Windows တွေကို AI Operating System အဖြစ်ပြောင်းလဲချင်နေတဲ့ Microsoft

AI တွေကို နေရာတော်တော်များများမှာ ထည့်သွင်းအသုံးပြုလာကြပြီးတဲ့နောက်မှာ Microsoft အနေနဲ့ Windows Operation System မှာပါ AI Operating System အဖြစ် ပြောင်းလဲဖို့တောင် စိတ်ကူး ရှိနေတဲ့ပုံပါပဲ။ ဒါကြောင့်ပဲ Microsoft အနေနဲ့ Copilot Plus PCs ဆိုတဲ့ မော်ဒယ်တစ်မျိုးကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Copilot Plus PCs မှာ Built-in AI Hardware နဲ့ AI Feature တွေကို OS တစ်ခုလုံးနီးပါး အထောက်အပံ့ပေးထားမှာ ဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး အသုံးပြုသူတွေကို လိုချင်တဲ့ Apps, Files နဲ့ အရင်ကအသုံးပြုသူတွေဖွင့်ခဲ့ဖူးတဲ့ Content တွေကိုပါပြန်ပြီး ရှာဖွေပေးနိုင်မယ့် Generative AI Powered Feature နဲ့ Recall လိုလုပ်ဆောင်ချက်တွေကိုပါ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ Recall ဟာ “Photographic Memory” တစ်ခုဖြစ်သလို ကွန်ပြူတာမှာ ကိုယ်လုပ်ခဲ့သမျှ၊ ရှာဖွေခဲ့သမျှကို ပြန်ပြီးရှာဖွေနိုင်အောင် လုပ်ဆောင်ပေးတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ Windows 11 ဒီလုပ်ဆောင်ချက်ကို လုပ်ဆောင်ဖို့အတွက် Laptop တွေမှာ AI Models ပေါင်း ၄၀ ကျော်ကိုထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ ‌နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ တချက်ကတော့ Copilot မှာ အရင်တစ်ပတ်ကမိတ်ဆက်ခဲ့တဲ့ OpenAI ရဲ့ GPT-4o Model ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Microsoft ရဲ့ Generative AI ဖြစ်တဲ့ Copilot ကို Windows 11 လုပ်ဆောင်ချက် တွေမှာလည်း တော်တော်လေး ထည့်သွင်း အသုံးပြုထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ Copilot+ PCs ဆိုတာကတော့ Microsoft ရဲ့ AI အသုံးပြု Windows Hardware တစ်ခုလို့ပြောလို့ရပါတယ်။ AI လုပ်ဆောင်ချက်တွေကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့အတွက် လုံလုံလောက်လောက်ထောက်ပံ့ပေးထားသလို အနည်းဆုံး RAM 16GB ကို အသုံးပြုပေးထားပြီး SSD Storage နဲ့တွဲဖက်အသုံးပြုပေးထားမှာ ဖြစ်ပါတယ်။ ပထမဆုံးထွက်ရှိလာမယ့် Copilot+ PCs မှာ Qualcomm’s Snapdragon X Elite နဲ့ Plus Chip တွေကို အသုံးပြုပေးထားမဲ့အတွက် Web Browsing ကို ၁၅ နာရီကြာအသုံးပြုနိုင်မှာ ဖြစ်သလို Video ကြည့်ရှုဖို့ အတွက် နာရီပေါင်း ၂၀ နီးပါး ဘတ္ထရီခံနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး Copilot Plus PCs တွေကို ဇွန်လ ၁၈ ရက်နေ့မှာစတင်ရောင်းချင်ပေးသွားမှာ ဖြစ်သလို စတင်ဝယ်ယူလိုသူတွေအနေနဲ့ $999 ကနေစတင်ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။