Image Source : http://time.com
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဆိုလိုက်တာနဲ့ Microsoft တည်ထောင်သူဘီဂိတ်ကိုပဲ အားလုံးပြေးမြင်မိကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ်တစ်နေရာကို သူကပဲနှစ်တိုင်းလိုလို ရရှိနေလို့ပါပဲ။
နာမည်ကြီးစီးပွါးရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ရဲ့ 2017 ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ ဘီဂိတ်ကပဲ(၄)နှစ်ဆက်တိုက် နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။