တယ်လီနောမြန်မာ၏ ‘တိုးတက် “Learn to Grow”ပလက်ဖောင်းမှတဆင့် အပိုထပ်ဆောင်း ပညာရေးဝန်ဆောင်မှုနှစ်ခုအားစတင်အသုံးပြုနိုင်

 

Telenor Myanmar မှ အပိုထပ်ဆောင်းပညာရေးဝန်ဆောင်မှု အသစ်နှစ်ခုဖြစ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက် အကူပြု SMS ဝန်ဆောင်မှုနှင့်ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response) ဝန်ဆောင်မှုများ အား စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ “တိုးတက်” ပညာရေးဝန်ဆောင်မှု ပလက်ဖောင်းအားမိတ်ဖက်အဖွဲ့အစည်း လေးခုဖြစ်သည့် MONO Technology Myanmar, TMAM Limited, ConceptX နှင့် 360ed (Visioneering Learning) တို့နှင့် ပူးပေါင်းပေးအပ်ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလက်မှတ်ရေးထိုးသည့် အခမ်းအနားအား (၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်) တွင် SuleShangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/TelenorMyanmar/

တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုများအားပညာရေးပိုင်းဆိုင်ရာဝန်ဆောင်မှုများအားအလွယ် တကူရယူသင်ကြားသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့်ပြုုလုပ်ထားခြင်းလည်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက် အကူပြု SMS ဝန်ဆောင်မှုများမှတဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်၎င်းတို့၏ မိုဘိုင်းဖုန်းများမှတဆင့် သက်ဆိုင် ရာပညာရပ် သင်ခန်းစာများအားအလွယ်တကူရယူသင်ကြားသွားနိုင်မည်လည်းဖြစ်သည်။

မြန်မာ၊ အင်္ဂလိပ်၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအနက် ၎င်းတို့ သင်ယူလိုသည့် ဘာသာရပ်များအတွက် သင်ခန်းစာများဝန်ဆောင်မှုများအားဖုန်းနံပါတ် 6622 သို့ [MYAN သို့ EN သို့ BIO သို့ CHEM သို့ PHYS သို့ ECO နှင့် ထို့နောက်တွင် ON] ဟုရိုက်နှိပ်ပေးပို့လိုက်ခြင်းဖြင့် အလွယ်တကူစာရင်းပေးသွင်းရယူသင်ကြား သွားနိုင်မည်ဖြစ်ပြီး စာရင်းပေးသွင်းရာတွင် ဘာသာရပ်တစ်ခုစီတိုင်းအတွက် ရက်သတ္တပတ် ၁ ပတ် (၇ ရက်) လျှင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၃၁၅ ကျပ်မျှသာကျသင့်မည်လည်းဖြစ်သည်။ ဥပမာအားဖြင့် မြန်မာစာဘာသာရပ်နှင့် ပတ်သက်သည့် သင်ခန်းစာဝန်ဆောင်မှုများအားရယူလိုပါက 6622 သို့ MYAN ON ဟုရိုက်နှိပ်ပေးပို့ရမည် ဖြစ်ပြီး ခုနှစ် ရက်တာသင်ခန်းစာများအတွက် ၃၁၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်းလည်းသိရသည်။

 

Photo Source – https://www.facebook.com/TelenorMyanmar/

စာရင်းပေးသွင်းပြီးသည်နှင့် တပြိုင်နက် အသုံးပြုသူများသည် စာရင်းပေးသွင်းထားသည့် တစ်ဘာသာချင်းစီအတွက် တစ်ရက်လျှင် SMS နှစ်စောင် (မနက် ၉ နာရီနှင့် နေ့လည် ၃ နာရီ) ရရှိမည်ဖြစ်ပြီးအဆိုပါ SMS များတွင် မှန်/မှား၊ အဖြေမှန်ရွေးချယ်ခြင်းနှင့် ကွက်လပ်ဖြည့်ပါ သင်ခန်းစာများအတွက် မေးခွန်းများနှင့်အဖြေများ ပြည့်စုံစွာပါရှိမည်လည်းဖြစ် သည်။

သင်ခန်းစာတစ်ခုချင်းစီတိုင်းအားသက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့နှင့် သက်ဆိုင်ရာဘာသာရပ် သင် ကြားသည့်တက္ကသိုလ်ဝင်တန်းဆရာ၊ဆရာမများပူးပေါင်း၍ ပြုစုထားခြင်းဖြစ်ပြီး သင်ခန်းစာများအား နိုင်ငံတဝန်းမှ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တရားဝင်ရေးဆွဲထားသည့် ပြဌာန်းစာအုပ်များထံမှ ရယူကောက်နုတ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် အဆိုပါ သင်ခန်းစာတစ်ခုချင်းစီတိုင်းအားရွေးချယ်ရာတွင် ကျောင်းသားကျောင်းသူများအလွယ်တကူနားလည်သဘောပေါက်စေရန်နှင့် ၎င်းတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆင့်ပေါင်း ၈ ဆင့်မှ ၁၂ ဆင့်အထိပါဝင်သည့် စစ်ဆေးအကဲဖြတ်မှုစနစ်ဖြင့် ရွေးချယ်ထားခြင်းဖြစ်ကြောင်း လည်း သိရသည်။

Photo Source – https://www.facebook.com/TelenorMyanmar/

နိုင်ငံခြားဘာသာစကားများအားလေ့လာရန် စိတ်ပါဝင်စားသော သူများအတွက်ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response) ဝန်ဆောင်မှုကိုလည်းစတင်စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး စိတ်ပါဝင်စားသောဘာသာရပ် များအားအချိန်မရွေးအဆင်ပြေလွယ်ကူစွာလေ့လာသင်ကြားသွားနိုင်တော့မည်ဖြစ်သည်။ လက်ရှိတွင် အသုံးပြုသူများအနေ နှင့် အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယားနှင့် ဂျပန် ဘာသာစကားများအတွက် စကားစုများ၊ နေ့စဉ်သုံးစကားရပ်များနှင့်သဒ္ဒါ သင်ခန်းစာများအားရယူသင်ကြားသွားနိုင်မည်ဖြစ်ပြီးဘာသာရပ်တစ်ခုချင်းစီတိုင်းအတွက် သတ်မှတ်ပေးထားသည့် ကုတ် နံပါတ်များအားတိုက်ရိုက်ဖုန်းခေါ်ဆို၍ သင်ခန်းစာများအားစာရင်းပေးသွင်းရယူသွားနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။ ဘာသာရပ် တစ်ခုချင်းစီတိုင်းအတွက် စာရင်းပေးသွင်းခနှုန်းထားမှာရက်သတ္တပတ် ၁ ပတ်လျှင် ကုန်သွယ်လုပ်ငန်းခွန်အပါ အဝင် ၃၁၅ ကျပ်မျှ ကျသင့်မည်ဖြစ်သည်။

ထိုသို့ စာရင်းပေးသွင်းပြီးသည်နှင့် အသုံးပြုသူများသည် ပေးအပ်ထားသည့်သင်ခန်းစာများအား ၇ ရက်အတွင်း အကန့် အသတ်မရှိခေါ်ဆိုသင်ယူနိုင်မည်ဖြစ်ပြီး သင်ခန်းစာများအားတစ်ပတ်လျှင် တစ်ကြိမ်ပြင်ဆင်ပေးသွားမည်လည်းဖြစ်သည့် အတွက် မတူညီသောသင်ခန်းစာများအားသင်ယူသွားနိုင်မည်ဖြစ်သည်။ ဘာသာရပ်တစ်ခုစီတိုင်းအတွက် တိုက်ရိုက်ဖုန်းခေါ် ဆိုခွင့် ကုတ်နံပါတ်များမှာလည်း- အင်္ဂလိပ် 3071- ထိုင်း 3072- ကိုရီးယား 3073- ဂျပန် 3074 စသည့်ကုဒ်နံပါတ်များဖြစ် ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/TelenorMyanmar/

အလားတူတယ်လီနောအသုံးပြုသူများအနေဖြင့် 307သို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍လည်း ၎င်းတို့ ကြိုက်နှစ်သက်ရာဘာ သာစကားလေ့လာခြင်းဆိုင်ရာ IVR ဝန်ဆောင်မှုအားရွေးချယ်ရယူသွားနိုင်မည် ဖြစ်သည်။

ဝန်ဆောင်မှု နှစ်ခုလုံးတွင် နှစ်စဉ်စာရင်းပေးသွင်းမှုစနစ် အသုံးပြုထားပြီးဝန်ဆောင်မှုအားစာရင်းပေးသွင်းရယူလိုက်သည့် အချိန်မှစ၍ ရပ်တန့်မှုမပြုလုပ်မီအချိန်အထိ အပတ်စဉ် ငွေပေးချေမှုစနစ်ဖြင့် ကျသင့်ငွေများအားကောက်ခံသွားမည် ဖြစ်သည်။ အသုံးပြုသူများသည် ရယူမှု ရပ်တန့်လိုသောဘာသာရပ်များအပေါ် မူတည်၍ [MYAN သို့ EN သို့ BIO သို့ CHEM သို့ PHYS သို့ ECO နှင့် ထို့နောက်တွင် OFF] ဟုရိုက်နှိပ်ပေးပို့လိုက်ခြင်းဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုများအားရယူမှုကိုအလွယ်တကူရပ်တန့်နိုင်မည် ဖြစ်သည်။

အလားတူပင် အသုံးပြုသူများသည် ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR ဝန်ဆောင်မှု ရယူခြင်းအားလည်း *979*3*2# သို့ တိုက်ရိုက်ဖုန်းခေါ်ဆို၍ အလွယ်တကူရပ်တန့်နိုင်မည် ဖြစ်သည်။