AI က လူတွေဘဝထဲကို ဘယ်အတိုင်းအတာထိ ဝင်ရောက်လာနိုင်မလဲ?

Mobile AI နဲ့ ဘာတွေ ထူးထူးခြားခြား လုပ်ဆောင်နိုင်မှာလဲ? Samsung Galaxy AI လုပ်ဆောင်ချက်ကို ဘယ်ဖုန်းမော်ဒယ်တွေမှာ ထပ်ပြီးထည့်သွင်းပေးတော့မှာလဲ? Galaxy AI ကို စမ်းသုံး ကြည့်ချင်သူတွေ အတွက် Samsung က ဘယ်လိုတွေ စီစဥ်ပေးထားလဲ? နောင်တစ်ခေတ် မိုဘိုင်းလောကမှာ AI က တကယ်ပဲ မပါမဖြစ် ဖြစ်လာတော့မှာလား? စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Samsung Electronics ရဲ့ VP & Head of Mobile eXperience Business (Southeast Asia and Oceania) ဖြစ်သူ Carl Nordernberg က ဆွေးနွေးပြောကြားပေးထားပါတယ်။

AI ဟာ ယနေ့ခေတ်မှာ လူတွေနဲ့ အလှမ်းဝေးတဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ နည်းပညာရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲလာမှုတွေကြောင့် ကျွန်တော်တို့ နေ့စဥ်ဘဝမှာ သုံးစွဲနေတဲ့ စမတ်ဖုန်း၊ တီဗီနဲ့ အခြားအိမ်သုံးပစ္စည်းတွေမှာပါ AI ကို ထည့်သွင်းပေးလာကြတာ တွေ့ရပါတယ်။

Samsung အနေနဲ့လည်း Mobile AI ကို အသုံးပြုပြီး ဖန်တီးနိုင်စွမ်းတွေ တိုးတက်အောင်၊ အခက်အခဲ အတားအဆီးမဲ့ ဆက်သွယ်ပြောဆိုနိုင်အောင်၊ နေ့စဥ်ဘဝမှာ ပိုမိုလွယ်ကူ အဆင်ပြေလာ‌အောင် ဆောင်ရွက်ပေးနေပြီး AI ခေတ်သစ်ကို ဦးဆောင်လမ်းပြပေးလျက် ရှိပါတယ်လို့ Samsung Electronics ရဲ့ VP & Head of Mobile eXperience Business (Southeast Asia and Oceania) ဖြစ်သူ Carl Nordernberg က အောက်ပါအတိုင်း ဆွေးနွေးပြောကြားပေးထားပါတယ်။

AI က နေ့စဥ်ဘဝမှာ ဘာတွေကူညီပေးနိုင်တာလဲ။

Samsung ရဲ့ Live Translate လုပ်ဆောင်ချက်ဟာဆိုရင် ဘာသာစကားမတူတဲ့သူတွေနဲ့ ဆက်သွယ် ပြောရာမှာ အထောက်အကူပြုနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် AI အထောက်အပံ့နဲ့ ပုံတွေကို အလွယ်တကူ ပြုပြင်နိုင်စေဖို့ Generative လုပ်ဆောင်ချက်၊ ဓာတ်ပုံထဲက ကိုယ်မသိတဲ့ပစ္စည်း၊ နေရာ စတာတွေကို ဝိုင်းလိုက်ရုံနဲ့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူ ကူညီရှာဖွေပေးနိုင်တဲ့ Circle To Search လုပ်ဆောင်ချက် စတာတွေက နေ့စဥ်ဘဝမှာ အဆင်ပြေသက်သာအောင် ကူညီပေးနိုင်ပါတယ်။

Mobile AI ကို ဘယ် Galaxy Device တွေမှာ ထပ်မံမြင်တွေ့ရတော့မှာလဲ။

Samsung က Mobile AI လုပ်ဆောင်ချက်ကို အရှေ့တောင်အာရှတစ်ခွင်မှာရှိတဲ့ အသုံးပြုသူတွေ လက်ထဲ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားပေးနေပါတယ်။ Galaxy AI လုပ်ဆောင်ချက်တွေ အကုန်လုံးကို အသစ်ထွက် ရှိလာတဲ့ One UI 6.1 မှာ ထည့်သွင်းပေးထားလို့ S24 စီးရီးမှာသာမကပဲ အခြားသော Galaxy device တွေဖြစ်တဲ့ Galaxy S23 နဲ့ 22 စီးရီး၊ S23 FE, Galaxy Z Fold5 နဲ့ Z Flip5, Galaxy Z Fold4 နဲ့ Z Flip4, Galaxy Tab S9 နဲ့ Galaxy Tab S8 စီးရီးတို့မှာ ရရှိတော့မှာဖြစ်ပြီး လူကြိုက်များတဲ့ Galaxy AI လုပ်ဆောင်ချက်တွေဖြစ်တဲ့ Chat Assist, Note Assist, Transcript Assist, Edit Suggestion စတာတွေကို ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူတွေလက်ထဲ ပိုမိုမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဘာသာစကားပိုင်းဆိုင်ရာ ထောက်ပံမှုစွမ်းရည်နဲ့ ပတ်သက်ပြီးရော ဘာတွေ အပြောင်းအလဲ ရှိလာမှာလဲ။

Galaxy AI အသုံးပြုနိုင်တဲ့ Galaxy Device တွေမှာ English, Chinese, Thai, Vietnamese ဘာသာစကားတွေအပြင် အချို့နိုင်ငံတွေမှာ Bahasa, Indonesia, Australia English နဲ့ Cantonese စတဲ့ ဒေသိယစကားများကိုပါ ထပ်မံထည့်သွင်းပေးလိုက်ပြီဖြစ်လို့ ကမ္ဘာတစ်ဝှမ်းကသူတွေနဲ့ ပြောဆို ဆက်သွယ်ရာမှာ ပိုမိုအဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။

Galaxy AI ကို စမ်းသပ်သုံးစွဲကြည့်လို့ ရနိုင်လား?

Galaxy AI ကို စမ်းသပ်သုံးစွဲကြည့်လိုသူတွေအတွက် မိမိလက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းမှာ Try Galaxy App ကို ဒေါင်းလုပ်ရယူပြီး Galaxy AI လုပ်ဆောင်ချက်တွေဖြစ်တဲ့ Live Translate, Chat Assist, Note Assist, Photo Assist, Circle to Search, Samsung Health လုပ်ဆောင်ချက် စတာတွေကို အခမဲ့ အသုံးပြုကြည့်နိုင်ပါတယ်။

နောင်တစ်ခေတ် မိုဘိုင်းလောကမှာ AI က တကယ်ပဲ မပါမဖြစ် ဖြစ်လာတော့မှာလား။

မိုဘိုင်းဖုန်းနဲ့ AI နည်းပညာပေါင်းစပ်လိုက်မှုက နေ့စဥ်ဘဝတွေမှာ ကူညီပေးနိုင်ဖို့ အလားအလာတွေကို တွေ့မြင်တာနဲ့အမျှ ၂၀၂၄ ခုနှစ်မှာ Galaxy AI အတွေ့အကြုံကို ကမ္ဘာတစ်ဝှမ်းက ပြည်သူ သန်းတစ်ရာကျော်ထံ ယူဆောင်လာပေးနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ Mobile AI ရဲ့ လုပ်ဆောင်ချက်နဲ့ အတူ ဆက်သွယ်ပြောဆိုရာ၊ တီထွင်ဖန်တီးရာမှာ လုပ်ဆောင်နိုင်စွမ်း ပိုမို တိုးမြင့်လာမှာ ဖြစ်လို့ Galaxy AI ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူအားလုံးရဲ့ လက်တစ်ကမ်းမှာ ပိုမိုတွေ့မြင်လာရတော့မှာ ဖြစ်ပါတယ်။