မြန်မာနိုင်ငံဈေးကွက်သို့ ရောက်ရှိလာသော ဖက်ရှင်ကျ ဒီဇိုင်းဆန်းသည့် OPPO A Series အသစ် OPPO A17k

OPPO A Series အသစ် OPPO A17k ကို ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ၃၃၉.၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ပြီး Blue နှင့် Navy Blue အရောင် နှစ်ရောင်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အသစ်ထွက်ရှိလာသော OPPO A17k တွင် Flat-edged ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး နောက်ဘက်ကာဗာကို အကြမ်းခံ စေဖို့အတွက် အဆင့်မြင့် အလွှာများစွာဖြင့် ဖုံးအုပ်ထားကာ လက်ဗွေရာထင်တာနဲ့ ခြစ်ရာ ပွန်းရာထင်တာကို ကာကွယ် နိုင်ပါတယ်။ OPPO A17k ဟာ ဖုန်းမျက်နှာပြင်အကျယ် 6.56” ရှိပြီး အလေးချိန် 189g သာ ရှိပြီး ဖုန်းအထူ 8.3 mm သာ ရှိတဲ့အတွက် လက်ထဲမှာ အံဝင်ခွင်ကျဖြစ်တဲ့ ခံစားချက်ကို ပေးစွမ်းကာ  Premium ဆန်တဲ့ ခံစားချက်ကိုလဲ ရရှိနိုင်မှာဖြစ်ပါတယ်။ နေ့စဥ်စမတ်ဖုန်း သုံးစွဲတဲ့ အတွေ့အကြုံ ကောင်းတွေ ပေးစွမ်းနိုင်ဖို့အတွက်လဲ Side Fingerprint Unlock စနစ်ကို ထည့်သွင်းပေးထားလို့ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ 

Photo Source OPPO Myanmar

အရောင်အနေဖြင့် Blue နှင့် Navy Blue အရောင် ၂ ရောင်ထွက်ရှိထားပြီး OPPO A17k ၏ Blue အရောင်တွင် နောက်ကျောဘက်ကာဗာတွင် မှန်ကဲ့သို့ ကြည်လင်သော ဒီဇိုင်းအပြင် အနောက်ကင်မရာတစ်ဝိုက်ကိုလည်း အားကစားကွင်း ပြေးလမ်းတွေ၏ အလှကို ‌ဖန်တီးထားတဲ့ Running Track Camera Design နဲ့ ထုတ်လုပ်ထားပါတယ်။ Navy Blue အရောင်တွင် နောက်ကျောဘက်ကာဗာကို Premium ဆန်သော ဒီဇိုင်းအတွေ့အကြုံပေးစွမ်းမဲ့ အားကစားကွင်း ပြေးလမ်းများ ၏ အလှကို ထူးထူးခြားခြားဖန်တီးထားသော Premium Fabric Texture Design နှင့် ပြုလုပ်ထားသည်။

OPPO A17k တွင် ကြာရှည်ခံပြီး ကြီးမားသည့် 500 mAh ဘတ္ထရီပါဝင်ထည့်သွင်းပေးထားသည့်အတွက် App အများအပြား၊ မီဒီယာနှင့် ကင်မရာအမြဲတမ်း အသုံးပြုနေရသူများအတွက် အဆင်ပြေစေမည်ဖြစ်ပြီး ဖုန်း အားသွင်းချိန် ကိုလည်း မြန်မြန်အားပြည့်စေသည့် အားသွင်းစနစ် 10W Charging ကို တပ်ဆင် ထားပေးပါသည်။

Performance အပိုင်းအတွက်လည်း Processor အနေနှင့် MTK G35 ထည့်သွင်းပေးထားပြီး 3GB RAM နှင့် 64GB ROM ထည့်သွင်းပေးထားသည်။ ထို့အပြင် RAM 4GB အထိထပ်မံတိုးချဲ့နိုင်သည့် Extended RAM လုပ်ဆောင်ချက် လည်း ပါဝင်ပါသေးသည်။ RAM တိုးချဲ့မှုစနစ်သည် RAM အလွန်လိုအပ်သည့် App များကို ပံ့ပိုးပေးရန်နှင့် နှေးကွေးမှုကို လျှော့ချရန်အတွက် ROM ကို RAM အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ OPPO A17k တွင် Android 12 ကိုအခြေခံထားသည့် ColorOS 12.1 ကိုအသုံးပြုပေးထားသည့်အတွက် App များကို တစ်ခုမှတစ်ခု ကူးပြောင်းပြီး Multitasking ပြုလုပ်ရာတွင် မြန်ဆန်စေသည့် FlexDrop ကို ထည့်သွင်း ပေးထားသည်။

ထွက်ပေါ်လာသည့် OPPO A17k တွင် ပုံရိပ်များကို ကောင်းမွန်စွာရရှိစေနိုင်ရန်အတွက် AI ပါဝင်သည့် 8MP Main Camera နှင့် 5MP Front Camera တို့တပ်ဆင်ထားပြီး AI စွမ်းဆောင်မှုပါဝင်သည့် Portrait Retouching လုပ်ဆောင်ချက် ထည့်သွင်းထားသည့်အတွက် တစ်ယောက်တည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ Selfie  ရိုက်သည့်အခါ ရုပ်ပုံများကို သဘာဝအတိုင်းလှပစေမည် ဖြစ်သည်။ 

Photo Source OPPO Myanmar

OPPO မှ မြန်မာစျေးကွက်အတွင်း  A Series ၏ ပထမဦးဆုံး Smartphone အဖြစ် OPPO A37 ကို ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ရောင်းအားကောင်းသော စမတ်ဖုန်းမော်ဒယ်တစ်ခုဖြစ်ခဲ့သည်။ OPPO မှ OPPO A37 ကို စတင် မိတ်ဆက်ခဲ့ပြီးနောက် OPPO A57၊A7၊A3s၊ A5s၊ A31၊A33 စသည်ဖြင့် Series များကို မြန်မာနိုင်ငံအတွင်း မြန်မြန်ဆန်ဆန် မိတ်ဆက်ပေးခဲ့သည်။ OPPO A series ၏ မော်ဒယ်များဖြစ်သည့် OPPO A9 2020 နှင့် A5 2020 တို့ဖြင့် ၂၀၁၉ ခုနှစ်အတွင်း A series ကို အဆင့်မြင့်တင်ပေးခဲ့ပြီး OPPO A series သည် Mid-range စျေးကွက်အတွင်း လူသိများ အောင်မြင်လာသည့် Smartphone Series ဖြစ်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် အခြား OPPO A Series Smartphone များဖြစ်သည့် A52၊ A53 နှင့် A54 စသည်တို့သည် မြန်မာနိုင်ငံ Smartphone လောက၏ Mid-range စျေးကွက်အတွင်း နေရာတစ်နေရာ ရရှိလာခဲ့သည်။ အထူးသဖြင့် A series ၏ ဒီဇိုင်းပိုင်းနှင့် စွမ်းဆောင်ရည်ပိုင်းသည် OPPO အသုံးပြုသူများအတွက် အကြိုက်တွေ့စေသည့် အချက်များဖြစ်သည်။