ထိုင်းဘာသာစကားလေ့လာလိုသူများအတွက် GYS Online Class မှသင်တန်းများဖွင့်လှစ်

ထိုင်းစကားကို အွန်လိုင်းကနေ လေ့လာချင်တဲ့သူတွေအတွက် GYS Online Class မှ သင်တန်းများဖွင့်လှစ်ပို့ချပေးနေပြီဖြစ် ကြောင်းသိရပါတယ်။ Thai ဘာသာစကားကို အခြေခံကစပြီး စနစ်တကျ တတ်မြောက်ချင်သူများအတွက် Thai Language Online Class အခြေခံသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်တယ်လို့လဲ သိရပါတယ်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်လိုတဲ့သူတွ၊ အလုပ်လုပ်နေတဲ့သူတွေ၊ ထိုင်း တက္ကသိုလ်တွေမှာသွားရောက်ပညာ၊ သင်ကြားလိုတဲ့သူတွေ၊ ထိုင်းရုပ်ရှင်များ သီချင်းများဘာသာပြန်လိုတဲ့သေူတွ၊ ထိုင်းနိုင်ငံနှင့် စီးပွားရေးလုပ်နေတဲ့သူတွေ ထိုင်းက ပစ္စည်းတွေ တသင်သွင်းရောင်းချနေတဲ့ Online Shopping လုပ်တဲ့သူတွေအပြင် ထိုင်းဘာသာစကားကို အပြင် သင်တန်းမှာ တက်ရောက်ဖို့အတွက် အချိန်မပေးနိုင်သူတွေ တက်ရောက်သင့်တဲ့သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/GYS.OC/

Level 1 မှာ သင်ကြားပေးမှာတွေကတော့ အခြေခံ ထိုင်းဗျည်း နှင့် သရ များ၊ အခြေခံ ထိုင်းဗျည်း + သရ ပေါင်းစပ်အသံထွက်ခြင်း၊ အခြေခံ နေ့စဉ်သုံးထိုင်းစကားလုံးများ၊ အခြေခံ နှုတ်ဆက်ခြင်း အသံထွက်ပုံလမ်းညွှန် မိမိကိုယ့်ကိုယ်မိတ်ဆက်ခြင်းအစရှိတာတွေကို အဓိကက သင်ကြားပေးသွားမှာဖြစ်ပါတယ်။
Level 2 မှာ သင်ကြားပေးမှာတွေကတော့ ဝါကျနှော Pattern ထိုင်းစာကြောင်းတည်ဆောက်ပုံတွေကို ဦးစားပေးသင်ကြားမှာဖြစ်ပြီး Read the passage စာပိုဒ်များ၊ Listening & Speaking Skill အတွက် ၂၄နာရီမတူညီတဲ့အချိန်အခေါ်အဝေါ်ထိုင်းဝေါဟာရများ၊ရက်သတ္တပတ်ခုနှစ်ရက်၊ နှစ်တနှစ်၏ဆယ်နှစ်လရာသီအခေါ်အဝေါ် များ၊ လူ့ခန္ဓာကိုယ်ရှိအစိတ်အပိုင်းများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာဝေါဟာရများ၊ မိသားစုအခေါ်အဝေါ်စကားလုံးများ စတာတွေကို သင်ကြားမှာဖြစ်ပါတယ်။
Level ၃ မှာ သင်ကြားပေးမှာတွေက Grammar သင်ခန်းစာတွေအပြင် Reading တွေ ရော သင်ကြားပေးမှာဖြစ်ပြီး စကားပြော (Speaking & Listening)ကို ဦးစားပေးသင်ကြားပေးမှာဖြစ်ပါတယ်။ သင်ကြားပေးမဲ့ Topic တွေက တော့ ဈေးဝယ်ထွက်ခြင်း၊ အလုပ်အကိုင်၊ စားသောက်ဆိုင်၊ အရသာအခေါ်အဝေါ်၊ အရောင်များ၊ အဝတ်အထည်ဒီဇိုင်းများ၊ နေရာများ၊ လမ်းကြောင်းများ၊ ဟိုတယ်၊ အသီးအနှံများ စတာတွေပဲဖြစ်ပါတယ်။
Group ထဲမှာ ရာသက်ပန် လေ့လာနိုင်ဖို့အတွက် သင်တန်းကြေးကို လစဉ်ကောက်ခံမှာမဟုတ်ဘဲ တစ်ခါတည်းပေးသွင်းရုံနဲ့ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်တန်းကြေးကတော့ Level 1 – 18,000 Kyats၊ Level 2 – 25,000 Kyats၊ Level 3 – 36,000 Kyats ကျသင့်မှာဖြစ်ပြီး သင်တန်း ကာလ အားလုံးပေါင်း ၅ လခန့်ကြာမြင့်မှာဖြစ်ပါတယ်။ Online သင်တန်းဖြစ်ပြီး Facebook Private Group နဲ့သင်ကြားမှာဖြစ်ပါတယ်။ Certificate လိုချင်သူများအတွက်လည်း စီစဉ်ပေးမှာ ဖြစ်ပါတယ်။

Photo Source https://www.facebook.com/GYS.OC/

သင်တန်းချိန်ကတော့ တစ်ရက် ၂၄ နာရီ ကြိုက်တဲ့အချိန်တက်လို့ရသလို Register လုပ်ပြီးတာနဲ့တက်ရောက်နိုင်မှာဖြစ်ပါ တယ်။ GYS Online သင်တန်းရဲ့ အထူးခြားဆုံး အချက်ကတော့ Group ထဲထည့်ပြီး Private Chat ကနေဆက်သွယ်ပြီး သင်တန်းဆရာနဲ့တိုက်ရိုက် One by One ဆွေးနွေးလို့ရမှာဖြစ်ပါတယ်။
သင်တန်းကြေးလွဲဖို့အဆင်ပြေအောင် KBZ/AYA/CB/YOMA/KBZ Pay/Wave Pay အကုန်စီစဉ်ပေးထားမှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/GYS.OC/