ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) မှ ကိုဗစ် ၁၉ ဆေးကုသရေးပစ္စည်းများအား မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံသို့ လှူဒါန်း

မြန်မာနိုင်ငံအတွင်းရှိ COVID-19ကာကွယ်တားဆီးတိုက်ဖျက်မှုကို ကူညီရန်အတွက် ရန်ကုန်မြို့ရှိထိုင်းသံရုံးနှင့်ထိုင်း နိုင်ငံကြက်ခြေနီအသင်တို့ထောက်ပံ့မှုဖြင့်မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း Thai Business Association of Myanmar(TBAM) မှ Here with You” ကမ်ပိန်းအမည်ဖြင့် ခန့်မှန်းခြေထိုင်း ဘတ်ငွေ၄.၈သန်း (မြန်မာငွေ၂၇၂,၆၄၀,၀၀၀ကျပ်) တန်ဖိုးရှိသည့် Oxygen cylinders အလုံး ၃၀၀၊ oxygen cylinders ၅ လစာပြန် လည်ဖြည့်ပေးခြင်းနှင့် PPEs များ၊ masks များ အစရှိသည့် မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုလှူဒါန်းခဲ့သည်။
ထိုင်းနိုင်ငံကြက်ခြေနီအသင်းသည်oxygen cylinders များကို မြန်မာနိုင်ငံရှိCOVID-19ရောဂါဒဏ်သင့်နေသောပြည် သူလူထုအားဖြန့်ဝေပေးရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်လက်တွဲပူးပေါင်းအလုပ်လုပ်ကိုင်ခဲ့ပါသည်။

Photo Source sammathaindex@gmail.com
မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း Thai Business AssociationofMyanmar (TBAM) မှကြီးမှူးကျင်းပသောတရားဝင်လှူဒါန်းခြင်း virtual အခမ်းအနားကိုမကြာသေးခင်ကကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းThai Business Association Myanmar ၏ဥက္ကဋ္ဌဖြစ်သူ Mr.SorasakKeeratichokechaikul၊ ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှအထွေထွေအတွင်းရေးမှူးH.E. Mr. TejBunnag၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအထွေထွေအတွင်းရေးမှူး ဒေါက်တာထင်ဇော်စိုးနှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံ အမတ်ကြီးH.E. Mrs.SuphatraSrimaitreephithakနှင့်အခြားတာဝန်ရှိ ပုဂ္ဂိုလ်များမှလည်း အခမ်းအနားသို့တက်ရောက် ခဲ့သည်။
“ယခုစီမံကိန်းအောင်မြင်ရေးအတွက်ကြီးမားတဲ့ အထောက်အပံ့များနဲ့ဝင်ရောက် ကူညီပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့အသင်း အဖွဲ့ဝင်များ၊ ကျွန်တော်တို့ရဲ့ထိုင်းလူမျိုးမိတ်ဆွေသူငယ်ချင်းများနှင့်၊မိတ်ဖက်များကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီ“Here with You” စီမံကိန်းမှာတစ်တပ်တစ်အားထောက်ပံ့ကူညီအားပေးခဲ့ကြတဲ့ ထိုင်းနိုင်ငံကြက်ခြေနီအသင်းနဲ့ ထိုင်းသံရုံး တို့ကိုလည်းကျေးဇူးတင်ရှိကြောင်း တရားဝင်ပြောကြားလိုပြီး၊ တဖက်မှာလည်း ဒီလှူဒါန်းမှုနဲ့မျှဝေမှုကိုလက်ခံပေးခဲ့တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုကျေးဇူးတင်ရှိကြောင်းဖော်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံက မိတ်ဆွေသူ ငယ်ချင်းတွေနဲ့ ယခုပူးပေါင်းဆောင်ရွက်မှုဟာ ဆိုရင်အနာဂတ်မှာထိုင်းနဲ့မြန်မာကြားကြီးမား ကောင်းမွန်တဲ့ဆက်ဆံရေး ကိုယူဆောင်လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်”ဟု မြန်မာနိုင်ငံရှိထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်း (TBAM) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. SorasakKeeratichokechaikul မှပြောကြားသည်။
မြန်မာနိုင်ငံရှိထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း(TBAM) သည်မြန်မာနိုင်ငံတွင်Covid-19 တတိယလှိုင်းကူး စက်ခံရခြင်းကြောင့်ဖြစ် ပေါ်လာသောမကြုံစဖူးအောက်ဆီဂျင်လိုအပ်မှုအကျပ်အတည်းအားဖြေရှင်းနိုင်ရန် oxygen cylindersများလှူဒါန်းခြင်း၊ oxygen ပြန်လည်ဖြည့်ပေးခြင်းနှင့် အခြားလိုအပ်သောဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ရန် သြဂုတ်လတတိယအပတ်မှစတင်ပြီးရန်ပုံငွေရှာဖွေခဲ့သည်။

Photo Source sammathaindex@gmail.com
“COVID-19 ဟာ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံအကြား တည်တံ့ခိုင်မြဲပြီးမပြိုလဲနိုင်တဲ့ချစ်ကြည်ရေးကိုစမ်းသပ်တယ်လို့ ကျွန်မတို့ ဝန်ခံရမှာဖြစ်ပါတယ်။ ဘယ်စိန်ခေါ်မှုတွေနဲ့အတားအဆီးတွေရင်ဆိုင်နေရတာဖြစ်ပါစေ ကျွန်မတို့ဟာမြန်မာလူမျိုးများနဲ့ အတူရှိနေမှာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့နီးစပ်တဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် သူငယ်ချင်းများဖြစ်ကြ တယ်ဆိုတဲ့ အဓိပ္ပာယ်အတိုင်းမြန်မာနိုင်ငံရှိပြည်သူများလူမှုဘဝတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် အစဉ် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးယခုလိုခက်ခဲနေတဲ့အချိန်ကာလအတွင်းမှာပြည်သူကျန်းမာရေးကဏ္ဍကို အထူးအ လေး‌‌ပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. SuphatraSrimaitreephithak က ပြောကြားသည်။
မြန်မာနိုင်ငံသို့ oxygen cylinders ပို့ဆောင်ခြင်းသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ကူညီကယ် ဆယ်ရေးများနှင့် ပံ့ပိုးကူညီမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM)သည် ၁၉၉၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးထိုင်းနိုင်ငံ၊ နိုင်ငံခြားနှင့်ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းများအကြား အပြန်အလှန်ဆက်ဆံရေးနှင့်ပံ့ပိုးမှုအားပိုမိုကောင်းမွန်စေခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဆိုအရလှူဒါန်းထားသော oxygen cylinders များနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများကို ကောင်းမွန်စွာလက်ခံရရှိခဲ့ပြီးမှတ်ပုံတင်ထားသောခရိုင်သုံးခုရှိ ကြက်ခြေနီရုံးများနှင့်လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ဖြန့် ဝေပေးခဲ့သည်။