မြန်မာပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများ၏ Mobile App များကို အင်တာနက်မလိုပဲအသုံးပြုနိုင်

MPT4U App၊ MPTPay App၊ MyID App၊ Mytelpay App၊ Ooredoo App၊ Telenor App များကို အင်တာနက်မလိုပဲ လက်ရှိတွင်အသုံးပြုနေနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အက်ပလီကေးရှင်းများကို သုံးစွဲသူများအနေဖြင့် 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို ဒေတာဝန်ဆောင်ခပေးရန် မလိုဘဲ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေလက်ကျန်လွှဲပြောင်းခြင်း နှင့် နေ့စဉ်ဖုန်းအသုံးပြုမှုကိုစစ်ဆေးခြင်းကဲ့သို့သော ဝန်ဆောင်မှုများကို အင်တာနက်မလိုဘဲ အက်ပလီကေးရှင်းဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။
Payment အက်ပလီကေးရှင်းကို အသုံးပြုသူများအနေဖြင့်လည်း ငွေလက်ခံခြင်းနှင့် ငွေလွှဲပြောင်းခြင်း၊ မိုဘိုင်းဖုန်းများသို့ ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ အွန်လိုင်းမှ တစ်ဆင့်ငွေပေးချေ ခြင်းစသည့် ဝန်ဆောင်မှုများကို မိုဘိုင်းအင်တာနက်မရရှိချိန်တွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ အက်ပလီကေးရှင်း များကိုအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူများသည် ၎င်းတို့၏ဖုန်းတွင် VPN ဝန်ဆောင်မှုကိုအသုံးပြုထားပါက ယင်းတို့ကို ပိတ်ထား ရန်လိုအပ်သည်။ MPT ၏အက်ပလီကေးရှင်းများကို Android ဖုန်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး iOS ဖုန်းများတွင် မကြာမီအသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source By Myanmar Tech Press

ထို့အပြင် အရောင်းကိုယ်စားလှယ်များ၊ ဈေးဆိုင်များ အနေဖြင့်လည်း အင်တာနက် မရရှိနိုင်သည့် အချိန်မျိုးတွင် သုံးစွဲသူများနည်းတူ အဆိုပါအက်ပလီပကေးရှင်းများကို ဆက်လက်အသုံးပြုနိုင်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများကို အကောင်းဆုံးဝန်ဆောင်မှုများ ဆက်လက်ပေး အပ်နိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် မိမိတို့အသုံးပြုသည့် ဆင်းမ်ကတ်နှင့်ကွန်ရက်ကိုအသုံးပြုခြင်း မရှိပါက အဆိုပါအက်ပလီကေးရှင်း များကို အသုံးပြုနိုင် မည်မဟုတ်ကြောင်း သိရသည်။
ယခုလိုခက်ခဲသောကာလအတွင်း ဝန်ဆောင်မှုများကို အင်တာနက် ပြတ်တောက်ခြင်းအတွက် စိုးရိမ်ရန်မလိုဘဲ ဖိုင်ဘာအင် တာနက်ရရှိသည့် အချိန်အတိုင်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကာ ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာဖြင့် စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
MPT Pay သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ်နေသည်။

Photo Source https://www.facebook.com/MPTPayOfficial

သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် “MPT Pay” ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက် ရိုက်ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ပင်စင်ဝန်ဆောင် မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ “MPT Pay” ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ် ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။
MPT Pay နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက “MPT Pay” ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/MPTPayOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။ “MPT Pay” အက်ပလီကေးရှင်း ကို Android အသုံးပြုသူများအနေဖြင့် Google Play Store နှင့် iOS အသုံးပြုသူများအနေဖြင့် Apple Store မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်သည်။