လူငယ်တွေရဲ့ အိပ်မက်တွေကို အသက်သွင်း‌ပေးမယ့် Samsung ရဲ့ Galaxy Campus Friends အစီအစဉ်

အခွင့်အရေးအသစ်တွေကို အမြဲတမ်းရှာဖွေနေပြီး အိပ်မက်တွေကို အသက်သွင်းရင်း Universe အသစ်တစ်ခုကိုဖန်တီးချင်တဲ့ လူငယ်တိုင်းအတွက် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့ “Galaxy Campus Friends” အစီအစဥ်ကို Samsung ကနေ ထပ်မံယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း လူငယ်တွေအနေနဲ့ ကိုယ်ဝါသနာပါတဲ့ အရာတွေကို ရှာဖွေနိုင်၊ မျှဝေနိုင်မယ့် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့ Open Your Universe 2.0 ကနေတဆင့် Galaxy Campus Friends (၅) ဦးကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

Image: Samsung

Samsung Myanmar ဟာ Open Your Universe 2.0 ကနေတဆင့် မိမိရဲ့ lifestyle ၊ အသိပညာ နဲ့ ဝါသနာတွေကို မျှဝေရတာ ကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် ဘဝရည်မှန်းချက်တွေ၊ အခွင့်အလမ်းတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် ပံ့ပိုးပေးသွားမှာပါ။ ဒီအစီအစဉ်မှာတော့ မြန်မာနိုင်ငံအတွင်း ပညာသင်ယူနေတဲ့ တက္ကသိုလ်၊ ကျောင်း၊ ကောလိပ်၊ ပညာရေးစင်တာတစ်ခုခုမှ အသက် (၁၆) နှစ် မှ (၂၅) နှစ် အတွင်း လူငယ်တိုင်း ကျား၊မ မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့ Galaxy Campus Friends (၅) ဦး အနေနဲ့

  • Samsung Galaxy A35 ဖုန်း (၁) လုံး၊
  • Samsung နဲ့အတူ ပူးတွဲလုပ်ကိုင်ခွင့်၊
  • Collaboration Fees အနေနဲ့ ၁ လလျှင် ၂သိန်းကျပ်ဖြင့် (၃)လတိတိ ပူးပေါင်းလုပ်ဆောင်ခွင့်၊
  • Galaxy Campus Friend Winner Certificates၊
  • Samsung ရဲ့ exclusive events တွေကို တက်ရောက်ခွင့် စတဲ့ အထူးအခွင့်အရေးတွေ ရရှိမှာပဲဖြစ်ပါတယ်။

Open Your Universe 2.0 အစီအစဉ်ကို စိတ်ဝင်စားပြီး မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ လူငယ်တွေအနေနဲ့ အောက်ပါအချက်အလက်တွေအတိုင်း ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ဝင်ရောက် စာရင်းသွင်းယှဉ်ပြိုင်နိုင်ပါတယ်။

  • စာရင်းသွင်းရန် Link (http://smsng.co/GalaxyCampusForm) က Application Form မှာ လိုအပ်တဲ့ အချက်အလက် တွေကို ဖြည့်စွက်ရပါမယ်။
  • (၂) မိနစ်ထက်မကျော်တဲ့ “Self-Introduction” ဗီဒီယို ကို “Open Your Universe” ခေါင်းစဥ်နဲ့အညီ ရိုက်ကူးပြီး#GalaxyCampus #GalaxyCampusMM #OpenYourUniverse2 စတဲ့ hashtags တွေနဲ့ မိမိရဲ့ Facebook (သို့) TikTok (သို့) Instagram မှာ Public နဲ့ တင်ထားပေးရမှာပါ။
  • စည်းကမ်းသတ်မှတ်ချက်များကိုတော့ ဒီ Link (http://smsng.co/GalaxyCampus-TC) ကနေ ကြည့်ရှုနိုင်ပါတယ်။

အထက်ပါ စည်းကမ်းချက်များနှင့်အညီ အပြည့်အစုံ Form တင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ပြိင်ပွဲဝင်လူငယ်တွေထဲကနေ ဆန်ကာတင် အယောက် (၂၀) ကို ပထမအဆင့်အနေနဲ့ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ Social Media Presence, Campus Involvement, Content Creation Skills, Communication Skills, နဲ့ Willingness to Collaborate စသည်တို့အပေါ်မူတည်ပြီး အရွေးချယ်ခံရတဲ့ ဆန်ကာတင် အယောက် (၂၀) က Professional Content Creator တွေဖြစ်တဲ့ Phyopapa Blogs နဲ့ Lwin Gyi (Do Something Plz) တို့ရဲ့ Workshop Training တွေကို တက်ရောက်ခွင့်ရမယ့်အပြင်  Galaxy Campus Gift Box တွေကိုလဲ လက်ဆောင်အဖြစ် ရရှိမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Final Round အတွက် သက်ဆိုင်ရာ Mission တွေကို ဆက်လက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး Samsung နဲ့အတူ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် Samsung ကိုယ်စားပြု Galaxy Campus Friends (၅) ဦးကို Judges များရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ Samsung ကနေ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ Galaxy Campus Friends ရဲ့  Open Your Universe အစီအစဉ်မှာ လူငယ်တွေ အားတက်သရော ပါဝင်ခဲ့ကြတဲ့အတွက်  အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ နောက်ထပ်လူငယ်တွေအတွက် Open Your Universe 2.0 ကိုဆက်လက် လုပ်ဆောင်ဖြစ်တာပါ။ ပထမအကြိမ်မှာတော့ Samsung နဲ့အတူလက်တွဲဖို့ Galaxy Campus Friends (၄) ဦးကို ရွေးချယ်ပေးနိုင်ခဲ့သလို အခုအကြိမ်မှာလည်း Galaxy Campus Friends (၅) ဦးကို ထပ်မံရွေးချယ်သွားမှာဖြစ်ပြီး လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးသွားဖို့ ကြိုးပမ်းလုပ်ဆောင်သွားမှာပါ။” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောပါတယ်။

Image: Samsung

Samsung Myanmar ဟာ Galaxy Campus Friends အစီအစဉ်ကို ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ Open Your Universe မှာ ထူးချွန်တဲ့ လူငယ် (၄) ဦး နဲ့ အောင်မြင်စွာလက်တွဲနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း အဆိုပါ Galaxy Campus Friends လူငယ် (၄) ဦးနဲ့ ဆက်လက်လက်တွဲလုပ်ကိုင်နေသလို Open Your Universe 2.0 ကနေ နောက်ထပ် Galaxy Campus Friends (၅) ဦးနဲ့ ထပ်မံပေါ်ထွက်လာဦးတော့မှာပဲ ဖြစ်ပါတယ်။

Samsung Myanmar ကနေ လူငယ်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်ပေးလာတဲ့ Galaxy Campus Friends အစီအစဉ်ရဲ့ Open Your Universe 2.0 အကြောင်းကို ပိုမိုသိရှိလိုရင်တော့ Samsung Myanmar Facebook Page (https://www.facebook.com/SamsungMyanmar) မှာကြည့်ရှုနိုင်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူ လူငယ်များအနေနဲ့ စာရင်းပေးသွင်းရန်ကာလ – ၂၀၂၄ ခုနှစ် ဇွန်လ (၁၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အတွင်း စာရင်းသွင်းပြီး ပါဝင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။