ကျန်းမာရေးဝန်ဆောင်မှုများအတွက် အိမ်တိုင်ရာရောက် ကြည့်ရှုပေးသော ဆေးခန်း Page များ

ယခုလို Covid-19 တတိယလှိုင်းကာလမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် ကြည့်ရှုပေးနိုင်မယ့် ဆေးခန်း တွေကို ပြည်သူများအနေနဲ့ မဖြစ်မနေသိသင့်ထားသင့်ပါတယ်။ ဒါမှလည်း မိသားစုတွင်းမှာ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက် တစ်ခုခု ကြုံတွေ့လာရပါက အလွယ်တကူဆက်သွယ်အကူအညီတောင်းလို့ရနိုင်မှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/hanthapharma/

(၁) Hantha Pharmacy
Hantha Pharmacy ဆေးခန်းကတော့ ရန်ကုန်မြို့တွင်း ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် ဝန် ဆောင် မှုပေးနေတဲ့ ဆေးခန်းတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆေးခန်းကတော့ Nasal prongs oxygen,Reservoir bag တွေလည်းလှူပေးနေပါတယ်။ အခြားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုလည်း ပေးဆောင်နေတဲ့ ဆေးခန်းတစ်ခုလည်း ဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် လေ့လာနိုင်ပါတယ်။
https://www.facebook.com/hanthapharma/
(၂) Doctors on Wheel
Doctors on Wheel ဆေးခန်းကတော့ ဆရာဝန်နှင့်သူနာပြုမှ cap , goggle, face shield, gown, glove အပြည့်အစုံဝတ်ပြီး Non fever patients များကိုကြည့်ပေးမှာဖြစ်ပါတယ်။ ဆရာဝန်ပင့်တဲ့အခါ ဆရာဝန်တယောက် nurse နှစ်ယောက် Doctors On Wheels စတစ်ကာ ကပ်ထားသော အဖွဲ့ ကားဖြင့် လာရောက်ကုသပေးမှာဖြစ်ပါတယ်။ Emergency Box ခေါ် အရေးပေါ် ကုသရန် ထိုးဆေး များDrip များလည်း တပါတည်းပါပါတယ်။ စနေတနင်္ဂနွေနဲ့ အခြား holiday များတွင်တော့ PG doctor ဟုခေါ်သော ဘွဲ့လွန် သင်တန်း တက်နေသော ဆရာဝန်များမှ ကြည့်ရှု ကုသပေးပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/doctorsonwheelsmobilehealthcareservices/

Photo Source https://www.facebook.com/Covi-Care-108916631458865/

(၃) Covi-Care
Covi-Care အွန်လိုင်းဆေးခန်းဝန်ဆောင်မှုကလည်း ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေအတွက် အိမ်တိုင်ရာရောက် လိုက် လံကုသပေးနေတဲ့ ဆေးခန်းတစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/Covi-Care-108916631458865/
(၄) ဒေါက်တာသွေး
ဒေါက်တာသွေး ဆေးခန်းကတော့ ရန်ကုန်မြို့တွင်း မြို့နယ်တွေ အလိုက် Home visit လိုက်ကြည့်ပေးနိုင်မဲ့ ဖုန်းနံပါတ်တွေ ကို အသေးစိတ်ဖော်ပြပေးထားပါတယ်။ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုအတွက် အကောင်းဆုံး Page တစ်ခုပဲ ဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/ygnhealthcareservice/
(၅) Housecall Doctors Network
Housecall Doctor Network ကတော့ အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးသော အဖွဲ့အစည်း ဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/HDNHealthcare/
(၆) Health care service by Nay & Me
လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဆေးရုံ ဆေးခန်း သွားရန် ခက်ခဲသူများ , အရေးပေါ်အခြေအနေများအတွက် ကုသရန် လိုအပ်သည့် ညွှန်ကြားမှုများ အတွက် Page Chat Box မှာ ကျန်းမာရေး စောင့်ရှောက်မှု့များနဲ့ ကျန်းမာရေးနှင့် ပတ်သက်သမျှ သိလိုရာကို အခမဲ့မေးမြန်းနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှဝင်ရောက် ကြည့်ရှုနိုင် ပါတယ်။
https://www.facebook.com/story.php?story_fbid=102669298753690&id=102645218756098
(၇) Online Consultation for Covid, General Health တယ်လီကျန်းမာPage
ကိုဗစ်-၁၉ လူနာများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Chanal ကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအတွင်း အခမဲ့ဝင်ရောက်မေးမြန်းနိုင်တဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် ကြည့် ရှုနိုင်ပါတယ်။
https://www.facebook.com/telehealthmm