COVID-19 မျိုးကွဲသစ် Omicron နှင့် ရောဂါလက္ခဏာများ

COVID-19 ကူးစက်ရောဂါဟာ အောက်တိုဘာလအစောပိုင်း Delta အဆင့်ကနေ ၂၀၂၁ ဒီဇင်ဘာလဝန်းကျင်မှာ Omicron မျိုးကွဲအဖြစ်နဲ့ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

Omicron ကူးစက်ခံရမှုအတွက် ဖြစ်ပေါ်နိုင်ချေအများဆုံး လက္ခဏာ (၅) မျိုး အနေနဲ့

(၁) နှာရည်ယိုခြင်း

(၂) ခေါင်းကိုက်ခြင်း

(၃) အားနည်းခြင်း (နည်းနည်းပါးပါး or သိသိသာသာ)

(၄) နှာချေခြင်း

(၅) လည်ချောင်းနာခြင်း တို့ပဲဖြစ်ပါတယ်။ 

Source: https://joinzoe.com/learn/omicron-symptoms

COVID-19 လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာနဲ့ အနံ့အရသာပျောက်တာတွေကိုတော့ ကူးစက်ခံရတဲ့သူ ၅၀% လောက်ပဲတွေ့ရှိရသလို တဖြည်းဖြည်းနဲ့ အနံ့ အရသာပျောက်တဲ့ နှုန်းတွေကလည်း တဖြည်းဖြည်းနည်းပါးလာတာကို တွေ့ရပါတယ်။ အနံ့အရသာ ပျောက်တဲ့ လက္ခဏာဟာ ၂၀၂၁ အစောပိုင်းမှာ အဆင့် ၁၀ အတွင်းဝင်ခဲ့ပြီး အခုအချိန်မှာတော့ အဆင့် ၁၇ နဲ့ လူငါးယောက်မှာ တစ်ယောက်လောက်ပဲ ခံစားရတာကိုလည်း တွေ့ရပါတယ်။

Omicron ရဲ့ လက္ခဏာတွေကက အအေးမိပြီး ဖျားတဲ့လက္ခဏာတွေနဲ့တူပေမယ့် ကူးစက်ခံရသူတွေကို တစ်နေ့တာလုပ်ငန်းတွေ ထိခိုက်ရတာ၊ အသက်ဆုံးရှုံးစေတာ ဆေးရုံတင်ရစေနဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်လာနိုင်တာကြောင့်မပေါ့ဆဘဲ ဂရုစိုက်သင့်ပါတယ်။ Omicron က Delta ထက်လည်း ကူးစက်မှုနှုန်း ပိုမို မြန်ဆန်ပါတယ်။

Source: https://joinzoe.com/learn/omicron-symptoms