Office Adress : No.203,Dana Aung Street,Thuwana 29 ward,Thingangyun Tsp,Yangon.
Phone 09759759755, 09759759756, 09759759757, 09682818188
အောက်ပါ Link မှ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/runxdelivery/?ref=page_internal