Mobile World Congress Shanghai 2019 တွင် Vivo မှ 5G နည်းပညာသစ်၊ Vivo AR Glass နှင့် Super FlashCharge 120W အား မိတ်ဆက်

၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်၊ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်သော Mobile World Congress (MWC) Shanghai 2019 တွင် Vivo မှ 5G နည်းပညာသစ်၊ Vivo AR Glass နှင့် Super FlashCharge 120 W အားမိတ်ဆက်မိတ် ဆက်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
ယခုနှစ်အတွင်း MWC ၏ ဆောင်ပုဒ်ဖြစ်သော “စွမ်းရည်မြင့်မားသည့် ဆက်သွယ်မှု” နှင့်အညီ Vivo မှ 5G ရရှိသော စမတ်ပစ္စည်းများနှင့်အက်ပလီကေးရှင်းများအား မိတ်ဆက်ပြသခဲ့သည့်အပြင် နည်းပညာသစ်ထိုးဖောက်တီထွင်မှုနှင့် အနာ ဂတ်မိုဘိုင်းဖုန်း အတွေ့အကြုံမျိုးဆက်ကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source – https://www.vivo.com

5G ရရှိသည့် စမတ်ဖုန်းများကို အခြေခံပြီး Vivo မှ AR Glasses ၊ စမတ်နာရီများ ၊ စမတ်နားကြပ်များနှင့် အခြားပစ္စည်းများ ပါဝင်သော 5G ပစ္စည်းများ မိတ်ဆက်ပေးနိုင်မှုကိုချဲ့ထွင်နိုင်ရန် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး စမတ်ပစ္စည်းအမျိုးမျိုး၊ အက်ပလီကေး ရှင်းအမျိုးမျိုးနှင့် ချည်းကပ်မှုနည်းစနစ်အမျိုးမျိုးတို့ကို ၎င်း၏ တိုးတက်မှုအဖြစ် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နှင့် လက်တွေ့ကမ္ဘာကို ဆက်သွယ်ပေးခြင်းဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ် ကြောင်းလည်း Vivo မှ ထုတ်ပြန်ကြေညာထားသည်။
“Vivo ရဲ့ ရည်ရွယ်ချက်အတိုင်း အသုံးပြုသူတွေကို အကောင်းဆုံးအသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ စမတ်ပစ္စည်း တွေနဲ့ စမတ်ဝန်ဆောင်မှုတွေ စတဲ့အမြဲဆန်းသစ်တဲ့ ထုတ်ကုန်တွေကို တီထွင်သွားမှာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ပင်မ လုပ်ငန်း ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ နည်းပညာအသစ်နဲ့ တီထွင်မှုအသစ်ကတစ်ဆင့် ပြည်သူတွေရဲ့ ဘဝနေထိုင်မှု မြင့်မားစေခြင်းနဲ့ လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးမားတဲ့အကျိုးသက်ရောက်မှု ရရှိစေမယ်လို့ ကျွန်တော်တို့ အနေနဲ့ မျှော်လင့်ပါတယ်” ဟု Vivo ရဲ့ Senior Vice President ဖြစ်သူ Spark Ni က ပြောကြားခဲ့ပါသည်။

Photo Source – https://www.vivo.com

အဆိုပါပြပွဲတွင် 5G ကွန်ယက်နှင့် 5G စမတ်ဖုန်းကို အခြေခံပြီး 5G အက်ပလီကေးရှင်း အမျိုးမျိုးဖြစ်သော 5G Cloud Game ၊ 5G Screen Mirroring နှင့် 5G EashyShare တို့အပြင် စမတ်နည်းပညာအမျိုးမျိုးကိုလည်း Vivo မှ မိတ်ဆက်ပြသခဲ့သည်။
ဥပမာအနေဖြင့် MWC တွင် လက်တွေ့ပြသခဲ့သော 5G Cloud Game သည် စမတ်ဖုန်းပေါ်တွင် အလိုအလျောက် ကစားနိုင်မည် မဟုတ်သော်လည်း 5G ကွန်ယက် cloud ပေါ်တွင် 5G ၏ ultra-high speed နှင့် ultra-low latency တို့ကို ရရှိနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် cloud မှ မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝန်ဆောင်မှုများ၊ ဗွီဒီယိုများနှင့် သီချင်းများလည်း တစ်ချိန်တည်းတွင် ကြည့်ရှုနားဆင်နိုင်မည်ဖြစ်လည်းဖြစ်သည်။ ထို့ပြင်မိုဘိုင်းဖုန်းမှ cloud ကို နည်းစနစ်လုပ်ဆောင်မှု ပြောင်းလဲလုပ်ဆောင်ခြင်းအားဖြင့် အသုံးပြုသူများသည် high-definition ပုံရိပ်အရည်အသွေးနှင့် low-latency ဂိမ်းအတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်ပြီး ယခုမော်ဒယ်သည် 5G Screen Mirroring နှင့် 5G EasyShare ကိုလည်း လုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူများသည် 5G ဝန်ဆောင်မှုများတွင် အခြားအက်ပလီ ကေးရှင်းများကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်တော့မည်မဟုတ်ကြောင်းလည်းသိရသည်။

Photo Source – https://www.vivo.com

Vivo သည် ၂၀၁၉ ခုနှစ်၊ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်သော MWC Shanghai တွင် dual-screen display နှင့် 6DoF နည်းပညာရရှိနိုင်သော ၎င်း၏ ပထမဆုံး Vivo AR Glass ကို မိတ်ဆက်ပြသခဲ့ပြီး အသုံးပြုသူများအနေဖြင့် 5G စမတ်ဖုန်းများနှင့် ချိတ်ဆက်ပြီးနောက် mobile office ၊ AR games ၊ 3D high-definition video ၊ facial recognition နှင့် object recognition စသည့် အခြားအက်ပလီကေးရှင်းများကိုလည်း Vivo AR Glass ပေါ်တွင် အသုံးပြုရရှိနိုင်မည်ဖြစ်သည်။
Vivo AR Glass မှ အကြောင်းအရာကို ခန့်မှန်းပြီးသည်နှင့် 5G စမတ်ဖုန်းသည် အသုံးပြုသူများကို အက်ပလီကေးရှင်း ရွေးချယ်ခြင်းနှင့် ပိတ်ခြင်း၊ ဖွင့်ခြင်းများ ရရှိရန်ထိန်းချုပ်ပေးမည်လည်းဖြစ်သည်။ ဥပမာအနေဖြင့် ဂိမ်းဆော့နေစဉ် စမတ်ဖုန်းသည် အဓိကဂိမ်းဆော့နိုင်ရန် Game Console အနေဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး mobile office setting တွင် စမတ်ဖုန်းသည် ကီးဘုတ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ လက်ရှိတွင် Vivo AR Glass မှ ထောက်ပံ့ပေးနေ သည့် အက်ပလီကေးရှင်း ၅ မျိုးမှာ – mobile game, mobile office, 5G theatre, facial recognition နှင့် object recognition တို့ ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.vivo.com

Industry – Vivo Super FlashCharge 120W မှ 50% အားပြည့်ရန် အချိန် ၅ မိနစ်သာ အားသွင်းရခြင်း
Vivo Super FalshCharge 120W သည် MWC Shanghai တွင် ပြသခဲ့သော နောက်ထပ် ထိုးဖောက်ဆန်းသစ်တီထွင်မှု အသစ်ဖြစ်ပြီး The Super FlashCharge 120W သည် အထူးပုံဖော်ထားသော အားသွင်းကြိုး Type-C နှင့် travel Charger ၊ 120W ultra-high power charging (20V/6A) ဖြင့် ပြုလုပ်ထားသည့် အားသွင်းနည်းပညာစနစ်အသစ်လည်းဖြစ်သည်။ သုသေသနအခန်းတွင် စမ်းသပ်ထားသည့် အချက်အလက်များအရ Vivo Super FlashCharge 120W သည် 4,000mAh ဘက်ထရီ ပါရှိပြီး 0 မှ 50% အားပြည့်ရန် အချိန် ၅ မိနစ်သာကြာပြီး အားအပြည့်ကို ၁၃ မိနစ်အတွင်းသွင်းနိုင်မည်လည်းဖြစ် သည်။
Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။