Samsung Galaxy Note 20 စမတ်ဖုန်းသစ်များအတွက် Pre-order များအား စတင်လက်ခံလျက်ရှိ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်ရောင်းချသော ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Samsung ၏ Global Galaxy Unpacked အခမ်းအနားအား သြဂုတ်လ ၅ ရက်တွင် အွန်လိုင်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး အဆိုပါ အခမ်းအနားမှတစ်ဆင့် ၎င်း၏ နောက်ဆုံးပေါ် နည်းပညာမြင့် Samsung Galaxy Note 20 စမတ်ဖုန်းစီးရီးများအား တစ်ကမ္ဘာလုံးထံ တရားဝင် မိတ်ဆက်ခဲ့ကြောင်းသိရသည်။
ဤ Samsung Galaxy Note 20 စမတ်ဖုန်း မျိုးဆက်သစ်သည် ယခင် Note စမတ်ဖုန်းများအား ပြန်လည်ဆန်းသစ် အဆင့်မြှင့်တင်ထားသည့် စမတ်ဖုန်း တစ်ခုဖြစ်သည့်အတွက် သုံးစွဲသူများသည် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ၊ အပန်းဖြေ အနားယူရာတွင် ဖြစ်စေ အကောင်းမွန်ဆုံး စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်ကာ လူနေမှု ဘဝပုံစံ အမျိုးမျိုး အတွက် အမြင့်မားဆုံးသော စွမ်းဆောင်ရည်များဖြင့် ကူညီထောက်ပံ့ ပေးသွားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com

ဤ အဆင့်မြင့် စမတ်ဖုန်းအသစ်အား ကြိုတင်မှာယူလိုသည့် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Samsung မြန်မာသည် သြဂုတ်လ ၆ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ကြိုတင်မှာယူမှုများအား စာရင်းကောက်ခံ ပေးသွားမည် ဖြစ်သည်။
ကြိုတင်မှာယူမှုဈေးနှုန်း မြန်မာငွေကျပ် ၁,၂၉၉,၀၀၀ ကျသင့်မည် ဖြစ်သော Samsung Galaxy Note 20 စမတ်ဖုန်းအား Mystic Bronze (ကြေးရောင်)၊ Mystic Gray (မီးခိုးရောင်) နှင့် Mystic Green (အစိမ်းရောင်) အရောင် ၃ ရောင် အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မည် ဖြစ်ကာ ကြိုတင်မှာယူမှု ဈေးနှုန်း မြန်မာငွေကျပ် ၁,၆၅၉,၀၀၀ ကျသင့်မည် ဖြစ်သော Samsung Galaxy Note 20 Ultra စမတ်ဖုန်းအား Mystic Bronze (ကြေးရောင်)၊ Mystic Black (အနက်‌ရောင်) နှင့် Mystic White (အဖြူရောင်) အရောင် ၃ ရောင်အနက် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မည် ဖြစ်သည်။
အဆိုပါ စမတ်ဖုန်း အမျိုးအစား ၂ မျိုးလုံးတွင် အဆင့် မြှင့်တင်ထားသော S Pen နှင့် S Note၊ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ၊ ဖုန်းနှင့် မော်နီတာမျက်နှာပြင်အား ချိတ်ဆက်၍ ကွန်ပြူတာ တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် Samsung DeX လုပ်ဆောင်ချက် နှင့် တစ်နေ့တာလုံး စိတ်တိုင်းကျ အသုံးပြု နိုင်မည့် all-day intelligent battery အပါအဝင် အဆင့်မြှင့်တင်ထားသော နောက်ဆုံးပေါ် လုပ်ဆောင်ချက်များကိုလည်း ထည်သွင်းပေးထားသည်။

Photo Source http://news.samsung.com

ကြိုတင်မှာယူလိုသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးသည်နှင့် Samsung Galaxy Note 20 စမတ်ဖုန်းသစ်များအား လာမည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့ အတွင်း ၎င်းတို့ ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် သွားရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ကြိုတင်မှာယူထားသူများသည် Samsung Myanmar မှ ပေးအပ်သော အပိုထပ်ဆောင်း လက်ဆောင်များ အနေဖြင့် Galaxy Note 20 Ultra စမတ်ဖုန်းများအား ကြိုတင်မှာယူပါက Galaxy Buds Live နှင့် Galaxy Note 20 စမတ်ဖုန်းများအား ကြိုတင်မှာယူပါက Galaxy Buds+ တို့အား အသီးသီး ရရှိသွားမည် ဖြစ်သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိသည်။
ပိုမိုပြည့်စုံစွာသိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။