အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းများကို လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ရေးသားထားသော A Yay Paw mobile application

မိမိကိုယ်ကို ကျန်းမာစွာနေထိုင်ရေးက များစွာအရေးကြီးပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဆိုင်ရာဗဟုသုတတွေကိုလည်း သိရှိနားလည်ထားတာကမမှားပါဘူး။ လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍတွေထဲမှာ နံပါတ်တစ်ပါပဲ။ ဒါ့ အပြင် မိမိနေထိုင်ရာပတ်ဝန်းကျင်မှာလည်း မိမိတို့ချစ်ခင်ရာ မိတ်ဆွေသူငယ်ချင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ တွေကို လက်ဆင့်ကမ်းမျှပေးဝေနိုင်ခြင်းကလည်း ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။
ကျန်းမာရေး ဆိုင်ရာ ဗဟုသုတတွေကို ဘယ်လိုနည်းလမ်းနဲ့ရှာဖွေနိုင်တယ်။ ဘယ်လိုလက်ဆင့်ကမ်းမျှဝေရမယ် ဆိုတာကို သိရှိနား လည်နိုင်ဖို့ မိမိ သိနားလည်ထားတဲ့ အသိပညာနဲ့ တတ်နိုင်သလောက်လက်ဆင့်ကမ်းမျှသင့်ပါတယ်။ မိမိတို့နေ့စဉ် အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းထဲမှာ ကျန်းမာရေးဆိုင်ရာ App တစ်ခုမဟုတ်တစ်ခုတော့ ရှိနေသင့်တာအမှန်ပါပဲ။

Photo Source https://play.google.com/store/apps/details?id=xyz.springrevolution.frontline

နည်းပညာပိုင်းဆိုင်ရာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေအပြင် နေ့စဉ်လိုအပ် ချက်တွေကို Website နဲ့ Application တွေကနေ အလွယ်တကူ ပိုမိုဖြေရှင်းလာကြပါတယ်။ ယခုနှစ်အတွင်းမှာ ထွက်ရှိလာတဲ့ ကျန်းမာရေး App တွေထဲမှာ ပြည်သူများအတွက် အရေးပါအသုံးဝင်လွန်းတဲ့ App တစ်ခုက တော့ A Yay Paw Mobile Application လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
A Yay Paw application ဟာ ထိရောက်လွယ်ကူသော အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းများကို မြန်မာပြည် သူပြည် သားတိုင်း မိမိကိုယ်တိုင် အထိုက်အလျောက် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ရေးသားထားသော mobile application တစ်ခု ဖြစ်ပါတယ်။ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း၊ အိမ်တိုင်း၊ နေရာတိုင်းမှာ အရေးပေါ် ပြုစုစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ အတွက် A Yay Paw App က များစွာအထောက်အကူဖြစ်စေမှာလည်းဖြစ်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=xyz.springrevolution.frontline

A Yay Paw App မှာတော့ လတ်တလော ဒဏ်ရာရသူအတွက် အရေးပေါ်ဆေးကုသနည်းအပါအဝင် လူနာအတွက် လိုအပ် တဲ့ပစ္စည်းများ၊ မြန်မာပြည်တွင်းလက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများကြောင့် ဆေးကုပေးမည့်သူ၏ ကြိုတင်နေရာ ယူပြင်ဆင်ခြင်းများ၊ လူနာဦးစားပေးအဆင့်ခွဲခြားခြင်း၊ လူနာကို စတင်စစ်ဆေးခြင်းများ၊ မျက်ရည်ယိုဗုံးထိသည့်အခါ လုပ် ဆောင်သင့်သည့် နည်းလမ်းများ၊ ပွန်းပဲ့ဒဏ်ရာအတွက် အရေးပေါ်ဆေးကုသနည်းများ၊ ဦးခေါင်းပိုင်းထိခိုက်မှုအတွက် အရေးပေါ်ဆေးကုသနည်းများ၊ သေနတ်ထိမှန်ဒဏ်ရာအတွက် ဆေးကုသနည်းများ၊ အရိုးထိဒဏ်ရာအတွက် ဆေးကုသနည်း လမ်းညွှန်များ၊ လူနာသယ်ဆောင်နည်းများ၊ မီးလောင်ဒဏ်ရာအတွက် ဆေးကုသနည်းများ စတာတွေအပြင် App ကို အသုံးပြုသူတိုင်းအတွက် ဉာဏ်စမ်းမေးခွန်းများပါရှိမှာဖြစ်ပါတယ်။
အဆိုပါ App အနေနဲ့ လူတိုင်း နားလည်တတ်သိထားသင့်သည့် နည်းလမ်းများကိုလည်း အလျဉ်းသင့်သလို ထပ်မံ၍ ဖြည့်စွက်ပေးသွားမည်ဖြစ်ပြီး application တွင် ရေးသားထားသော စာများ၊ ပုံများ၊ ဗီဒီယိုဖိုင် များအား လွတ်လပ်စွာ ကူးယူမျှဝေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ လိုအပ်ချက်များ၊ အကြံဉာဏ်များ ပေးပို့လိုပါက အောက်ဖော်ပြပါ Facebook သို့မဟုတ် Email မှတစ်ဆင့် ဆက်သွယ်ပေးပို့နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ အောက်ပါ Link မှာဝင် ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=xyz.springrevolution.frontline