.စက်မှုထုတ်ကုန်၊ ရောင်းသူ၊ ဝယ်သူ၊ ဆောက်လုပ်ရေး၊ စက်ယန္တရား နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းများကို လွယ်ကူစွာ ချိတ်ဆက်ပေးတဲ့ Digital Tool Industrial Platform

ယနေ့ခေတ်ကာလလမှာ ထုတ်ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် Network ကျယ်ပြန့်ဖို့အရေးကြီးပါ တယ်။ အဲ့ဒီအတွက်ကြောင့်လည်း မိမိလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းပေါင်းများစွာကို ချိတ်ဆက်ဆက်သွယ် နိုင်ဖို့ကြိုးစားကြရမှာပါ။ မိမိလုပ်ကိုင်နေတဲ့ စီးပွားရေးနယ်ပယ်က ဆက်စပ်လုပ်ငန်းတွေကို အလွယ်တကူရှာဖွေချိတ်ဆက် နိုင်ဖို့ဆိုတာလည်း လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။
လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်သူများအနေနဲ့လည်း မိမိလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို အလွယ်တကူချိတ်ဆက်နိုင် ဖို့ဆိုတာ ယနေ့ခေတ်အနေအထားအရ များစွာသော အခက်အခဲ တွေကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် နည်းပညာအသုံးပြုထားတဲ့ Platform တစ်ခု ခုကနေ ချိတ်ဆက်ဆောင်ရွက်တာကလည်း အလွယ်အကူဆုံးနဲ့ ထိရောက် မှုမြန်ဆန်စေမှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/dtmfb/photos/a.101877878254322/336069998168441

ခုဖော်ပြပေးမယ့် App ကတော့ စက်မှုထုတ်ကုန်၊ ရောင်းသူ၊ ဝယ်သူ၊ ဆောက်လုပ်ရေး၊ စက်ယန္တရားနဲ့ ဆက်စပ်ပစ္စည်း လုပ် ငန်းများစွာကို တစ်နေရာတည်းမှာလွယ်ကူစွာရှာဖွေချိတ်ဆက်နိုင်တဲ့ Digital Tool Industrial Platform ပဲဖြစ်ပါတယ်။ Digital Tools Industria; Platform ကနေ ပြုလုပ်ထားတဲ့ DTMFB မိုဘိုင်း အက်ပလီကေးရှင်းမှာ စက်မှုထုတ်ကုန်၊ ရောင်းသူ၊ ဝယ်သူ၊ ဆောက်လုပ်ရေး၊ စက်ယန္တရား နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းများအားလုံးကို ပလက်ဖေါင်းတစ်ခုတည်းမှာ လွယ်ကူစွာ ချိတ်ဆက်ပေးထားတဲ့ ဒီဂျစ်တယ် မိုဘိုင်းပလက်ဖေါင်းတစ်ခုဖြစ်ပါတယ်။
DTMFB မိုဘိုင်းပလက်ဖေါင်းမှာ ထုတ်ကုန်၊ လုပ်ငန်းများကို ပါဝင်ချိတ်ဆက်ပြီး ပိုမိုကျယ်ပြန့်တဲ့ Digital marketing network ကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ DTMFB App နဲ့ Website နှစ်ခုစလုံးမှာ မိမိတို့ချိတ်ဆက်ဆက်သွယ်လိုတဲ့ ဆက် စပ်လုပ်ငန်းတွေကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/dtmfb/photos/a.101877878254322/336069998168441

Website ထဲမှာတော့ မိမိတို့လုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ ဆက်သွယ်ချိတ် ဆက်နိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ Contractor, Bore Piling, Alum/Façade, Supplier, Structural Steel, Glass, Concrete, Crane, Interior Design, ACMV, Software, Shops, Machinery, Land Survey, M & E, Furniture, Drafting, Job Offer, Engineering Consul’t စတဲ့ လုပ်ငန်းပေါင်းများစွာနဲ့ ရှာဖွေချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။
DTMFB မိုဘိုင်းအက်ပလီကေးရှင်းကို iOS, android မှာ Free download ရယူအသုံးပြုနိုင်ပြီး website မှာလည်း ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.app.dtmfb
အောက်ပါ Link များမှလည်း အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.dt-mfb.com/?fbclid=IwAR1dplVsRAZ0sJu2gDz4mLwV_boz5Jco48sFWlsBwk_Hqrr5NDzrkNYZ6e8
https://www.facebook.com/dtmfb/photos/a.101877878254322/336069998168441