အကြမ်းခံပြီး မာကြောတဲ့ ဒီဇိုင်း ၊ ခံနိုင်ရည် ကြီးမားတဲ့ ဘက်ထရီ ၊ ချိုသာတဲ့ ဈေးနှုန်းနဲ့အတူ ချောမွေ့သွက်လက်လှတဲ့ OPPO A5 ကို စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က သုံးစွဲသူတွေ အကြိုက်များကြတဲ့ A Series တွေထဲက နောက်ဆုံးပေါ် ထုတ်ကုန် OPPO A5 ကို ၇၁၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အကြမ်းတမ်းဆုံး စိန်ခေါ်မှုတွေအတွက် ပုံဖော်ထုတ်လုပ်ထားတဲ့ OPPO A5 ဟာ အချောမွေ့ဆုံး သုံးစွဲမှု အတွေ့အကြုံနဲ့အတူ တည်ဆောက်ဖန်တီးထားသလို IP65 Water and Dust Resistance ၊ Military-Grade Shock Resistance ၊ ကြီးမားတဲ့ 6,000 mAh ဘက်ထရီ အပါအဝင် ၅ နှစ်တာ ခံနိုင်ရည်ပြည့်ဝတဲ့ ဘက်ထရီသက်တမ်းပါရှိလာပြီး ချိုသာသက်သာတဲ့ ဈေးနှုန်းနဲ့အတူ အရည်အသွေးမြင့် ၊ အကြမ်းခံနိုင်မှု အားကောင်းတဲ့ စွမ်းအားမြင့် စမတ်ဖုန်းအဖြစ် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။

Image: OPPO

အချိန်များစွာ ကြာမြင့်တဲ့အထိ ခံနိုင်ရည်ရှိတဲ့ OPPO A5 ရဲ့ အကြမ်းခံ မာကြောမှု

အချိန်မရွေး ခိုင်ခံ့မာကြောစွာ အသုံးပြုနိုင်စေဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ OPPO A5 ဟာဆိုရင် ပြင်ပက ဝင်ရောက်လာနိုင်တဲ့ ရေနဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် တားဆီးပေးနိုင်တဲ့ IP65 အဆင့်ရှိ Dust and Water Resistance ပါရှိတာကြောင့် ဖုန်းကို ထိခိုက်စေနိုင်တဲ့ ပြင်ပသက်ရောက်မှု ဒဏ်တွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

OPPO A5 ဟာ သဲ၊ ဖုန်မှုန့် ၊ ညှင်းမွှားစတဲ့ အမှုန်အမွှားတွေ ဖုန်းအတွင်း ဝင်ရောက်မှုကို တားဆီးပေးနိုင်တာကြောင့် ပြင်ပလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးနေရာတွေ သို့မဟုတ် ဖုန်ထူထပ်တဲ့ နေရာတွေမှာတောင် အသုံးပြုဖို့အတွက် အထူးသင့်လျော်မှာဖြစ်ပါတယ်။ ဒါတင်သာမက မိုးရွာသွန်းခြင်းနဲ့ အခြား‌သော မတော်တဆ ဖြစ်ရပ်တွေဖြစ်တဲ့ ရေ သို့မဟုတ် ဖျော်ရည်ယမကာတွေဖြင့် မတော်တဆ ပက်မိခြင်း၊  ထိမိခြင်း ဒဏ်တွေကနေလဲ ကာကွယ်တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

နေ့စဉ်ဘဝလှုပ်ရှားမှုတွေရဲ့ စိန်ခေါ်မှုတိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေရန် ဒီဇိုင်းထုတ်ထားတဲ့ OPPO A5 မှာ အဆင့်မြှင့် ထိန်းချုပ်မှုစနစ်တွေ ပါရှိပြီး ဖုန်းရဲ့ ခံနိုင်ရည်ကို ထပ်မံအားဖြည့်ပေးထားတာကြောင့် Sim Card ထည့်ထားတဲ့ အပေါက်တွေအထိ Silicon Gasket တွေနဲ့ ကာကွယ်ထားပြီး USB-C Type ဆက်သွယ်မှုအပိုင်းကိုလဲ ရေမစိမ့်နိုင်အောင် ဖန်တီးတည်ဆောက်ထားတာဖြစ်တာကြောင့် ရေစိမ့်ဝင်ကာ ဖြစ်လာနိုင်တဲ့ စိုစွတ်မှုတွေကနေ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။  ဒါတင်သာမက ဖုန်းအတွင်း ပါဝင်တဲ့ အစိတ်အပိုင်းတွေကို တုန်ခါမှုနဲ့ ထိခိုက်မှုတွေကနေ ကာကွယ်နိုင်စေဖို့  သေသပ်လုံခြုံစွာကပ်ထားတဲ့ ကော်စနစ်ကိုလဲ ထည့်သွင်းအသုံးပြုထားတာကြောင့် OPPO A5 ရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းတွေမှာ ပျက်စီးမှု ဖြစ်နိုင်ခြေကို အနည်းဆုံးဖြစ်စေမဲ့အပြင် ဖုန်းရဲ့ Lifespan ကို ပိုမိုတိုးအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

OPPO A5 ဟာ Military-Grade Shock Resistance နဲ့ SGS Gold Label အဆင့်သတ်မှတ်ချက်နဲ့ အတူ အချို့သော အခြေအနေတွေမှာတောင် အထူးခိုင်မာတဲ့ စံသတ်မှတ်ချက်တစ်ခုကို ပိုင်ဆိုင်ထားသလို  ၎င်းရဲ့  Flagship-level အဆင့်ရှိတဲ့ Double-Tempered Glass မျက်နှာပြင်ဟာ ပုံမှန် မျက်နှာပြင်ထက် ၁၆၀ ရာခိုင်နှုန်းအထိ ပိုတဲ့ ထိခိုက်မှုကို ခံနိုင်လောက်အောင် မာကြောတာဖြစ်ပါတယ်။ ဒါတင်သာမက OPPO ရဲ့ သန်မာကြံ့ခိုင်တဲ့ Metallic သတ္တုစပ် တည်ဆောက်ပုံကလဲ နေ့စဉ်သုံးစွဲမှုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှုတွေကနေ အရေးကြီး အစိတ်အပိုင်းတွေကို ထိခိုက်မှုကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Image: OPPO

ကြီးမားတဲ့ ဘက်ထရီခံနိုင်ရည်နဲ့ ထိရောက်မြန်ဆန်သွက်လက်တဲ့ Fast Charging

ခေတ်သစ် နေ့စဉ်လူနေမှု ဘဝရဲ့ မရပ်မနား လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ OPPO A5 ရဲ့ ကြီးမားတဲ့ 6,000 mAh Battery နဲ့ဆိုရင် OPPO A5 ဟာ ၎င်းနဲ့ဈေးတန်းတူ စမတ်ဖုန်းတွေအကြား သတ်မှတ်စံနှုန်းထက် မြင့်တဲ့ စံသတ်မှတ်ချက်အသစ်တစ်ခုကို သတ်မှတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုကောင်းမွန်ကြံ့ခိုင်တဲ့ ဘက်ထရီစွမ်းရည် ရရှိဖို့အတွက် OPPO က ထုတ်လုပ်ထားတဲ့ Centralised-tab Battery အထူးဒီဇိုင်းနဲ့အတူ OPPO A5 ကို ဖန်တီးလာတာဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုက အားသွင်းမှုနှုန်းကို မြှင့်တင်ပေးနိုင်သလို အပူထွက်နှုန်းတွေကိုလဲ လျှော့ချပေးကာ ဘက်ထရီလုပ်ဆောင်ချက်နဲ့အတူ အားသွင်းမှုလုပ်ဆောင်ချက်ကိုလဲ ပိုမိုတည်ငြိမ်စေပြီး လုံခြုံစိတ်ချစေတဲ့အပြင် ဒီအဆင့်မြင့်ဘက်ထရီဒီဇိုင်းက တကယ်လိုအပ်တဲ့ Internal Space ကိုသာ ထိထိရောက်ရောက် အသုံးချနိုင်အောင် လုပ်ပေးနိုင်တာကြောင့် စွမ်းအင်အသုံးချမှုပိုင်းမှာဆိုရင်လဲ ပိုမိုထိရောက်ကာ ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်စေမှာဖြစ်တာကြောင့် သုံးစွဲသူတွေအတွက် နှစ်ခြိုက်စရာ အချက်ဖြစ်လာမှာပါ။

ဒီလို ထိရောက်ပြီး ကြာရှည်ခံနိုင်တဲ့ ဘက်ထရီသက်တမ်းနဲ့ ပတ်သက်ပြီး OPPO A5 ဟာ ၎င်းနဲ့ ဈေးနှုန်းတူ စမတ်ဖုန်းတွေမှာ တွေ့ရလေ့မရှိတဲ့ ၅ နှစ်ကြာ ခံနိုင်ရည်ရှိမဲ့ ဘက်ထရီ သက်တမ်းနဲ့အတူ ထွက်ရှိလာမှာဖြစ်ပါတယ်။ OPPO က ပိုပြီးအဆင့်မြှင့်တင်လိုက်တဲ့ Hardware စနစ်နဲ့ ပိုပြီး ကောင်းမွန်လာတဲ့ Software အဆင့်မြှင့်တင်မှုတွေကြောင့် ဘက်ထရီက အကြိမ်ရေ ၁၇၀၀ အားသွင်းပြီးရင်တောင် နဂိုမူရင်း ဘက်ထရီရဲ့ ၈၀ ရာခိုင်နှုန်းအောက်ကို ထိုးကျရောက်ရှိသွားမှာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင့် ၅ နှစ်တာ သက်တမ်းရှိတဲ့ ဘက်ထရီ လုပ်ဆောင်နိုင်စွမ်းနဲ့အတူ သုံးစွဲသူတွေအနေနဲ့လဲ ၎င်းတို့ရဲ့ စမတ်ဖုန်းကို နှစ်ဘယ်လောက်ကြာကြာ ဘက်ထရီ အစားထိုးလဲလှယ်ခြင်း မရှိဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါတင်သာမက OPPO A5 အနေနဲ့ သုံးစွဲသူတွေအတွက် အားသွင်းမှုအတွေ့အကြုံကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ OPPO ရဲ့ အဆင့်မြင့် SUPERVOOC Flash Charge နည်းပညာဖြစ်တဲ့ 45W SUPERVOOC Flash Charge ပါရှိလာမှာ ဖြစ်ပါတယ်။

Image: OPPO

နေ့စဉ်ဘဝကို AI လုပ်ဆောင်ချက်တွေနဲ့ ပိုမိုလွယ်ကူအောင် ဖန်တီးပေးနိုင်မဲ့ OPPO A5

ColorOS 15 နဲ့ အတူ ထွက်ရှိလာတဲ့ OPPO A5 ဟာ နေ့စဉ်ဘဝမှာ သုံးစွဲသူတွေကို ပိုပြီး အဆင်‌ပြေချောမွေ့လွယ်ကူစေမဲ့ အဆင့်မြှင့်တင်ထားတဲ့ AI လုပ်ဆောင်ချက်တွေကိုပါ တစ်ပါတည်း ထည့်သွင်းပေးလာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် နေ့စဉ်လုပ်ဆောင်ချက်တွေကို ပိုပြီးတွင်တွင်ကျယ်ကျယ်အလုပ်ဖြစ်စေနိုင်မဲ့ Google Gemini AI Assistant အထိ ပါရှိလာမှာဖြစ်ပါတယ်။

ဒါတင်သာမက တီထွင်ဖန်တီးမှုအပိုင်းမှာဆိုရင်လဲ သုံးစွဲသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ရုပ်ပုံ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ အားကောင်းတဲ့ Photography ပိုင်းဆိုင်ရာ AI နည်းပညာကိုလဲ OPPO A5 က ယူဆောင်လာမှာ ဖြစ်ပါတယ်။ ဒါအပြင် OPPO A5 ရဲ့ 50MP Ultra-Clear Main Camera ၊ 2MP Depth Camera နဲ့ 5MP Front Camera တို့ ပေါင်းစပ်မှုကလဲ ပိုပြီး သဘာဝကျကျနဲ့ နှစ်ခြိုက်စရာကောင်းတဲ့ ပုံရိပ်တွေကို ဖမ်းယူမှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ပုံရိပ်တွေရဲ့ နောက်ကွယ်မှာဆိုရင်လဲ OPPO ရဲ့ နာမည်ကျော် Trinity Engine က Hardware နဲ့ Software တွေရဲ့ လည်ပတ်မှု စနစ်ကို ညှိနှိုင်းပြုပြင်ပေးထားတာကြောင့် OPPO ရဲ့ 48-Month Fluency Protection Certification အတွက် လိုအပ်မှု မှန်သမျှကို ဖြည့်ဆည်းပေးနိုင်ရုံသာမက OPPO A5 ကို ၄ နှစ်တိတိ အသုံးပြုပြီးချိန်မှာတောင် မြန်မြန်ဆန်ဆန်နဲ့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မဲ့ အတွေ့အကြုံကို ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။

Image: OPPO

လှပတောက်ပတဲ့ အသွင်အပြင်နဲ့ မိမိကိုယ်ကို ဖော်ပြနိုင်မဲ့ OPPO A5 ရဲ့ ဒီဇိုင်း

ပေါ့ပါး ပါးလွှာတဲ့ OPPO A Series တွေရဲ့ ထူးခြားမှု ဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားတဲ့အနေနဲ့ OPPO A5 မှာလဲ 7.99 mm အထူ နဲ့အတူ အလေးချိန် 193 g သာ ရှိတဲ့အပြင် အရောင်အားဖြင့် Mist White နဲ့ Aurora Green ဆိုပြီး အရောင် ၂ ရောင် ဖြင့် ထွက်ရှိလာမှာဖြစ်ပါတယ်။ အရောင်တစ်ရောင်ချင်းစီမှာဆိုရင် ပိုပြီး အထက်တန်းကျ စမတ်ကျတဲ့ Matte Gloss Finish နဲ့အတူ CNC Precision Machining နဲ့ UV texture ပါဝင်မှုတို့ကလဲ OPPO A5 ရဲ့ ဒီဇိုင်းကို ပိုမို ကြွရွစေမှာဖြစ်ပါတယ်။ OPPO A5 ရဲ့ အရောင်တိုင်းမှာ အချိန်အခါမရွေး နှစ်တွေ ကြာသွားသည့်တိုင် ထူးခြားတောက်ပ လှပနေစေမဲ့ အသွင်အပြင် နဲ့ တည်ရှိနေမဲ့အပြင် OPPO A5 ကို ရွေးချယ်တဲ့ သုံးစွဲသူတွေအတွက် လုပ်ဆောင်ချက်ပိုင်းမှာရော ဒီဇိုင်းပိုင်းမှာပါ ဘက်စုံ ပြည့်စုံတဲ့ ခံစားချက် ကို ပေးစွမ်းမှာဖြစ်ပါတယ်။

သာမန်ထက်ပိုတဲ့ အကြမ်းခံနိုင်မှု ၊ သွက်လက်ကောင်းမွန်တဲ့ AI လုပ်ဆောင်ချက်တွေနဲ့အတူ ပရီမီယံဆန်တဲ့ OPPO A5 ကို ဩဂုတ် ၁၅ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ၇၁၉,၉၀၀ ကျပ်ဖြင့် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့အထိ ဝယ်ယူသူတွေအနေနဲ့ လက်ဆောင်တွေအဖြစ် 5-Years Battery Warranty နဲ့အတူ OPPO Bag တို့ကို လက်ဆောင်အဖြစ်ရရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းတူတဲ့ စမတ်ဖုန်းတွေအကြား အကြမ်းခံနိုင်ဆုံး နဲ့ ပရီမီယံအဆန်ဆုံး ဒီဇိုင်းနဲ့ ထွက်ရှိလာမဲ့  AI ဖုန်း OPPO A5 နဲ့ ပတ်သက်ပြီး  အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – https://www.facebook.com/OPPOMyanmar/ ၊ Website – http://bit.ly/47rjAOU ၊ Viber– https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါတယ်။