မော်တော်ယာဉ်များ၊ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များလုံခြုံရေးအတွက် GPS Tracker တပ်ဆင်ပေးတဲ့ DPS

ကိုယ်ပိုင်ကားအသုံးပြုသူတွေပဲဖြစ်ဖြစ်၊ မော်တော်ကားအများကြီးနဲ့ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်နေသူပဲဖြစ်ဖြစ် ကားလုံခြုံ ရေးဆိုင်ရာနဲ့သတင်းအချက်အလက်ကို မျက်ကွယ်ရာကနေ တိတိကျကျခိုင်ခိုင်မာမာသိရှိနိုင်ဖို့ဆိုတာ အဆင့်မြင့်နည်းပညာ ပစ္စည်းတစ်ခုခုတော့ အသုံးပြုမှအဆင်ပြေမှာလည်းဖြစ်ပါတယ်။ လုပ်ငန်းသုံးကားများ လုံခြုံစိတ်ချစေဖို့က ကုမ္ပဏီတိုင်းအ တွက် အသက်ပါပဲ။ ကိုယ့်ကားတွေရဲ့ ခရီးလမ်းကြောင်းနဲ့ ပတ်သက်ပြီးစိတ်တိုင်းကျဆောင်ရွက်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ကိုမြှင့်တင်နိုင်မှ ထိရောက်တဲ့ လုပ်ငန်းတိုးတက်မှုကို ရရှိမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/DPSMyanmar/

ဒါ့အပြင် ယနေ့ခေတ်အခါမှာလည်း သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ အိမ်မွေးတိရစ္ဆာန်တွေအတွက် လုံခြုံစိတ်ချစေ ဖို့ လူပင်ပန်းသက်သာပြီးစနစ်တကျစောင့်ကြည့်နိုင်ဖို့ နည်းပညာအထောက်အကူပြုပစ္စည်းတချို့ကလည်း များစွာအထောက် အကူဖြစ်စေမှာပါပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် DPS မှာ GPS ပိုင်းနဲ့ပတ်သက်ပြီး ဝန်ဆောင်မှု အကုန်လုံးကို ရယူနိုင်ပါပြီ။ DPS ရဲ့ GPS က ကိုယ့်ရဲ့ကားတွေကို ကွန်ပြူတာ၊ မိုဘိုင်းဖုန်းမှတဆင့် တည်နေရာတွေကို ကြည့်ရှုပြီး စီမံ့ခန့်ခွဲနိုင်တဲ့အတွက် ကုမ္ပဏီတွေအတွက်အလွန်အဆင်ပြေတဲ့ အထောက်အကူပစ္စည်းတွေဖြစ်သလို Personal GPS Tracker ကတော့ ကလေး သူငယ်တွေသက်ကြီးပိုင်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက်အသုံးဝင်တဲ့နည်းပညာအထောက်အကူပြု ပစ္စည်းလည်းဖြစ်ပါ တယ်။

Photo Source – https://www.facebook.com/DPSMyanmar/

GPS Tracker ဆိုတဲ့နေရာမှာလည်း ကားတွေမှာတပ်လို့ရတဲ့စက်လို့လူသိများကြပေမယ့် တကယ်တော့ ကားတွေအပြင်လူ တွေ၊အိမ်မွေးတိရစ္ဆာန်တွေမှာလည်းအသုံးပြုနိုင်ပါတယ်။ Personal GPS Tracker နင့် Pet mini GPS Tracker ဆိုပြီးလည်း နှစ်မျိုးရှိပါတယ်။ Personal GPS Tracker ကိုတော့ ခလေးသူငယ်တွေသက်ကြီးပိုင်တွေနဲ့ တစ်ကိုယ်ရေသမားတွေ အတွက် တော်တော်လေး အသုံးဝင်ပါတယ်။ မိမိတို့ချစ်ရတဲ့ အဖိုး၊အဖွား၊အဖေ၊အမေတို့ အပြင်သွားလို့ လမ်းပျောက်သွားတာမျိုး တွေကို ကာကွယ်ပေးဖို့ကူညီနိုင်ပါတယ်။ ကလေးသူငယ် ပြန်ပေးဆွဲမူတွေ၊ လျှောက်သွားတတ်တဲ့ သားသားမီးမီးလေးတွေ အတွက်လည်းများစွာအသုံးဝင်ပါတယ်။
DPS ရဲ့အခြားဝန်ဆောင်မှုလုပ်ငန်းတွေကတော့ Telecommunication လုပ်ငန်းများအနေဖြင့် မိမိတို့တည်ဆောက်လိုသော Telecom Tower များ၏ X,Y ကိုပေးရုံဖြင့် မြေပုံပေါ်တင်ပြီး မြေပုံစာအုပ်ထုတ်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပါသည်။ ဒါ့ အပြင် Site Hunting, Site Acquisition, Land Lease, Contrast and Legal Service နှင့် Site တစ်ခုခြင်း၏ လိုအပ်သော Detail အချက်အလက်အားလုံးကို လိုက်လံ ကောက်ခံပေးခြင်းများ ၊ Report လုပ်ပေးခြင်းများအား ပြုလုပ်ပေးလျက်ရှိပါ သည်။

Photo Source – https://www.facebook.com/DPSMyanmar/

စိုက်ပျိုးမြေများ ၊ အိမ် ၊ ခြံ ၊ မြေများ ၊ စက်မှုဇုန်များအတွက် မြေကွက်များ တိုင်းတာတွက်ချက်ခြင်း ၊ မြေပုံ Site Plan များရေးဆွဲပေးခြင်း ၊ လမ်းဖောက်လုပ်ရန် လမ်းအူမြောင်းများ ရှာပေးခြင်း ၊ လမ်း အကွာအဝေးများ တွက်ချက် တိုင်းတာခြင်း ၊သတ္တုရှာဖွေခြင်း ၊ လုပ်ငန်းများ အတွက် စီမံကိန်းမြေကွက်များကို ဂြိုလ်တုပုံများပေါ်တွင် အကွက်ချ၍ အသေးစိတ်ကို လိုအပ်သော Paper Size အမျိုးမျိုးဖြင့် Print ထုတ်ပေးခြင်းလုပ်ငန်းတွေကိုလည်းဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေး ဈေးကွက်လုပ်ငန်းများ ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ အစရှိသည့်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြို့ ၊ ရွာများနှင့် လမ်းများ၏ တည်နေရာများ ၊ရပ်ကွက် ၊ ကျေးရွာအုပ်စုများ၏ တည်နေရာများ အသေးစိတ်မြေနေရာများကို လူဦးရေ ၊ အကျယ်အဝန်းနှင့် အခြားမိမိလုပ်ငန်းနှင့် ဆက်စပ်နေသည့် အချက်အလက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်ထားသည့်ပြည်နယ်နှင့် တိုင်းဒေသကြီးမြို့နယ် ၊ ကျေးရွာအုပ်စုစသည့် မြေပုံများကို GIS Database Software များအသွင်ဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/DPSMyanmar/

မိမိနှစ်သက်သောမြေပုံကို မိမိတို့လိုအပ်သော အရွယ်အစားနှင့်မိမိတို့ထည့်သွင်းလိုသော Logo များ ၊ ထည့်သွင်းလိုသော အချက်အလက်များကို Vinyl (သို့မဟုတ်) Photo Paper ဖြင့်ပုံကြီးချဲ့၍ ကြည်လင်ပြတ်သားစွာ Plot ထုတ်ပေးလျက်ရှိပြီး ရရှိနိုင်သော မြေပုံများမှာလည်း ကမ္ဘာ့မြေပုံ ၊ မြန်မာပြည်မြေပုံများမှ အစ မြို့တစ်မြို့ချင်းမြေပုံ အသင့်ရေးဆွဲပြီးစီးသည်အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
မြေပုံနှင့်တစ်ပါတည်းကြောငြာနိုင်သည့် ကိုယ်ပိုင် Guide Map များ ၊ လက်ကမ်းစာစောင်များကို ပြီးစီးသည်အထိ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။မြေပုံ ပုံကြမ်းပေးပါက ပုံချောဖြစ်အောင် ရေးဆွဲပေးသည့် ဝန်ဆောင်မိမိလယ်မြေ၊ ကွင်းကို တိုင်းရန် GPS ငှားသည်၊ ရောင်းသည်၊ မြေပုံထွက်သည်အထိဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင်သောင်ထွန်း နူံးတင်မြေနုများ တိုးပွားလာခြင်း၊ ရေတိုက်စား၊ မြေပြိုမှုကြောင့်လျော့နည်းသွားခြင်းနှင့် မြေလွတ်၊ မြေရိုင်းများ ခြံ၊ မြေ၊ လယ်မြေများ မြေပုံတိုင်းတာပြုစုနိုင်မှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/DPSMyanmar/

လက်ကမ်းစာစောင်များ (Flyers, Brouchers) ၊ ပြက္ခဒိန် (စားပွဲတင် ၊ နံရံကပ် ၊ အိပ်ဆောင် ) အမျိုးမျိုး ၊ Post Card , Greeting Card, New Year Card, Christmas Card အမျိုးမျိုး ၊ လိပ်စာကဒ် ၊ Letter Head, Envelope အမျိုးမျိုး ၊ Silk-Screen Printing-Cotton Banner, Board အမျိုးမျိုး ၊ Sticker အမျိုးမျိုး ၊ တီရှပ်များ ၊ စပို့ရှပ်များ ပေါ်တွင် ကုမ္မဏီ Logo အမှတ်တံဆိပ်တီထွင်ရေးဆွဲပေးခြင်းတို့ကိုလည်း ဝန်ဆောင်မှုပေးနေတဲ့ DPS လည်းဖြစ်ပါတယ်။
အသေးစိတ်သိလိုပါက အောက်ပါ Link များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/DPSMyanmar/
https://myanmar.dpsmap.com/