Huawei ၏ အထူး Promotion အစီအစဉ်မှ ဆုလက်ဆောင်များရယူနိုင်

သြဂုတ်လအတွက် Huawei ၏ “Back To School Lucky Draw” အစီအစဉ်အနေဖြင့် သြဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မည်သည့် HUAWEI ထုတ်ကုန်ပစ္စည်းကိုမဆို ဝယ်ယူသူတိုင်းအတွက် ပထမဆု – HUAWEI MateBook D 15 (၂) ဆု၊ HUAWEI Watch GT 2 (၅) ဆုနှင့် HUAWEI Band 4 (၅၀)ဆုတို့ကို ကံထူးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် သတ်မှတ်ထားသောထုတ်ကုန်များဖြစ်သည့် HUAWEI nova 7i၊ HUAWEI MateBook D 15၊ HUAWEI MateBook D 14 နှင့် HUAWEI MatePad တို့ကိုဝယ်ယူသူများအတွက် Bluetooth Headset လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ အရေအတွက်အကန့်အသတ်နဲ့ Promoter ဆိုင်များတွင်သာ ရရှိနိုင်မှာဖြစ်ပါတယ်။
ဝယ်ယူမယ်ဆိုရင် Bluetooth Headset ရရှိနိုင်မည့်ထုတ်ကုန်များဖြစ်သည့် HUAWEI nova 7i၊ HUAWEI MateBook D 15၊ HUAWEI MateBook D 14 နှင့် HUAWEI MatePad တို့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
ပါးလွှာပြီး သေသပ်လှပတဲ့ သတ္တုကိုယ်ထည်ကို အသုံးပြုထားပြီး သေးသွယ်သောဘေးဘောင်နှင့် (၁၄) လက်မရှိတဲ့ FullView Display မြင်ကွင်းကျယ်နှင့် AMD Ryzen7 3700U Processor တပ်ဆင်ထားတဲ့ HUAWEI MateBook D 14 က လုပ်ငန်းခွင်အသုံးချမှုပိုင်းမှာပိုမိုအဆင်ပြေစေမှာပါ။ စွမ်းဆောင်ရည်ပိုင်းအတွက် MateBook D 14 တွင် AMD Ryzen 7 3700U Processor နှင့် Radeon Vega 10 Graphics တို့အသုံးပြုထားပြီး 56Wh (Watt-hour) ဘက်ထရီထည့်သွင်းပေးထားတာကြောင့် အားအမြန်ကုန်မှာစိတ်ပူစရာမလိုပါဘူး။ HUAWEI MateBood D 14 ကို ကန်ဒေါ်လာ ၆၉၉ (နှင့်ညီမျှသော မြန်မာကျပ်ငွေ) နှင့် ဝယ်ယူရရှိနိုင်ပါတယ်။
ထုတ်ကုန်အကြောင်းအသေးစိတ်ကို https://consumer.huawei.com/mm/laptops/matebook-d-14-amd/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

ပေါ့ပါးသောကိုယ်ထည်နှင့် အကြမ်းခံပြီး အထာကျသောဒီဇိုင်းနှင့် HUAWEI MateBook D 15 တွင် 12nm AMD Ryzen™ 5 3500U processor ပြီး GPU အတွက် AMD Radeon Vega 8 Graphics ကိုအသုံးပြုထားတာကြောင့် ကောင်းမွန်သောရုပ်ထွက်နှင့် စွမ်းဆောင်ရည်ကိုအထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် သေးသွယ်သောဘေးဘောင်တို့ဖြင့် မြင်ကွင်းကျယ် FullView Display နှင့်ကျစ်လစ်သောကိုယ်ထည်ကြောင့် သယ်ဆောင်ရတာလည်းပေါ့ပါးလွယ်ကူပါတယ်။ HUAWEI MateBook D 15 ကို ကန်ဒေါ်လာ ၅၉၉ (နှင့်ညီမျှသောမြန်မာကျပ်ငွေ) နှင့် ဝယ်ယူရရှိနိုင်ပါတယ်။
ထုတ်ကုန်အကြောင်းအသေးစိတ်ကို https://consumer.huawei.com/mm/laptops/matebook-d-15-amd/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သင်ကြားရေးနှင့်လုပ်ငန်းခွင် အသုံးပြုမှုအတွက်ပါသင့်တော်ကောင်းမွန်သည့် တက်ဘလက်အမျိုးအစားအသစ် ကတော့ HUAWEI MatePad ပဲဖြစ်ပါတယ်။ Huawei MatePad တွင် အသုံးပြုရပိုမိုမြန်ဆန်ချောမွေ့စေရန် 7nm Kirin 810 Processor အသုံးပြုထားပြီး GPU Turbo 3.0 ကိုလည်း အထောက်အပံ့ပြုလုပ်ထားတာကြောင့် ဂိမ်းကစားရာတွင်လည်း အကောင်းဆုံးအတွေ့အကြုံကို ခံစားရရှိစေမှာဖြစ်ပါတယ်။ 7250 mAh ဘက်ထရီကိုအသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုမှုနှင့် အင်တာနက်အသုံးပြုမှုများကို ၁၂ နာရီဆက်တိုက် ပြုလုပ်နိုင်စွမ်းရှိမှာဖြစ်ပြီး ပြန်လည် အားသွင်းရန်အတွက် 10W Charger တစ်ပါတည်းပါဝင်မှာဖြစ်ပါတယ်။ HUAWEI MatePad ကို မြန်မာကျပ်ငွေ ၅၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီး ဝယ်ယူသူ တိုင်းအတွက် HUAWEI M-Pencil နှင့် Keyboard ကိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။
ထုတ်ကုန်အကြောင်းအသေးစိတ်ကို https://consumer.huawei.com/mm/tablets/matepad/ မှာ ဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI nova 7i စမတ်ဖုန်းများတွင် 7nm Chip အမျိုးအစားဖြစ်သည့် Kirin 810 SOC နှင့် 8GB RAM နှင့် 128 GB Storage နှင့် လျင်မြန်စွာအားပြန်လည်ဖြည့်တင်းနိုင်မည့် 40W Super-Fast Charging နည်းပညာကို အသုံးပြုထားပါတယ်။ ဒါ့အပြင် HUAWEI nova 7i ၏ ကျောဖက် quad camera တွင် 48MP ပင်မကင်မရာ၊ 8MP ultra wide-angle lens၊ 2MP macro lens နှင့် 2MP bokeh lens တို့ကို အသုံးပြုထားပါတယ်။ HUAWEI nova 7i ကို အရောင်အသစ်ဖြစ်သော Skyline Gray နှင့် Sakura Pink၊ Midnight Black၊ Crush Green တို့ကို မြန်မာကျပ်ငွေ ၃၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ထုတ်ကုန်အကြောင်းအသေးစိတ်ကို https://consumer.huawei.com/mm/phones/nova-7i/ မှာ ဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။ Huawei မှ သြဂုတ်လအတွက် Promotion အစီအစဉ်ကို သြဂုတ်လ (၁) ရက်နေ့မှ သြဂုတ်လ (၁၅) ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပါတယ်။