ဘက်စုံအသုံးပြုနိုင်သည့်အတွက် ဈေးကွက်ထဲတွင် ဆက်လက်ရောင်းအားကောင်းနေသည့် HUAWEI Y6p

စမတ်ဖုန်း ထုတ်လုပ်သူတွေ အနေနဲ့ တစ်နှစ်တခါ မရိုးမအီရအောင် အဆန်းသစ်ဆုံး Flagship စမတ်ဖုန်းတွေ ကြေညာပေးလေ့ရှိတယ် ဆိုပေမယ့် ပြိုင်ဆိုင်မှု အားကောင်းလာတဲ့ နောက်ပိုင်း အမျိုးမျိုးသော ဖုန်းတွေ မြင်တွေ့လာရပါတယ်။ ဈေးကွက် ဝယ်လိုအားများနေတာတပိုင်း ယခု 2020 နှစ်လယ်ပိုင်းထဲမှာကိုပဲ Entry Level အပြင် Budget, Mid-range အစားစားသော စမတ်ဖုန်းတွေ မိတ်ဆက်နေကြပါတယ်။ အဲ့ဒီထဲကမှ မြန်မာငွေ ၁သိန်း၇သောင်း ၉ ထောင်ပဲ ကျသင့်မယ့် ဖုန်းတစ်လုံးနဲ့ မိတ်ဆက်ပေးလိုပြီး ထူးခြားချက်တချို့ပါ တပါတည်း ဖော်ပြလိုပါတယ်။
ပထမဦးစွာ စကားချည်လိုတာက သုံးစွဲသူအများစု တွေးထင်ထားတာက ဈေးသက်သာတဲ့ Entry Level ဖုန်းတစ်လုံးဟာ ခေတ်မီတဲ့ ဒီဇိုင်း ဒါမှမဟုတ်ရင် နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားမယ်/ပါဝင်မယ်လို့ တွေးမထားကြပါဘူး။ HUAWEI Y6p မှာ 5,000 mAh Battery အသုံးပြုထားပြီး အခြားစမတ်ဖုန်းအမှတ်တံဆိပ်တွေမှာတော့ 4,000 mAh ဝန်းကျင် Battery သာ ပါဝင်လို့ သူ့ဈေး၊ သူ့တန်ဖိုး အနေထားနဲ့ဆိုရင် ဘက်ထရီပမာဏ အများဆုံး ပိုင်ဆိုင်ထားတာပါ။ ပြီးတော့လည်း သိုလှောင်မှု Storage ပမာဏ အနေနဲ့ ခိုကပ်ထားခြင်းမရှိဘဲ တစ်သိန်းခွဲပတ်ချာလည် ဈေးတန်းမှာ 4GB RAM နဲ့ 64GB Memory ကို အသုံးပြုပေးထားတာလည်း တွေ့ရပါတယ်။
သုံးစွဲသူအများစုဟာ အသုံးပြုချင်တဲ့ App တွေ Download ဆွဲဖန်များရင် Personal Data ဖြစ်တဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ အစရှိတာတွေနဲ့ ရောလာတဲ့အခါ Entry Level ဖုန်းတစ်လုံးအတွက် ပါဝင်တတ်တဲ့ 32GB Storage ဟာ မလောက်မင မှုတွေ ဖြစ်လာတတ်ပါတယ်။ အခြားဈေးတန်းတူတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေမှာဆိုလျင် 32GB ပမာဏသာ ပါဝင်ပြီး System Partition နဲ့ System Apps တို့ ပြန်ခွဲထုတ်လိုက်ရင် စမတ်ဖုန်းမှာ အသုံးပြုနိုင်တဲ့ Storage ပမာဏက 20GB ဝန်းကျင်သာ ကျန်ပါတော့တယ်။ တကယ်လို့သာ သုံးစွဲသူအနေနဲ့ ဓာတ်ပုံအရိုက်များတယ်၊ Apps မှအပ တခြား Media File တွေ Download ဆွဲသုံးတတ်သူမျိုးဆိုရင် ဖုန်းထဲဖိုင် ဖျက်လိုက် ၊ အသစ်ဆွဲလိုက် ပြန်ဖျက်လိုက်နဲ့ သံသရာရှည်နေမှာပါ။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI Y6p မှာ 4GB RAM နဲ့ 64GB Storage ပါဝင်သလို အခြားဈေးတန်းတူဖုန်းတွေရဲ့ နှစ်ဆ အသုံးပြုထားတာ ဖြစ်တဲ့အတွက် နေ့စဉ်လိုအပ်ချက် မှန်သမျှ အထွေထူး မရှိဘဲ ဖြည့်ဆည်းနိုင်မှာပါ။ တကယ်လို့များ ထပ်ဖြည့်ချင်တယ်ဆိုရင် microSD Slot ကနေ 512GB ပမာဏအထိ တိုးချဲ့နိုင်ဦးမှာပဲဖြစ်တဲ့အတွက် Huawei Y6p ဟာ လက်ရှိဈေးတန်းမှာ RAM နဲ့ Storage ပိုင်းအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖုန်းတစ်လုံးဖြစ်နေတာပဲဖြစ်ပါတယ်။
ဒုတိယ အားသာချက်တရပ်ကတော့ Battery ပမာဏဖြစ်ပြီး Entry Level ဖုန်းတွေမှာ မြင်ရလေ့ရှိတဲ့ 4,000 mAh Capacity ထက် ပိုများတဲ့ Battery ကို တပ်ဆင်ပေးထားတယ်။ 5,000 mAh ပမာဏနဲ့အတူ အခု မြန်မာငွေ တစ်သိန်းခွဲ ဝန်းကျင်တန်းမှာ အများဆုံး Capacity ပိုင်ဆိုင်ထားတဲ့ Y6p ဟာ Reverse Charging စနစ်ကိုလည်း ထောက်ပံ့ထားပါတယ်။ အဆိုပါ Reverse Charging အသုံးပြုဖို့ OTG Cable တစ်ခုသာ လိုအပ်မှာဖြစ်ပြီး စမတ်ဖုန်းကို Power Bank သဖွယ် အသုံးပြုစေနိုင်မှာပါ။ ဒါ့အပြင် လျှင်မြန်တဲ့ Data Backup Feature တစ်ခုကိုလည်း ထည့်သွင်းပေးထားလို့ အရေးကြီးတဲ့ Data မှန်သမျှ 60Mb/s နှုန်းနဲ့ Quick Data Backup လုပ်ဆောင်ချက်ကို သုံးလို့ရပါသေးတယ်။
Display ပိုင်းအရဆိုရင်လည်း HUAWEI ရဲ့ Y6p မှာ ဆိုရင် 6.3” ရှိ LCD Screen အသုံးပြုထားပြီး Dewdrop Display နဲ့ မြင်တွေ့ရမယ့် Y6p ဟာ ကျော့ရှင်းလှပတဲ့ Display ဖွဲ့နွဲ့မှုနဲ့ ဆွဲဆောင်မှု ရှိစေမှာပါ။ Dewdrop Notch အတွင်းမှာ 2.65mm အရွယ်စားရှိ Front Camera ပါရှိမှာဖြစ်ပြီး Panel ဒီဇိုင်းဟာ 88.4% Screen-to-body Ratio ပိုင်ဆိုင်ထားပါတယ်။ အလားတူ Virtual Keys တွေကို လွယ်လင့်တကူ သုံးနိုင်အောင် စီမံထားတဲ့အတွက် Gaming Experience ပိုင်းအတွက် အဆင်ပြေတယ်။ Viewing Experience ကျယ်ပြန့်တဲ့အတွက် ရုပ်ရှင်ကြည့်တာနဲ့ Web Browsing အတွက်လည်း သင့်လျော်တာပါ။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI Y6p စမတ်ဖုန်းဟာ HUAWEI Mobile Services ကိုအသုံးပြုထားပြီး နေ့စဉ်အသုံးပြုနိုင်သော Application များကို Download ရယူနိုင်ရန် HUAWEI ၏ ကိုယ်ပိုင် App Store ဖြစ်သော HUAWEI App Gallery မှတစ်ဆင့် Download ရယူအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ထို့အပြင်လည်း သန်းပေါင်းများစွာသော App တွေကို အလွယ်တကူရှာဖွေပြီး ဒေါင်းလုဒ်ရယူနိုင်ဖို့အတွက်လည်း Petal Search Application ကို HUAWEI App Gallery တွက် Download ရယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Petal Search မှတစ်ဆင့်လည်း Find Apps Widget ကို ထုတ်ယူအသုံးပြုပြီး ကိုယ့်ရဲ့ဖုန်း Home Screen မှလည်း မိမိလိုအပ်သော Application များကို အချိန်ကုန်သက်သာပြီး လွယ်ကူစွာရယူနိုင်မည့် ဝန်ဆောင်မှုအသစ်ကိုလည်း ရရှိဦးမှာဖြစ်ပါသည်။
တန်ဖိုးသင့် Y6p ကို Phantom Purple ၊ Emerald Green နဲ့ Midnight Black အစရှိတဲ့ အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာပါ။ အဆိုပါ စမတ်ဖုန်းကို မြန်မာငွေ ၁၇၉,၀၀၀ ကျပ်နဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ၊ အထက်မှာ ဖော်ပြခဲ့တဲ့ Features တွေအတိုင်းဆိုရင် 2020 ပထမနှစ်ဝက်အတွင်း မိတ်ဆက်ခဲ့တဲ့ Entry Level ဖုန်းတွေထဲမှာ Overall Performance နှိုင်းယှဉ်ရင် အကောင်းဆုံးထဲကတစ်ခုလို့ ဆိုရမှာပါ။
ဒီထက် ပိုရိုးရှင်းတာ ပြောရရင်တော့ မြန်မာငွေ နှစ်သိန်းအောက်နဲ့ ကိုယ့်လိုအပ်ချက်နဲ့ အပြည့်ဝဆုံး ဖုန်းတစ်လုံးကို ညွှန်ပြပါဆိုရင် HUAWEI Y6p လို့ ဆိုရမှာပဲဖြစ်ပါသည်။