ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှ နည်းပညာလောကသားများ

Image Source : http://time.com

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဆိုလိုက်တာနဲ့  Microsoft တည်ထောင်သူဘီဂိတ်ကိုပဲ အားလုံးပြေးမြင်မိကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ နံပါတ်တစ်နေရာကို သူကပဲနှစ်တိုင်းလိုလို ရရှိနေလို့ပါပဲ။
နာမည်ကြီးစီးပွါးရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ရဲ့ 2017 ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ ဘီဂိတ်ကပဲ(၄)နှစ်ဆက်တိုက် နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဘီဂိတ်ဟာလွန်ခဲ့တဲ့(၂၃)နှစ်အတွင်း (၁၈)ကြိမ်တိုင်တိုင် နံပါတ်တစ်နေရာ ရပ်တည်နိုင်ခဲ့သူပါ။ သူ့ရဲ့ကြွယ်၀မှုက (၈၆)ဘီလျံခန့်ရှိမယ်လို့ဆိုထားပါတယ်။
ဒီနှစ်အတွက် Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ ဘီဂိတ်နဲ့အတူနည်းပညာသမားစုစုပေါင်း (၁၈၃)ယောက်ထိပါ၀င်လာခဲ့ပါတယ်။ သူတို့အားလုံးရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းဟာ တစ်ထရီလျံထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနှစ် Forbes ရဲ့စာရင်းမှာ ဘီဂိတ်ကနံပါတ်တစ်ဖြစ်ခဲ့ပြီး Facebook တည်ထောင်သူ မက်ဇူကာဘက်ကနံပါတ်(၅)နေရာမှာ ရှိခဲ့တယ်။ ဒါ့အပြင် Oracle ကိုပူးတွဲတည်ထောင်သူ လာရီအယ်လစ်ဆင်ကလည်း နံပါတ်(၇) နေရာမှာရပ်တည်နိုင်ခဲ့တယ်။
Forbes ရဲ့ ယခုနှစ်ဘီလျံနာတွေစာရင်းမှာ လူပုဂ္ဂိုလ်စုစုပေါင်း(၂၀၄၃)ဦးထိ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စာရင်းပြုစုခဲ့တဲ့နှစ် (၃၀)ကာလအတွင်း အများဆုံးအရေအတွက်ဖြစ်ပါတယ်။ နိုင်ငံအလိုက်ကြည့်မယ်ဆိုပါက အမေရိကန်နိုင်ငံမှ(၅၆၅)ဦးနဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံမှ(၃၁၉)ဦးပါ၀င်ခဲ့ပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ ၂၀၁၇ ခုနှစ်ရဲ့ဘီလျံနာများစာရင်းကို Forbes မဂ္ဂဇင်းရဲ့ ပြုစုရေးသားချက်များထဲမှ ကောက်နှတ်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။