၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းခေါ်ဆိုမှု Package များ

၂၀၂၂ နိုဝင်ဘာလကုန်အထိ မြန်မာပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာများဖြစ်ကြသည့် Atom, Ooredoo နှင့် MPT တို့၏ ဖုန်းခေါ်ဆိုမှု Voice Package များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုမှု နှုန်းထား Package တွေအတွက် MPT မှာ အခြေခံအားဖြင့် ရွှေစကား၊ ဆွေသဟာ၊ ရှယ်ပြော Package သုံးမျိုးရှိပါတယ်။ ကောက်ခံမှုနှုန်းထားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ပြီး Base Tariff မှလွဲ၍ ပြည်တွင်းဖုန်းခေါ်ဆိုမှုများအားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ Base Tariff အကြောင်းကိုတော့ MPT ရဲ့ Blog Post မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

MPT ရဲ့ အခြား ဖုန်းခေါ်ဆိုမှု Package တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

MPT ရဲ့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်တဲ့ All in One Promotion Pack ကို ၄၉၉ ကျပ်နှင့် တစ်မိနစ် ၅၀ ကျပ် ဖြင့် ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ ဟောင်ကောင်၊ US နှင့် ကနေဒါနိုင်ငံများသို့ ရက် ၃၀ သက်တမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ *2050# (သို့) *106# ကိုခေါ်ဆိုပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုမှု Package များကို MPT4U App ကို Google Play StoreApp Store တို့ကနေဒေါင်းလုတ်ဆွဲပြီးဝယ်ယူနိုင်သလို  mpt.com.mm မှလည်းဝယ်ယူနိုင်ပါပြီ။

မကြာသေးမှီအချိန်ကမှ Telenor ကနေ ATOM ကိုပြောင်းလဲလိုက်တဲ့ ATOM ရဲ့ ဖုန်းဆက်သွယ်ရေး Package တွေကိုလည်း ATOM Store (သို့) atom.com.mm တို့မှတစ်ဆင့် ဝယ်ယူနိုင်ပါပြီ။

ATOM ရဲ့ International ဖုန်းခေါ်ဆိုမှု Package တွေအနေနဲ့ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Call Like Local Package မှာတော့ စင်္ကာပူနဲ့ အိန္ဒိယနိုင်ငံတွေကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Ooredoo အသုံးပြုတွေအနေနဲ့ My Ooredoo App ကတစ်ဆင့်ဖြစ်စေ Ooredoo.com.mm ကတစ်ဆင့် ဖုန်းခေါ်ဆိုမှု Package များကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ My Ooredoo Mobile App ကိုတော့ Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ် အသုံးပြုနိုင်ပါတယ်။

အူမန်းဂျီ Package ဝယ်ယူပြီး ဆော့ကစားကြတဲ့သူတွေအနေနဲ့ Level တစ်ခုစီအလိုက် ဒေတာဆုတွေကံထူးပြီး စုစုပေါင်း 1,000 GB အထိ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒုန်းဒုန်းဒုန်း Package ကိုဝယ်ယူသူတွေအနေနဲ့လည်း 200GB အထိ ကံထူးနိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

Ooredoo ရဲ့ နိုင်ငံတကာဖုန်းခေါ်ဆိုမှု Package တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ International Call Package အတွက် တရုတ်၊ မလေးရှား၊ အိန္ဒိယ၊ စင်္ကာပူ၊ USA ၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ စုစုပေါင်း နိုင်ငံ (၇) နိုင်ငံကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ IDD Call Pack အတွက်ကတော့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

USSD Code တွေအသုံးပြုကြတဲ့ Ooredoo အသုံးပြုသူတွေအနေနဲ့ Ooredoo ကဖော်ပြပေးထားတဲ့ အသုံးဝင်တဲ့ ကုဒ်တွေကို https://ooredoo.com.mm/portal/mm/usefulcodes မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ MPT, ATOM နဲ့ Ooredoo တို့ရဲ့ ဖုန်းခေါ်ဆိုမှု Package တွေအားလုံးကို သက်ဆိုင်ရာ Website နဲ့ Application တို့ကတစ်ဆင့် ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။