Facebook, Messenger, Instagram နှင့် WhatsApp များ ကမ္ဘာတစ်ဝှမ်း Outage ဖြစ်ပေါ်

Social Media Platform တွေထဲကမှ လူသုံးများတဲ့ Facebook Platform ဟာ အောက်တိုဘာလ ၄ ရက်နေ့ညဘက်မှာပဲ Facebook ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုလို့မရတော့တဲ့ Outage တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း Outage တွေဖြစ်ပေါ်ခဲ့တဲ့အတွက် အသုံးပြုသူအများအပြား အသုံးပြုလို့မရဖြစ်ပြီး Facebook ဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ ဝန်ဆောင်မှုအသုံးပြုထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အခက်တွေ့ခဲ့ ရပါတယ်။

Facebook ရဲ့ ဆက်စပ်ဝန်ဆောင်မှုတွေဖြစ်တဲ့ Instagram, WhatsApp နဲ့ Messenger တွေပါ အသုံးပြုလို့မရ ဖြစ်ခဲ့ရတာပါ။ အသုံးပြုလို့မရတဲ့ ပြဿနာတွေကို အသုံးပြုသူများစွာကလည်း Downdector မှာ Report ပြုလုပ်ခဲ့ကြပါတယ်။ အသုံးပြုသူပေါင်း ၁၀.၆ မီလီယံလောက် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို report ပြုလုပ်ခဲ့ကြပြီး Downdector မှာတွေ့ရသမျှထဲက အကြီးမားဆုံး Outage တစ်ခုလို့လဲ ပြောလို့ရနိုင်ပါတယ်။  

Photo Source https://downdetector.ca/status/facebook/

၆ နာရီနီးပါး ကြာမြင့်ခဲ့တဲ့ Facebook Outage ဟာ အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မနက်အစောပိုင်းမှာပဲ အရင်လိုပြန်လည်အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။ Outage ဖြစ်ပေါ်မှုက အသုံးပြုသူတွေကို Facebook Log In ဝင်တာ Third Party Sites တွေက ဝင်ရောက်တာတွေကို တားမြစ်မှုတွေ ဖြစ်ခဲ့ပါတယ်။

Facebook ရဲ့ Chief Technology Officer Mike Schroepfer ကလည်း Facebook ရဲ့ဝန်ဆောင်မှုတွေဟာ Network Issue ကြောင့် ခဏတာပြတ်တောက်သွားတာဖြစ်ပြီး အရင်လိုပြန်လည် အသုံးပြုနိုင်အောင် အမြန်ဆုံး လုပ်ဆောင် နေပြီ ဖြစ်ကြောင်းလည်း Outage ဖြစ်ပေါ်နေတဲ့ အချိန်အတွင်း အသိပေး ပြောကြားခဲ့ပါတယ်။