နည်းပညာအခြေခံအကြောင်းအရာများ အဓိကထားလေ့လာနိုင်သည့် Mobile App သုံးခု

ခုခေတ်ခုအခါမှာတော့ နည်းပညာပိုင်းဆိုင်ရာများကို မြန်မာပြည်တွင်းအနယ်နယ်အရပ်ရပ်ကသူတွေအားလုံးက စိတ်ဝင်တစားလေ့လာသင်ယူနေကြပါတယ်။ ကွန်ပျုတာနဲ့ဆက်စပ်တဲ့အကြောင်းအရာတွေဖြစ်စေ၊ ဖုန်းနဲ့ပတ် သက်တဲ့အကြောင်းအရာတွေဖြစ်စေ မှတ်သားစရာ၊လေ့လာစရာတွေကို သင်တန်းတက်ပြီးလေ့လာတဲ့လူတွေရှိသ လို တချို့ကလည်း အလုပ်တစ်ဖက်နဲ့ အချိန်မပေးနိုင်လို့ Website တွေ Facebook Page တွေကနေဝင်ရောက် လေ့လာကြတဲ့သူတွေလည်းရှိပါတယ်။ ကျောင်းသား၊ကျောင်းသူနဲ့ လူကြီးပိုင်းတွေပါမကျန် ဖုန်းနဲ့ပတ်သက်ပြီး အသုံးပြုပုံပြုနည်းတွေ ကွန်ပျုတာပိုင်းဆိုင် ရာလေ့လာသူတွေစတဲ့ ဆော့ဝဲဆိုင်ရာတွေကို အခြေခံကနေစပြီး စိတ် ဝင်တစားလေ့လာလိုသူတွေ များပြားလာပါပြီ။

 

Photo Source – https://bit.ly/2yVQ16O

အဲ့လိုလေ့လာတဲ့အခါမှာ ကိုယ်ပိုင်ကွန်ပျုတာရှိတဲ့သူတွေအတွက်တော့ လေ့လာသင်ယူရတာ ပိုအဆင်ပြေပေမယ့် ကိုယ်ပိုင်ကွန်ပျုတာမရှိတဲ့သူတွေအတွက်တော့ ဖုန်းနဲ့ပဲအသုံးပြုတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒါကြောင့်အခုပြော ပြမယ့် Mobile App သုံးခုက ဖုန်းနဲ့ပတ်သက်တဲ့နည်းပညာတွေ ကွန်ပျုတာနဲ့ပတ်သက်တဲ့နည်းပညာတွေကို လေ့လာလို့ရပါတယ်။ အဲ့ဒါအပြင် အခု App ကအသိပညာပေးအကြောင်းအရာတွေကို ထည့်သွင်းဖော်ပြထား တာမို့ သုံးစွဲတဲ့သူတွေအတွက်လည်း အရမ်းကိုအဆင်ပြေပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၁) IT Knowledge App
IT Knowledge App ကတော့ ကွန်ပျုတာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာ တွေကို ဖတ်ရလွယ်ကူအောင် မြန်မာစာနဲ့ရှင်းပြထားပါတယ်။ Offline နဲ့သုံးလို့ရတဲ့ App ဖြစ်ပြီးအဆင့်တစ်ခုခြင်း အနေနဲ့လည်း ဝင်ရောက်လေ့လာလို့လွယ်ကူအောင်ပြုလုပ်ထားပါတယ်။
အဓိကပါရှိတဲ့အကြောင်းအရာတွေကတော့ ကွန်ပျုတာနည်းပညာအကြောင်းအရာ၊ Hardware အသိပညာပေး အကြောင်းအရာ၊ ဖုန်းနဲ့ပတ်သက်တဲ့အသိပညာပေး အကြောင်းအရာ၊ Hackiing နဲ့ပတ်သက်တဲ့ အသိပညာ အကြောင်းအရာ၊ Programming အသိပညာပေးအကြောင်းအရာ၊ အင်တာနက်နဲ့ပတ်သက်တဲ့ အသိပညာပေး အကြောင်းအရာတွေကို နားလည်ရလွယ်ကူအောင် ရှင်းပြထားပါတယ်။ App Version ကတော့ 2.0 ဖြစ်ပြီး App Developer ကတော့ Kyaw Htut ဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၂) Knowledge Box App
Knowledge Box App ကတော့ ကွန်ပျုတာနဲ့ပတ်သက်တဲ့အကြောင်းအရာများ၊ မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများ၊ နည်းပညာနယ်ပယ်မှ ပုဂ္ဂိုလ်များအကြောင်းအကျဉ်းချုပ်နဲ့ အထွေထွေဗဟုသုတများကို အလွယ်တကူကြည့်ရှုနိုင်တဲ့ App ပဲဖြစ်ပါတယ်။ အင်တာနက်မလိုပဲ Offline ဖတ်ရှုနိုင်တဲ့အတွက် အသုံးပြုသူတွေ အတွက်အဆင်ပြေပါတယ်။ App ထဲမှာ အကြောင်းအရာစုစုပေါင်း ၂၇၃ ခုပါဝင်ပြီး အမျိုးအစားလိုက်ခွဲထားရုံ သာမက ကိုယ်ဖတ်ချင်တဲ့အကြောင်းအရာကိုလည်းခေါင်းစဉ်ရိုက်ထည့်ပြီး Search Box မှာရှာဖွေနိုင်ပါတယ်။
Knowledge Box App ကိုအသုံးပြုတဲ့သူတွေ စာဖတ်ရတာအဆင်ပြေစေဖို့အတွက်လည်း စာလုံးအရွယ်အစားနဲ့ နောက်ခံအရောင်ကို ပြောင်းလဲအသုံးပြုနိုင်ပါသေးတယ်။ အသုံးပြုတဲ့စက်ထဲမှာ မြန်မာစာဖောင့်ထည့်သွင်းထား ခြင်းမရှိပေမယ့်လည်း App ထဲကအကြောင်းအရာတွေကို ဖတ်ရှုနိုင်ပါတယ်။ Version 1.0 ဖြစ်ပြီး App Developer ကတော့ Nyi Nyi Aung ဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၃) နည်းလမ်းများ App
ဒီ App မှာတော့ ဖုန်းနဲ့အသုံးပြုလို့ရတဲ့ နည်းလမ်းပေါင်း ၁၀၀ ကျော်ကိုလေ့လာနိုင်ဖို့အတွက်ထည့်သွင်းဖော်ပြထား ပါတယ်။ IT Knowledge App နဲ့ Knowledge Box App တွေလို Offline နဲ့တော့သုံးလို့မရပါဘူး။ ဖုန်းနဲ့ပတ် သက်တဲ့အကြောင်းအရာတွေ၊ Facebook နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ ပုံနဲ့တကွရှင်းပြထားပါတယ်။ အသုံး ပြုပုံအဆင့်ဆင့်ကို မြန်မာဘာသာနဲ့ရှင်းပြထားတဲ့အတွက် အသုံးပြုတဲ့သူတွေလည်း များပါတယ်။ Version 1.0 ဖြစ်ပြီး App Developer ကတော့ Myanmarguide5151@gmail.com ဖြစ်ပါတယ်။
App များအားလုံးကို ဝင်ရောက် Install လုပ်ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=cutgo.itknowledge

https://play.google.com/store/apps/details?id=harris.com.knowledgebox

https://www.apkmonk.com/app/com.akh.touse/