ကမ္ဘာ့အကြီးဆုံး လူသားဦးနှောက်ကိုအခြေခံပြီးတည်ဆောက်ထားတဲ့ SpiNNaker Supercomputer အကြောင်း

ကမ္ဘာမှာ လူသားတွေရဲ့ဦးနှောက်ဟာ အရှပ်ထွေးဆုံး စက်ပစ္စည်းတစ်ခုလို့ တင်စားသတ်မှတ်ခံထားရပြီး ကွန်ပျူတာတွေကိုတည်ဆောက်တဲ့နေရာမှာလည်း ထိုဦးနှောက်ကို စံနမူနာထားပြီးတည်ဆောက်လေ့ရှိကြပါတယ်။ ထိုသို့ရှပ်ထေးွခြင်းဟာ ဦးနှောက်ကိုဖွဲ့စည်းတည်ဆောက်ပုံကြောင့်သာဖြစ်ပါတယ်။ ထိုရှပ်ထွေးသော တည်ဆောက်ပုံတွင် အချင်းချင်းချိတ်ဆက်နေကြခြင်းကြောင့် ရိုးရှင်းသော သတင်းအချက်အလက်ပေးပို့မှုတစ်ခုသည် ဘီလီယံနှင့်ချီသော neuron များကြာအပြန်အလှန်ပေးပို့မှုများပြုလုပ်ကြပြီး ရှုပ်ထွေးသော တွက်ချက်ခြင်းများကိုပြုလုပ်မှု များပါဝင်ပါတယ်။သိပ္ပံပညာရှင်တွေဟာ လူ့ဦးနှောက်ကို တုပပြီး ကွန်ပျူတာများကိုဖန်တီးသကဲ့သို့အလားတူအပြန်အလှန် supercomputer(စွမ်းအားမြင့်ကွန်ပျူတာ)များကို အသုံးချပြီး လူသားတို့ရဲ့ဦးနှောက်ကို လေ့လာရန်ကြိုးပမ်းကြပါတယ်။ ထို ှSupercomputer များအနက် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့က စတင်ဖွင့်လှစ်လိုက်တဲ့ SpiNNaker အမည်ရှိ ကွန်ပျူတာမှာ ကမ္ဘာ့အကြီးဆုံး Supercomputerဖြစ်ပြီး တစ်စက္ကန့်လျှင် လုပ်ဆောင်ချက်ပေါင်း ၂၀၀ ထရီလီယံလုပ်ဆောင်နိုင်သော processors စုစုပေါင်း ၁ မီလီယံတည်ဆောက်ပါဝင်ပါတယ်။

 

Photo Source – https://pxhere.com/en/photo/369150

အဆိုပါ SpiNNaker( the Spiking Neural Network Architecture (SpiNNaker) အမည်ရှိ Supercomputerကိုတည်ဆောက်ရန် အချိန်၁၂နှစ်ခန့်ကြာမြင့်ခဲ့ပြီး စုစုပေါင်းငွေ ပေါင်၁၅မီလီယံ အကုန်အကျခံပြီးတည်ဆောက်ခဲ့ပါတယ်။ ထိုတည်ဆောက်ရန်ပရောဂျက်ကို အင်ဂျင်နီယာနှင့် ကာယသိပ္ပံသုတေသနကောင်စီ (ESPRC) မူလစတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဥရောပလူသားဦးနှောက်ပရောဂျက်မှ ဘဏ္ဍာရေးထောက်ပံမှုများပြုလုပ်လာခဲ့ပါတယ်။ မန်ချက်စတာတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနမှ ဒီဇိုင်းဆွဲပြီး ၂၀၀၆ ကတည်းကစတင်တည်ဆောက်မှုပြုလုပ်ခဲ့ရာ၂၀၁၈ နိုဝင်ဘာလတွင်အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။

SpiNNakerဟာ processors ၁မီလီယံ ပါဝင်တဲ့ပထဆုံးကွန်ပျူတာမဟုတ်ပင်မဲ့ လူသားဦးနှောက်ကို တုပပြီးပြုလုပ်ထားတာကြောင့် အများနဲ့မတူထူးခြားတဲ့ကွန်ပျျူတာတစ်ခုအဖြစ်ရပ်တည်နေပါတယ်။သာမရိုးကျကွန်ပျူတာများကဲသို့ network ကိုအသုံးပြု၍ အမှတ်အေ မှ အမှတ်ဘီသို့ အချက်အလက်အမြောက်အများကို တစ်ပြိုင်နက်ထဲပေးပို့၍ဆက်သွယ်ခြင်းမဟုတ်ဘဲ Neurons များမှ ဦးနှောက်ဆီသို့ ဓာတုနှင့် လျှပ်စစ် အချက်ပေးချက်များ စီးဆင်းသွားသည့် မျဉ်းပြိုင်ဆက်သွယ်ခြင်းပုံစံအတိုင်း Supercomputer သည်လဲ ထောင်ပေါင်းများစွာသော အမှတ်များကိုတည်ဆောက်ကာ သတင်းအချက်အလက်များကို ပမာဏနည်းနည်းစီပေးပို့သည့်နည်းကိုတည်ဆောက်ထားပါတယ်။ ထိုမျဉ်းပြိုင်စနစစ်တွင် ထိုစနစ်တွင် ဦးနှောက်အတွင်းရှိ Neurons အတိုင်း ပြုလုပ်ထားသည့် အထူးလျှပ်စီးပတ်လမ်းများပါဝင်ပါတယ်။ထို Supercomputer ၏ သတင်းအချက်အလက်များကို အသေးဆုံးအစိတ်အပိုင်းဖြစ်အောင်ပြုလုပ်ပြီး များစွာသော processors များထံသို့ပေးပို့ရာတွင် အခြေခံသော မျဉ်းပြိုင် စနစ်သည် ဆက်သွယ်မှုမြောက်မြားစွာပြုလုပ်ပြီး မက်ဆေ့ချ်များကို သတင်းအချက်အလက်များစွာတွင် စုပေါင်းထည့်သွင်းထားရန် လိုအပ်ပါတယ်။

Spinnaker ကို ဖန်တီးသူများသည် ထို supercomputer ကို မြောက်များစွာသောလှုံ့ဆော်မှုများပေးသွင်းပြီး လူ့ဦးနှောက်၏အလုပ်လုပ်ပုံကိုလေ့လာရာတွင် အထောက်အကူပြုရန်မျှော်လင့်ပြီး အဓိကသုတေသနာပြုဆောင်ရွက်နေသာလမ်းစဉ်များမှာ-

၁. Neuroscience

၂၁ရာစုတွင် လူသားများ၏ဦးနှောက်အလုပ်လုပ်ပုံကိုလေ့လာခြင်းသည်စိန်ခေါ်မှုကောင်းတစ်ခုဖြစ်ပါတယ်။ထို့ကြောင့်supercomputer များကိုအသုံးချပြီး Neuroscientistsများအားစိတ်ထဲတွင်ရှိသော ဖြေရှင်းရခက်ခဲသောအကြောင်းချင်းရာများကို လေ့လာရန်အတွက်အသုံးချလျက်ရှိပါတယ်။

၂။ စက်ရုပ်များအားလေ့လာသောပညာရပ်
SpiNNaker သည် စက်ရုပ်ပညာရပ်အားလေ့လာသော သုတေသနပညာရှင်များအတွက်အသုံးဝင်သော ကွန်ပျူတာတစ်ခုဖြစ်ပါတယ်။သေးငယ်သောSpiNNaker board သည် တစ်ချိန်တည်းမှာပင် သောင်းများစွာသော neurons များကိုလှုံ့ဆော်ပေးပြီး အာရုံခံမှုကိုထည့်သွင်းကာ မော်တာကိုပြန်လည်ထုတ်လုပ်ပေးပါတယ်။

၃။ကွန်ပျူတာသိပ္ပံ

SpiNNakerသည်တစ်ခြားသော သာမန်ကွန်ပျူတာများနှင့်မတူဘဲ စိတ်ချယုံကြည်ရသောချိတ်ဆက်ခြင်းနှင့်တွက်ချက်ခြင်း တစ်နည်း deterministic အပေါ်တွင်အခြေခံထားသည်။