Covid-19 ကာလအတွင်း ကျန်းမာရေးကိုအထောက်အကူဖြစ်စေမယ့် Mobile Application များအကြောင်း

ယခုလို Covid-19 ကာလအတွင်းမှာ မိမိကိုယ်ကို ကျန်းမာစွာနေထိုင်ရေးက များစွာအရေးကြီးပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဆိုင်ရာဗဟုသုတတွေကိုလည်း သိရှိနားလည်ထားတာကမမှားပါဘူး။ မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းထဲမှာ ကျန်းမာရေးဆိုင်ရာ App တစ်ခုမဟုတ်တစ်ခုတော့ ရှိနေသင့်တာအမှန်ပါပဲ။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ တွေကိုသိရှိထားဖို့ မိမိတို့ဖုန်းထဲမှာ ရှိထားသင့်တဲ့ App (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.facebook.com/myanmarfirstaid/

(၁) Myanmar First Aid App
ဒီ Application ကတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများအကြောင်းတွေအပါအဝင် အရေးပေါ်အသက်ကယ် နည်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ နိုင်ငံတစ်ဝှမ်းရှိ လူမှုကူညီရေးအသင်းများ၏ လိပ်စာဖုန်းနံပါတ်များ၊ ပုံမှန်ဖော်ပြ ပေးနေသော ကျန်းမာရေးအကြောင်းများအပါအဝင် မိမိသိလိုသော ကျန်းမာရေး မေးခွန်းများကိုမေးမြန်းနိုင်တဲ့ Mobile App တစ်ခုဖြစ်ပါတယ်။ Myanmar First Aid App ကို လူကြီး၊ လူငယ် ကျားမမရွေးဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပြီး မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကိုလည်း ကျန်းမာရေးကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ မြန်မာ ဘာသာနဲ့ရေးသားဖော်ပြထားတဲ့အတွက် အသုံးပြုရသူတိုင်း အဆင်ပြေလွယ်ကူစေမှာလည်းဖြစ်ပါတယ်။ အောက်ပါ Link က နေ ဝင်ရောက်ကြည့်ရှု Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.nckk.healthguide&hl=en

Photo Source https://bit.ly/2IVj7YY

(၂) Medicine Guide App
ဒီ Application ကတော့ အင်္ဂလိပ်ဆေးအမျိုးပေါင်း ၄၀၀ နီးပါး ၊ အင်္ဂလိပ်ဆေးအမည်ပေါင်း ၃၃၀၀ ကျော်ရဲ့ အသုံးပြုပုံတွေနဲ့ ဆေးရဲ့ရရှိနိုင်မယ့် အကျိုးအပြစ်များ၊ ဆောင်ရန်၊ ရှောင်ရန် သတိပြုရန် စသည်တွေကို အသေးစိတ်ရှင်းလင်းဖော်ပြထားတဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။ ဆေးဝါးအကြောင်းကို နားလည်သိရှိချင်သူတွေ အနေနဲ့ဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက် မိမိနဲ့သင့်တော်မယ့် ဆေးဝါးကိုလည်း ရှာဖွေသိရှိနိုင်ပါတယ်။ ဆေးဝါးတွေ အကြောင်းကို မြန်မာဘာသာနဲ့ဖော်ပြထားတဲ့အတွက် အသုံးပြုသူတိုင်းအဆင်ပြေလွယ်ကူစေပါတယ်။ အောက်ပါ Link က နေဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.marlainhmuu.nurse.medicine&hl=en

Photo Source https://www.facebook.com/drmyanmarhealth/

(၃) Dr Myanmar App
ဒီ Application ကတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတွေနဲ့သက်ဆိုင်တဲ့ဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ App တစ်ခုဖြစ် ပါတယ်။ ဒါ့အပြင် အထူးကုဆရာဝန်ကြီးတွေ ဆေးခန်းထိုင်ချိန်၊ BMI Calculator၊ Pregnancy Calculator တွေပါဝင်တဲ့ အပြင် ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဆေးခန်း၊ ဆေးရုံ၊ ဓာတ်ခွဲခန်း၊ ကုသိုလ်ဖြစ်ဆေးခန်းများကို ဖော်ပြပေးထားပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိသိရှိလိုတဲ့ အကြောင်းအရာတွေကိုလည်း App ကနေ ဆက်သွယ်မေးမြန်းနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ ဖော်ပြထားပြီး ကျန်းမာရေးဆိုင်ရာဗဟုသုတတွေ လေ့လာလိုက်စားသူ တွေအတွက် ဆောင်ထားသင့်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.drmm.zinotech&hl=en

Photo Source https://play.google.com/store/apps/details?id=com.myanplaystore.myanmar.channeldoctor&hl=en

(၄) Channel Doctor App
ဒီ App ကလည်း ကျန်းမာရေးအတွက် မဖြစ်မနေ ဆောင်ထားသင့်တဲ့ ကျန်းမာရေးလမ်းညွန် App လေးဖြစ်ပါ တယ်။ကျန်းမာရေး လေ့ကျင်းခန်းများ၊ ကလေးကျန်းမာရေး၊အစားအသောက် နှင့်ကျန်းမာရေး၊ အလှအပရေးရာ၊ အထွေထွေ ကျန်းမာရေး၊ရောဂါကာကွယ်ရေး၊ Diet plan စတဲ့ ကျန်းမာရေး လမ်းညွှန်မှုများနေ့စဉ်ဖော်ပြပေးလျက်ရှိပါ တယ်။ ကျန်းမာရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေတဲ့ Mobile App တစ်ခုဖြစ် သလို မြန်မာဘာသာနဲ့ ဖော်ပြထားပါတယ်။ အောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.myanplaystore.myanmar.channeldoctor&hl=en

Photo Source https://www.facebook.com/myanmarhospitalsopdtime/

(၅) My OPD(လူနာကြည့်ချိန်) App
My OPD app ဆိုတာကတော့ပြည်သူ့ဆေးရုံတွေရဲ့ပြင်ပ လူနာကြည့်တဲ့ရက်နဲ့အချိန်တွေကို ရှာဖွေ လို့ရတဲ့ Android စနစ်သုံး မြန်မာမိုဘိုင်း Appတစ်ခုဖြစ်ပါတယ်။ ခရိုင်ဆေးရုံ၊ တိုင်းဆေးရုံ၊ပြည်သူ့ဆေးရုံကြည့်များမှာရှိတဲ့ အထူးပြင်ပ လူနာဌာနတွေ ဘယ်နေ့ဘယ်ရက်တွေမှာ ဖွင့်သလဲ၊ ဘယ်အချိန်တွေမှာ လူနာကြည့်လေ့ရှိလဲဆိုတာကို လေ့လာလို့ရအောင် ဖန်တီးပေးထားပါတယ်။ ဒီ app က အပြင်ဆေးခန်းမှဆရာဝန်များ၊ဆေးရုံကြီးများမှာ လူနာကြည့်သော ဆရာဝန်များအတွက် လည်းအသုံးဝင်နိုင်ပါတယ်။ လူနာကို ဆေးရုံကိုလွှဲတော့မယ်ဆိုရင် ဘယ်ဆေးရုံက ဘယ်နေ့မှာပြင်လူနာကြည့်လဲသိဖို့က အရေးကြီးပါတယ်။ ကိုယ်လွှဲချင်တဲ့ဆေးရုံက ကုသရေးဌာနတစ်ခုရဲ့ လူနာကြည့်ချိန်ကို Appထဲမှာ မြန်မြန်ဆန်ဆန် ရှာလိုက်တယ်ဆိုရင် လူနာများအတွက် သွားပြရမယ့်အချိန်ကို တွက်ချက်လို့ရပါလိမ့်မယ်။ ဒီ app က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူ့ဆေးရုံများအတွက် တကယ်ထိရောက်တဲ့ သတင်းအချက်အလက်စနစ်တစ်ခုကို ပေးနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါ တယ်။ အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.cmkk.myhospopd&hl=en

Photo Source https://www.facebook.com/medicalabidan/

(၆) Medical Abidan App
Medical Abidan ဆိုတာကတော့ မြန်မာဘာသာနဲ့ရရှိပြီး အလွန်သုံးရလွယ်ကူတဲ့ ပထမဆုံးသော ကျန်းမာရေး အဘိဓာန် app လေးဖြစ်ပါတယ်။ App ထဲမှာ ဆေးပညာစာလုံးပေါင်း ၇၀၀၀ ကျော်ကို ထည့်သွင်းထားပါတယ်။ ဒီ app ကို ဆေးကျောင်းသား၊ကျောင်းသူတွေ၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ ကျောင်းသားကျောင်းသူတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေး နေတဲ့ ပညာရှင်အားလုံးအသုံးပြုနိုင်ပါတယ်။ ဆေးပညာကိုလေ့လာလိုသူ အရပ်ဘက်ပြည်သူအားလုံး ဒီ app ကို အခမဲ့ လွယ်လွယ်ကူကူသုံးနိုင်ပါတယ်။ Medical Abidan app လေးရဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်ပိုင်းကိုအသေအချာ ပြင်ဆင်ဖန်တီးထားတဲ့အတွက် အသုံးပြုသူတိုင်းအဆင်ပြေလွယ်ကူစေမှာလည်း ဖြစ်ပါတယ်။ အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.cmkk.medicaldictionary&hl=en