စတင်ကျင်းပနေပြီဖြစ်တဲ့ The Game Awards 2022

၂၀၂၂ ခုနှစ်အတွက် The Game Awards ပွဲပြီးဟာ ဒီဇင်ဘာ ၈ ရက် ကြာသပတေးနေ့မှာပဲ စတင် ကျင်းပပြီဖြစ်ပါတယ်။ YouTube နဲ့ Twitch တို့လို Streaming Platform တွေကနေလည်း The Game Awards 2022 ပွဲပြီးကို တိုက်ရိုက် Live ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

The Game Awards ပွဲပြီးမှာ ဆုချီးမြင့်မယ့် Category အမျိုးအစား ၂၃ မျိုးအထိပါဝင်ပြီး ရွေးချယ်ခံထားရတဲ့ Mobile နဲ့ PC ဂိမ်းအမျိုးအစားတွေအပြင် Coach, Team, Event စတာတွေကိုလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ ကိုယ်နှစ်သက်သဘောကျတဲ့ ဂိမ်းအမျိုးအစားတွေကိုလည်း ဒီဇင်ဘာလ ၄ ရက်နေ့အထိ နောက်ဆုံးထား Vote ပေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

ဒီနေ့မှာ ကျင်းပပြုလုပ်မယ့် The Game Awards 2022 ဆုချီးမြင့်ပွဲကြီးရဲ့ အဓိကအစီအစဉ်ဟာ ၂နာရီခွဲလောက် ကြာမြင့်မယ်လို့လည်း Host ဖြစ်သူ Geoff Keighley က သူ့ရဲ့ Twitch Stream မှာပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ The Game Awards ပွဲကြီးကတော့ Pre-show အပါအဝင် လေးနာရီစာကြာမြင့်ခဲ့ပါတယ်။

The Game Awards 2022 တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ကြည့်ရှုသူတွေအနေနဲ့လည်း အချိန်ကြာကြာ ကြည့်လေလေ လက်ဆောင်တွေရရှိလေလေ ဖြစ်ပါတယ်။ Twitch ကတစ်ဆင့် မိနစ် ၆၀ စာ ကြည့်လိုက်မယ် ဆိုရင် Among Us ဂိမ်းထဲမှာ အသုံးပြုနိုင်မယ့် Geoff Keighley Among Us Mask ကိုရရှိမယ့်အပြင် Rogue Legacy ရဲ့ Digital Copy ကိုလည်းရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Steam Platform ကကြည့်ရှုသူတွေအတွက် Steam Deck တစ်ခုကိုလည်း မိနစ်တိုင်းမှာ အခမဲ့ပေးသွားဦးမယ်လို့ သိရပါတယ်။

Photo Source www.thegameawards.com

နှစ်စဉ်ပြုလုပ်လျက်ရှိတဲ့ The Game Awards အခမ်းအနားဟာ ဆုပေးပွဲအခမ်းအနားတစ်ခုအပြင် နောက် လာမယ့် နှစ်တွေမှာ ဂိမ်းဝါသနာရှင်တွေဆီကို ရောက်ရှိလာမဘ့် ဂိမ်း Announcement တွေကို ဖော်ပြ မိတ်ဆက်ပေးတဲ့ အခမ်းအနားတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကစားသူတွေအနေနဲ့ Among Us, Tekken 8, Baldur’s Gate 3, Star War Jedi: Survivor အစရှိတဲ့ဂိမ်းတွေရဲ့ သတင်းနဲ့ Update တွေအကြောင်းကိုလည်း နားစွင့်ထားလို့ရနိုင်ပါသေးတယ်။ များပြားလှတဲ့ Category နဲ့ ရွေးချယ်ခံထားရတဲ့ စိတ်ဝင်စားစရာ ဂိမ်းတွေကြောင့် The Game Awards 2022 အခမ်းအနားကြီးမှာ ဘယ်သူတွေက ဘယ်ဆုတွေ ရယူ သိမ်းပိုက် သွားနိုင်မယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။