OPPO မှစီစဉ်ကျင်းပသော Pursuit of Light ဓာတ်ပုံပြိုင်ပွဲ

မြန်မာနိုင်ငံမှ ဓာတ်ပုံဝါသနာရှင်များ၏ ဖုန်းကင်မရာနဲ့ရိုက်ကူးထားသော ဓာတ်ပုံစွမ်းရည်များကို နိုင်ငံတကာမှ Professional Photographer များနည်းတူ လှပခန်းနားသောပုံရိပ်များကို ရိုက်ကူးနိုင်ကြောင်း ပြသရန် အခွင့်အရးရှိလာပြီ ဖြစ်သည်။ ယနေ့ခေတ် စမတ်ဖုန်းကင်မရာများ၏ အလင်းအမှောင် အခြေအနေအမျိုးမျိုးတွင် Professional Camera ကြီးများကဲ့သို့ ပုံထွက်ကောင်းအောင် စွမ်းဆောင်လာနိုင်မှုများကို သိရှိနိုင်စေရန် OPPO မှ ဓာတ်ပုံပြိုင်ပွဲတစ်ခု ကျင်းပပေးမယ်ဖြစ်ကြောင်း သိရသည်။

ဖော်ပြထားသော ဓာတ်ပုံများကဲ့သို့ လှပဆန်းသစ်သော ရှုခင်းပုံများ ဖန်တီးရင်း  အမြန်ဆုံးနှင့် လုံခြုံစိတ်ချရဆုံး အားသွင်းစနစ် VOOC Flash Charge 4.0/30W ပါ၀င်သော OPPO Reno3 Pro ဖုန်းအသစ်တစ်လုံး ရရှိနိုင်မည့် အစီအစဥ်ကို မြန်မာနိုင်ငံမှ  OPPO ချစ်သူ ဖုန်းဓာတ်ပုံဝါသနာရှင်များ အားလုံး အတွက်  OPPO က မိတ်ဆက်ပေးလိုက်သည်။ “Pursuit of Light” (အလင်းသစ်ရှာဖွေခြင်း ခရီးစဉ်မှ တောက်ပသော အမှတ်တရများ) ဟူသော ခေါင်းစဥ်အောက်တွင် ကျင်းပသွားမည့် ဤဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်လိုပါက မည်သည့် ဖုန်းကင်မရာနှင့် မဆို ကိုယ်တိုင် ရိုက်ကူးထားသော ရှုခင်းအလှပုံတို့ကို မိမိ၏ Facebook Account နှင့် OPPO ၏ Official Facebook Page တို့တွင် #PursuitOfLight #OPPOReno3Pro hashtag (၂)ခုနှင့် အတူ  မတ်လ ၂၆ရက်နေ့ နေ့လည် ၃ နာရီ အထိ ဝင်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။

Photo source https://www.facebook.com/oppomyanmar/

ဆုရရှိသူများကို မတ်လ ၂၇ ရက်နေ့တွင် ကြေညာပေးသွားမည် ဖြစ်ပြီး ပထမဆုရရှိသူမှာ စျေးကွက်တွင်း အသစ်ဝင်ရောက်လာသော OPPO ၏ ကမ္ဘာ့ပထမဦးဆုံး 44MP+2MP Dual Punch-hole Super AMOLED Display ပါဝင်သည့် စွမ်းအာ မြင့် OPPO Reno3 Pro ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ကျန်စကာတင်စာရင်းတွင် ပါဝင်လာသည့် ပြိုင်ပွဲဝင် (၄) ဦး အတွက်  PUBG တံဆိပ်ပါသော ကျောပိုးအိတ် (၄) လုံးကို ချီးမြှင့်သွားမည် ဖြစ်ပြီး  ပြိုင်ပွဲဝင်များ အားလုံး အတွက် Ollie Pillow (၅) လုံးတို့ကိုလည်း Random စနစ်ဖြင့် မဲဖောက်ပေးသွားမည်ဖြစ်သည်။

ပြိုင်ပွဲစည်းကမ်းများအဖြစ် ပြိုင်ပွဲတွင် ပါဝင်ယဉ်ပြိုင်မည့်သူသည် မိမိကိုယ်တိုင်ဖုန်းဖြင့် ရိုက်ကူးထားသော ပုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုပါသည်။ Watermark များလည်း ထည့်သွင်းအသုံးပြုခွင့်မရှိဘဲ အခြားဓာတ်ပုံပြိုင်ပွဲများတွင် အသုံးပြုဖူးသည့် ဓာတ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကိုလည်း ခွင့်မပြုပါ။ ပုံ၏ အသေးစိတ်အချက်အလက်များကို OPPO မှလိုအပ်၍ တောင်းဆိုလာပါက ပေးပို့ပေးနိုင်ရမည် ဖြစ်ပြီး မပေးပို့နိုင်သည့်ပုံများကို ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ပါ။

Photo source https://www.facebook.com/oppomyanmar/

Campaign နှင့် ပတ်သက်သော အချက်အလက် များနှင့် ပြိုင်ပွဲဝင်ရောက်နိုင်ရောက် ယှဉ်ပြိုင်နိုင်ပုံ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက #PursuitOfLight Campaign Post (https://business.facebook.com/oppomyanmar/posts/1564009913756891?__tn__=-R) နှင့် OPPO ၏ Official Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင် ဝင်ရောက် လေ့လာနိုင်သည်။

နိုင်ငံတကာမှ Professional Photographer များသည် အသစ်ထွက်ရှိလာသော OPPO Reno3 Pro ၏ ထူးခြားဆန်းသစ်သော ကင်မရာစွမ်းဆောင်ရည်များကို စမ်းသပ်နိုင်ရန် အိုက်စလန်နိုင်ငံသို့ သွားရောက်ပြီး ရင်သပ်ရှုမောဖွယ် အော်ရိုရာ အလင်းတန်းတို့၏ အလှအပတို့ကို အမိအရ ဖမ်းယူခဲ့ကြသည်။  OPPO Reno3 Pro တွင် 5X Hybird Zoom နှင့် 20x Digital Zoom ပါရှိပြီး အလွန်ကြည်လင်ပြတ်သားသော 108MP ပုံရိပ်များ ရရှိစေမည်ဖြစ်သည်။ OPPO Reno3 Pro ကင်မရာတွင် ပါရှိသော 64 MP Rear Zoom Quadcam နှင့် 1 lux ထက် မှောင်သော  ပတ်ဝန်းကျင်တွင်ပင် အလင်းတို့ကို လှပစွာ ဖော်ပြပေးနိုင်သော  Ultra-Night Mode တို့ကို အသုံး ပြုပြီး  ညအမှောင်တွင်း အရောင်အသွေးစုံသော အလင်းတန်းများကို ရိုက်ကူးနိုင်သည်။ ဖော်ပြပါ ဓာတ်ပုံများ၊ သဘာဝအလျောက် ဖြစ်ပေါ်နေသော ရှုခင်းဆန်းများကို အလင်းအမှောင် အခြေအနေမျိုးစုံတွင် ရိုက်ကူးခဲ့သော ဖော်ပြပါ ဓာတ်ပုံလက်ရာများကို ကြည့်ခြင်းအားဖြင့် OPPO Reno3 Pro ၏ ကောင်းမွန်သော ကင်မရာစွမ်းဆောင်ရည်များက ဓာတ်ပုံရိုက်ကူးမှုကို ပိုမိုဆန်းသစ်လာစေကာ တမူထူးခြားသည့် အတွေ့အကြုံသစ်များကို ရရှိစေမည်ဖြစ်ကြောင်း သက်သေထူလျက်ရှိသည်။

Photo source https://www.facebook.com/oppomyanmar/

ခရီးသွားရခြင်းကို ကြိုက်နှစ်သက်သူများ၊ ဓာတ်ပုံရိုက် ဝါသနာပါသူ အများစု၏ ဘဝတွင် အသွားချင်ဆုံး နေရာစာရင်းပါဝင်တဲ့ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းတွင်ရှိသော ဥတ္တရ အလင်းတန်း (အော်ရိုရာအလင်းတန်း) များ တည်ရှိရာ နေရာက မပါမဖြစ် ပါဝင်နေမှာ သေချာသည်။ တစ်နေ့တွင် သွားရောက်ဖို့ အခွင့်အရေး ရရှိခဲ့မည်ဆိုရင် ရင်သပ်ရှု‌မောဖွယ် ရှုခင်းအလှတွေကို တစ်သက်လုံးစာ သိမ်းထားဖို့ ဓာတ်ပုံရိုက်ချင်ကြမှာပင်ဖြစ်သည်။ သို့သော် ဖော်ပြထားသည့်  ဓာတ်ပုံလို တစ်ထပ်တည်း လှပတဲ့ ဓာတ်ပုံတွေ ရဖို့၊ အလင်း အပြည့်အဝ မရသည့် နေရာမျိုးမှာ ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေ ရဖို့ ဆိုရင်တော့ စျေးနှုန်းများသော Professional Camera ကြီးများနှင့်မှ  ဖြစ်နိုင်မည်လို့လည်း တဆက်တည်း တွေးထင်မိကြမည်ဖြစ်သည်။ သို့သော် OPPO ၏ အသစ်ထွက်ရှိလာသော Reno3 Pro၏ အကူအညီနှင့် နိုင်ငံတကာမှ နာမည်ကျော် ဓာတ်ပုံဆရာများသည် အလင်းမှိန်မှိန် အခြေအနေများတွင်လည်း ဖုန်းကင်မရာနှင့်ပင် ကမ္ဘာ့မြောက် ဝင်ရိုးစွန်း အော်ရိုရာအလင်းတန်းများ၏ ပြင်ပသဘာဝရှုခင်းနှင့် ပကတိ တူညီသော အရောင်အသ္ဂေးစုံလင်လှပသည့် ပုံရိပ်များ ရရှိနိုင်ကြောင်းကို OPPO #PursuitOfLight Campaign ပုံများအတိုင်း သက်သေပြလိုက်ပါသည်။