AI အသိဉာဏ်တုမြင့်မားမှုနှင့်ပေါင်းစပ်ထုတ်လုပ်ထားသော vivo Y91 စမတ်ဖုန်း

Vivo ၏ Y စီးရီးများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Y91 စမတ်ဖုန်းဟာ 6.22 လက်မအကျယ်ရှိတဲ့ Halo FullView™ Display မှာ ပိုမိုသေးငယ်သော Notch ပုံစံကို ခံစားရမှာဖြစ်ပါတယ်။
သူ့ရဲ့ပုံစံက နေရောင်ခြည် စက်ဝန်းလေးနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သူ့ရဲ့ Screen-to-Body Ratio ဟာ 88.6 ရာခိုင်နှုန်း အထိရှိတာဖြစ်လို့ ပိုကြီးပြီး၊ ပိုကျယ်တဲ့ ခံစားချက်ကို ရရှိစေမှာ အမှန်ပဲဖြစ်ပါတယ်။ ထပ်မံပြီးတော့ သူ့ရဲ့တမူထူးခြားတဲ့ ဒီဇိုင်းနဲ့အတူ Smart Hand Gesture တွေဟာ ကိုယ်တွယ်အသုံးပြုရာမှာ ပိုမိုသက်သောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးပါ တယ်။
vivo ဟာ ဖုန်းအရောင်တွေရဲ့ ဖြစ်နိုင်စွမ်းတွေကို အစဉ်မပြတ် တိုးချဲ့ဖို့ ကြိုးစားလျှက် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒါ ကြောင့် Y91 ဟာ အနောက်ဖက်ကာဗာကို ဖန်ရည်သုတ်ပြီး စတိုင်ကျကျ ပြောင်လက်နေစေကာ၊ မဲနက်တဲ့အရောင်နဲ့၊ တောင်ပတဲ့အပြာရောင်တို့ ပေါင်းစပ်ထားခြင်းက စကြဝဠာရဲ့ အစွန်အဖျားဆီကို ရောက်ရရှိသွားသလိုပါပဲ။ သူ့ရဲ့ 3D ထောင့်ချိုးလေးကလည်း လက်ထဲမှာ မြဲမြဲမြံမြံနဲ့ ကွက်တိဖြစ်နေစေမှာပါ။
Y91 ရဲ့ တိကျပြတ်သားတဲ့ 8MP အရှေ့ကင်မရာဟာ ပိုမိုတိကျတဲ့ မျက်နှာသွင်ပြင်တွေကို ဖမ်းယူပေးထားမှာပါ။ သူ့မှာပါဝင်တဲ့ AI အသိဉာဏ်တုဟာ အသုံးပြုသူကို ယောက်ျားလေးလား၊ မိန်းကလေးလား၊ ဘယ်အသက်အရွယ်လဲ၊ အသားအရေနဲ့ အသားအရောင်က ဘယ်လိုမျိုးလဲ၊ ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်အခြေအနေ စတာတွေကို အလိုအ လျောက် ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် သင့်အတွက် အလှပဆုံး ဓါတ်ပုံတွေကို ဖန်တီးပေးသွားမှာ လည်းဖြစ်ပါတယ်။

Photo Source https://www.vivo.com

Y91 ရဲ့နောက်ဖက်မှာတော့ Dual Camera တပ်ဆင်ပေးထားပြီး အလွန်တရာကြည်လင်ပြတ်သားသော ပုံရိပ်တွေအတွက် 13MP နဲ့ 2MP ဆိုတဲ့ ကင်မရာနှစ်လုံးကို ပေါင်းစပ်ပေးထားပါတယ်။ သူ့ရဲ့အားသာချက်ကတော့ professional ဆန်ဆန် နောက်ခံဝေဝါးတဲ့ ဓါတ်ပုံတွေကို ဖမ်းယူရိုက်ကူးနိုင်မှာပါ။
စွမ်းဆောင်ရည်မြင့်မားသော 4030mAh Battery ဟာ စံချိန်မီသော စွမ်းအင်ထိန်းချုပ်မှုစနစ်တစ်ရပ်ကို vivo ချစ်သူတွေအတွက် ဆောင်ကျဉ်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသုံးပြုနေတုန်း ပါဝါကုန်သွားမယ့်အဖြစ် တွေကို တွေးပူစရာ မလိုတော့ပါဘူး။
Y91 မှာ 3GB RAM နဲ့ octa-core processor တပ်ဆင်ပေးထားလို့ App များစွာကို သက်သောင့်သက်သာနဲ့ အသုံးပြုနိုင်ပါတယ်။ သိမ်းဆည်းနိုင်မှုပမာဏ 64GB (256GB ထိထပ်တိုးနိုင်) ဟာလည်း သင်လိုသမျှ ဒေါင်းလော့ချဖို့ အခွင့်ရေးကောင်းတစ်ခုရနေမှာလည်းဖြစ်ပါတယ်။ ဖုန်းကို အလျင်မြန်ဆုံး Unlock ပြုလုပ်ပေးနိုင်မယ့် လက်ဗွေစနစ်ကို Y91 မှာ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Face Access နဲ့ ပေါင်းစပ်ထားခြင်းဖြင့် ဖုန်းကို Unlock လုပ်ရာမှာ ပိုမိုမြန်ဆန်ပြီး အဆင်ပြေချောမွေ့သွားစေပါတယ်။
Y91 မှာဆိုရင် အသုံးပြုသူရဲ့ လိုအပ်ချက်တွေကို နားလည်နိုင်ပြီး အဖော်မွန်ကောင်းအဖြစ် အမြဲကူညီပေးနေမယ့် အသိဉာဏ်လေးတစ်ခု ပါဝင်ပါတယ်။ သူဟာ တစ်နေ့တာအတွင်း သင်လှမ်းသမျှ ခြေလှမ်းအရေအတွက်၊ ကုန်ဆုံးသွားတဲ့ ကယ်လိုရီပမာဏ စတာတွေကို တိုင်းတာပေးနိုင်သလို၊ သင်ကြိုက်တဲ့ အားကစားအသင်းရဲ့ နောက်ဆုံးရလာဒ်တွေကိုလည်း မှတ်တမ်းတင် ဖော်ပြပေးနိုင်ပါသေးတယ်။ ဒါ့အပြင် သင်အိပ်ရာဝင် နောက်ကျခဲ့ရင်တောင် အနားယူဖို့အတွက် တိုက်တွန်း ပေးဦးမှာလည်းဖြစ်ပါတယ်။
Y91 စမတ်ဖုန်းမှာ ပါဝင်တဲ့ Smart Split ရဲ့လုပ်ဆောင်ချက်ကတော့ ရိုးရှင်းစွာပဲ လက်သုံးချောင်းကို အပေါ်ဆွဲလိုက်ရုံနဲ့ 6.22 လက်မရှိတဲ့ မျက်နှာပြင်ကို နှစ်ပိုင်းခွဲပေးနိုင်ပါတယ်။ ဒီတော့ ဗီဒီယိုကြည့်နေတုန်းမှာပဲ သူငယ်ချင်းနဲ့ Chatting နေလို့ ရတာကြောင့် ကမ္ဘာနှစ်ခုစလုံးက အကောင်းဆုံးတွေကို တစ်ပြိုင်တည်း ခံစားရရှိသလိုပါပဲ။

Photo Source https://www.vivo.com

vivo သည် စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ vivo ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ်များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo ဟာ ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါတယ်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivo ဟာ အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ကြပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com