၁၇ သိန်းကျပ်အထိ လျှော့စျေးတွေနဲ့ နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့ Samsung Mega Sale ပရိုမိုးရှင်းအစီအစဉ်

မြန်မာနိုင်ငံတစ်ဝန်းက Samsung ချစ်သူတွေအတွက် Galaxy ထုတ်ကုန်တွေကို အတန်ဆုံးစျေးတွေနဲ့ ဝယ်ယူနိုင်စေဖို့ နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့ Mega Sales ပရိုမိုးရှင်းအစီအစဉ်ကို ပြုလုပ်ပေးလျက်ရှိပါတယ်။

နောက်ဆုံးပေါ် Foldable ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold5 နဲ့ Galaxy Z Flip5, စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S23+ နဲ့ Galaxy S23 တို့အပါအဝင် သတ်မှတ်ထားတဲ့ Galaxy ဖုန်း၊ Tablet နဲ့ Watch တွေကို မေလ (၁၅) ရက်နေ့ကနေ ဇွန်လ (၂) ရက်နေ့အတွင်း ဝယ်ယူရင် ၂၅ % အထိ လျှော့စျေးရရှိနိုင်မှာဖြစ်ပြီး အမြင့်ဆုံး ၁၇ သိန်းကျပ် အထိ သက်သာခွင့် ရရှိသွားနိုင်မှာပါ။

Samsung Mega Sales ပရိုမိုးရှင်းကာလ မေလ (၁၅) ရက်နေ့ကနေ ဇွန်လ (၂) ရက်နေ့အတွင်း ဝယ်ယူရင် ရရှိနိုင်မယ့် လျှော့စျေးနဲ့ သတ်မှတ်ထားတဲ့ Galaxy ထုတ်ကုန်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Galaxy Z Fold5 ကိုဝယ်ယူရင် Cashback လျှော့စျေး ၁၇ သိန်းကျပ်
  • Galaxy Z Flip5 ကိုဝယ်ယူရင် Cashback လျှော့စျေး ၁၁ သိန်းကျပ်
  • Galaxy S23+ ကိုဝယ်ယူရင် Cashback လျှော့စျေး ၉ သိန်းကျပ်
  • Galaxy S23 ကိုဝယ်ယူရင် Cashback လျှော့စျေး ၈ သိန်းကျပ်
  • Galaxy S23 FE ကိုဝယ်ယူရင် Cashback လျှော့စျေး ၅ သိန်း ၅ သောင်းကျပ်
  • Galaxy Tab S6 Lite (2022 Version) ကိုဝယ်ယူရင် Cashback လျှော့စျေး ၃ သိန်း ၅ သောင်းကျပ်
  • Galaxy Tab A8 ကိုဝယ်ယူရင် Cashback လျှော့စျေး ၂ သိန်း ၅ သောင်းကျပ်
  • Galaxy Tab A7 Lite ကိုဝယ်ယူရင် Cashback လျှော့စျေး ၁ သိန်း ၅ သောင်းကျပ်
  • Galaxy Watch5 Pro (45mm) ကိုဝယ်ယူရင် Cashback လျှော့စျေး ၃ သိန်းကျပ်
  • Galaxy Watch5 (44mm) (40mm) ကိုဝယ်ယူရင် Cashback လျှော့စျေး ၂ သိန်းကျပ် တို့ကို အသီးသီး ပေးအပ်သွားမှာပါ။

Image: Samsung

အဆိုပါသက်သာခွင့်တွေအပြင် Samsung Mega Sales ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူတဲ့ ဖုန်းနဲ့ Tablet တွေအတွက် မတော်တဆထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးမယ့် Samsung Care+ အစီအစဉ် ကိုလည်း ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့ လျှော့စျေးတွေနဲ့ Samsung Galaxy ထုတ်ကုန်တွေကို Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ သတ်မှတ်ကာလအတွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အစီအစဥ်အသေးစိတ်ကိုတော့ Samsung Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ ဖြစ်တဲ့: https://www.facebook.com/SamsungMyanmar မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Samsung Electronics Co., Ltd. သည် ဆန်းသစ်သော နည်းပညာများဖြင့် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်း၌ တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ Wearable ထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိပါသည်။ ထို့အပြင် အခြားမိတ်ဖက်လုပ်ငန်းများဖြင့် ပူးပေါင်း၍ အသုံးပြုသူများ SmartThings ဂေဟစနစ်မှတစ်ဆင့် အဆင်ပြေချောမွေ့သော ချိတ်ဆက်မှုများ ရရှိခံစားနိုင်စေရန်အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ Samsung ၏ နောက်ဆုံးရသတင်းများကို ဖတ်ရှုလိုပါက Samsung Newsroom http://news.samsung.com သို့မဟုတ် https://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။