လူတိုင်းသိထားသင့်တဲ့ Myanmar Business Directory Website နှင့် Mobile App

မြန်မာပြည်တွင်း အချို့နေရာတွေကို ရောက်ဖူးသော်ငြားလည်း စားသောက်ဆိုင်၊ ဟိုတယ်၊ ကားဂိတ် စသည်ဖြင့်နေရာတွေ ရဲ့ လိပ်စာအပြည့်အစုံကို သိရှိနိုင်ဖို့မလွယ်ကူပါဘူး။ အဲ့ဒါကြောင့် တစ်နေရာကနေတစ်နေရာကို ခရီးသွားလာတဲ့အခါ ပဲဖြစ်ဖြစ် မိမိနေထိုင်ရာမြို့မှာပဲဖြစ်ဖြစ် သိချင်တဲ့အကြောင်းအရာတွေ၊ နေရပ်လိပ်စာတွေကို အလွယ်တကူရှာဖွေနိုင်ဖို့အ တွက် နည်းလမ်းတစ်စုံတစ်ခုတော့ သိထားသင့်တာပဲမဟုတ်လား။

Photo Source- http://www.myanmarbusiness-directory.com/en/

ခုပြောပြမယ့် Myanmar Business Directory Website နဲ့ Mobile App တွေကတော့ အမှန်တကယ်အသုံးဝင်ပြီး လိုအပ်တဲ့ အခါအကူအညီတစ်ခုအဖြစ်ရှိနေစေပါလိမ့်မယ်။ နောက်ပြီးကိုယ့်အတွက်အရေးကြုံလာတဲ့အခါမျိုးတွေမှာလည်း သုံးရတာအ ဆင်ပြေစေပါတယ်။ သွားလေရာယူသွားလို့မရတဲ့ စာအုပ်အထူကြီးလိုလဲမဟုတ်တော့ ဘယ်သွားသွားအလွယ်တကူပဲလိုအပ် တာကိုရှာဖွေနိုင်ဖို့ ဖုန်းတစ်လုံးရှိရုံနဲ့အဆင်ပြေစေပါတယ်။
ခရီးတွေသွားတဲ့အခါ ကိုယ်ရောက်ရာနေရာမှာ ရှာဖွေချင်တဲ့အကြောင်းအရာကို အလွယ်တကူဝင်ရောက်ရှာဖွေကြည့်ရှုနိုင်သ လို အရေးပေါ်အကြောင်းအရာကိစ္စတွေပေါ်ပေါက်လာရင်လည်း ချက်ချင်းဆက်သွယ်လို့ရနိုင်မယ့်နေရာတွေကို အရင်ကမ မှတ်ထားခဲ့ဘူးဆိုရင်တောင် ချက်ချင်းဝင်ရှာကြည့်လို့ရနိုင်တော့ လူတိုင်းသိထားသင့်တဲ့ Website နဲ့ App ပဲဖြစ်ပါတယ်။

Photo Source- http://www.myanmarbusiness-directory.com/en/

Myanmar Business Directory Website နဲ့ App ဟာမြန်မာနိုင်ငံရှိတိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီရဲ့ မြေပုံနဲ့ သတင်းအချက်အလက်များပါရှိခြင်း၊ တစ်ခြားမြို့များမှ ထုတ်လုပ်သောကုန်ပစ္စည်းများကို အလွယ်တကူရှာဖွေနိုင်ခြင်း၊ မိမိနေ ထိုင်ရာမြို့တွင်မရှိသော ဝန်ဆောင်မှုများကို တစ်ခြားမြို့တွင် ရှာဖွေနိုင်ခြင်း၊ မိမိ၏စီးပွားရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အနှံ့ ကြော်ငြာနိုင်ခြင်းတို့အပြင် နိုင်ငံတွင်းဒေသများသို့ သွားလာရာတွင် လိုအပ်သောစားသောက်ဆိုင်များ၊ တည်းခိုခန်း အစ ရှိသည်တို့ကို လည်း ရှာဖွေနိုင်ပါတယ်။
Hotels၊ Buses(Highway)၊ Air Tickets၊ Travel & Tours၊ Car Rental၊ Office Accessories၊ Office Fumitures၊ စတဲ့အ ကြောင်းအရာတွေကို တစ်ခုချင်းစီ ထည့်သွင်းဖော်ပြထားပြီး မြန်မာနိုင်ငံထဲမှာ ရှာဖွေချင်တဲ့အကြောင်းအရာတွေကို ဗျဉ်း အက္ခရာ (က) မှ (အ) အထိ သက်ဆိုင်ရာအကြောင်းအရာကို ရွေးချယ်ရှာဖွေနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မြန်မာပြည် စီးပွားရေးလမ်းညွှန်ကို ၂၀၁၁ ခုနှစ်မှာ MMRD Publication မှ မြန်မာတစ်နိုင်ငံလုံးရှိ စီးပွားရေး လုပ်ငန်းရှင်များ ကို ချိတ်ဆက်ပေးလိုသော ရည်ရွယ်ချက်ဖြင့် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ လုပ်ငန်းလိပ်စာများ ရှာဖွေရလွယ်ကူစေရန် မြန်မာပြည်စီးပွားရေးလမ်းညွှန်ကို (အထက်ပိုင်း) နှင့် (အောက်ပိုင်း) ဟူ၍ နှစ်အုပ်ခွဲဝေ ထုတ်ပေးထားပါတယ်။ ၂၀၁၁ ခုနှစ်မှ လက်ရှိ ၂၀၁၈ ခုနှစ်အထိ စုစုပေါင်းစာအုပ် အရေအတွက် ၄၂၉,၀၀၀ အုပ်ကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။
မြန်မာပြည်စီးပွားရေးလမ်းညွှန်တွင် မြို့ပေါင်း ၂၄၇ မြို့ ပါဝင်ကာ စီးပွားရေးလုပ်ငန်း လိပ်စာပေါင်း ၂၃၅,၀၀၀ ကျော် ထည့်သွင်းထားပြီး Website နှင့် Mobile App တို့အပြင် စာအုပ်မှာလည်း မြန်မာတစ်နိုင်ငံလုံးရှိ လိပ်စာများကိုရှာဖွေ နိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မြန်မာပြည်စီးပွားရေးလမ်းညွှန် Website တွင်သာမက Facebook Page တွင်လည်း နိုင်ငံတကာစီးပွားရေးသတင်းများ၊ ပြည်တွင်းစီးပွားရေးသတင်းများ၊ မြို့အလိုက်စီးပွားရေးသတင်းများ၊ စီးပွားရေးကဏ္ဍအလိုက် ဖြစ်ပေါ်နေသော စီးပွားရေး သတင်းအစုံအလင်များ၊ မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေများ အကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းများ၊ Industry တစ်ခုချင်းစီ၏ Review, Report များကိုပါ နေ့စဉ်စုစည်း ဖော်ပြပေးနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ၏ နာမည်ကြီးမြို့များရှိ အထင်ကရနေရာများ၊ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများကိုပါ တစ်စုတစ်စည်းတည်း ဖော်ပြထားသော Top 10 (Explore Myanmar) ဆိုတဲ့ Web Page ကိုလည်း မြန်မာပြည် စီးပွားရေးလမ်းညွှန် Website တွင် ပါရှိပါတယ်။

အောက်ပါ Link မှ ဝင်ရောက်ကြည့်ရှု Install ပြလုပ်နိုင်ပါသည်။

https://play.goyanmarbusiness_directoryogle.com/store/apps/details?id=com.app.m

http://www.myanmarbusiness-directory.com/en/