ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးဖို့ လုပ်ငန်းလိုင်စင်များစွာချပေးထား

Image Source : http://www.motc.gov.mm

မြန်မာ့ဆက်သွယ်ရေးကဏ္ဍဟာ ဖုန်းဆင်းမ်ကဒ်တွေကို ကျပ် ၁၅၀၀ နဲ့ရောင်းပေးချိန်မှစတင်ပြီး အချိုးအကွေ့တစ်ခုဖြစ်သွားပြီးတဲ့နောက် အူရီဒူးနဲ့တယ်လီနောတို့ပေါ်လာချိန်မှာတော့ ကောင်းမွန်တဲ့ဆက်သွယ်ရေးကဏ္ဍအဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ လူတစ်ဦးချင်းအတွက်သာမကပဲ ကုမ္ပဏီများ၊ အသင်းအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ Network Serviceတွေလည်းများစွာပေါ်ပေါက်လို့လာခဲ့ပါတယ်။ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်သွယ်ရေးကဏ္ဍဟာ အရေးအကြီးဆုံးလို့ဆိုနိုင်ပါတယ်။ မြန်မာပြည်ဆက်သွယ်ရေးကဏ္ဍအတွက်တော့လက်ရှိအချိန်ထိအစိုးရရဲ့လုပ်ကိုင်ခွင့်ချထားပေးမှုတွေကဖော်ပြထားတဲ့ ဒီလင့်ခ် ထဲကအတိုင်း ပြည့်ပြည့်စုံစုံ ပြန်လည်မျှ ေ၀ပေးချင်ပါတယ်။

ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် လာရောက်လျှောက်ထားတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို စိစစ်ပြီး လိုင်စင်တွေ ထုတ်ပေးနေတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

လက်ရှိမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူတွေကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စိစစ်ဆောင်ရွက်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ Nationwide Telecommunication Licence ၄ ခု၊ Network Facilities Services Licence (Individual) ၄၄ ခု၊ Network Facilities Services Licence (Class) ၃၉ ခု၊ Network Service Licence ၁၆ ခု၊ Application Service Licence ၂၀ ခုကို ထုတ်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။