QR code မှတစ်ဆင့် အသုံးပြုနိုင်သောဘဏ္ဍာရေးဆိုင်ရာအသိပညာပေးရေး ဒစ်ဂျစ်တယ်နည်းကိရိယာအား UnionPay စတင်ဆောင်ရွက်

ကမ္ဘာ့ငွေေပေးချမှုအမှတ်တံဆိပ်ဖြစ်သော UnionPay မှ မြန်မာနိုင်ငံရှိ ကတ်ကိုင်ဆောင်သူဦးရေတိုးပွားစေရန်နှင့် ဘဏ်များ ကျောင်းများ၊ လေကြောင်းလိုင်းများတွင် Digital နည်းပညာ Payments and Finance Handbook အား၂၀၁၉ ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
UnionPay ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူအဖြစ် အသစ်ပြုလုပ်ထားသော “UnionPay’s Guide to Making Life Easier: a Payments and Finance Handbook” အား ဘဏ်များ၊ Myanmar National Airways (MNA) ၏ လက်မှတ်အရောင်းရုံးချုပ်၊ စီးပွားရေးကျောင်းများနှင့် တစ်နိုင်ငံလုံးရှိ အခြားသောရောင်းချသူများထံ၌ Quick Response Code (QR) မှတစ်ဆင့် ဒစ်ဂျယ်တယ်စနစ်ဖြင့် Download ပြုလုပ်နိုင်ပြီလည်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ငွေသားတွေကိုသာ အဓိကအားဖြင့် ကိုင်ဆောင်သုံးစွဲနေတာကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုအကြောင်း သေချာနားလည်မှုမရှိသေးတဲ့အတွက် ငွေသားမဲ့ သုံးစွဲတဲ့ လူမှုအဖွဲ့အစည်းတစ်ခု တည်တောင်ရာမှာ အဓိကအတားအဆီး ဖြစ်တယ်ဆိုတာ ကျွန်တော်တို့တွေ့ရှိထားပါတယ်။ ဒီလက်စွဲစာအုပ်ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ကတ်တွေသုံးစွဲတဲ့စနစ်တစ်ခု တည်ထောင်ပြီး ကတ်သုံးစွဲလာမည့်သူတွေကြားမှာ ယုံကြည်မှု ဖန်တီးရင်း ငွေသားမဲ့သုံးစွဲတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ပြောင်းလဲတည်ထောင်ဖို့ဖြစ်ပါတယ်”ဟု UnionPay International ၏ လက်ထောက်အေထွေထွေ မန်နေဂျာဖြစ်သူ Vincent Ling က ရှင်းလင်းပြောကြားသည်။

Photo Source – https://www.facebook.com/UnionPayInternationalMM/

မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်သည့် ထိုလက်စွဲစာအုပ်ကို မည်သည့်စမတ်ဖုန်းဖြင့်မဆို QR code မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပြီး ဘဏ်သို့သွားသူများ၊ ခရီးသွားသူများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဈေးဝယ်ထွက်သူများအနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် QR code မှတစ်ဆင့် ရရှိနိုင်သော “UnionPay’s Guide to Making Life Easier: a Payments and Finance Handbook” အား တွေ့နိုင်မည်ဟုမျှော်မှန်းထားကြောင်း ယင်းသို့တွေ့ရှိသည့်အခါ ထိုလက်စွဲစာအုပ်အား ဒေါင်းလုဒ်လုပ်ရန် တိုက်တွန်းခြင်းအားဖြင့် လူနေမှုဘဝအဆင်ပြေချောမွေ့စေမည့် အကြောင်းနှင့် “ငွေသားမဲ့သုံးစွဲမှု” ၏ အကျိုးရလာဒ်နှင့် ခံစားခွင့်များနှင့်ပက်သတ်သည့်အမြင်၊ သတင်းအချက်အလက်များကို သိရှိလာနိုင် မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
UnionPay Payments and Finance Handbook ကဲ့သို့သော ဝက်ဘ်လင့်ခ် (weblink) တစ်ခုကို အသုံးပြုရာတွင် စမတ်ဖုန်း၏ ကင်မရာလုပ်ဆောင်ချက်ဖြင်လည်းကောင်း၊ ‘Lightning QR Scanner”ကဲ့သို့သော QR ဖတ်ရှုသည့် လုပ်ငန်းသုံးပရိုဂရမ် (application) ဖြင့်လည်းကောင်း၊ ဖုန်း၏ကင်မရာအား QR code အပေါ်တွင်ထားရှိ၍ ယင်းQR code ကို ဖတ်နိုင်မည်လည်းဖြစ်သည်။ ဖုန်းဖြင့် QR code ကိုဖတ်ပြီးနောက် ဆောင်းပါး၊ ဝက်ဘ်စာမျက်နှာ၊ ဓာတ်ပုံများ သု့ိမဟုတ် လင့်ခ် (Link) များကို ဖုန်းထဲတွင်ဖတ်ရှုနိုင်သည့် ပုံစံ (Format) တစ်ခုအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲပေးမည်လည်းဖြစ် သည်။

Photo Source – https://www.flaticon.com/free-icon/unionpay_825484

ယနေ့တွင် UnionPay ကတ်ကိုင်ဆောင်သူများအနေဖြင့် တရုတ်ပြည်မ အပြင်ဘက်ရှိဒေသများနှင့် နိုင်ငံ (၂၈) နိုင်ငံရှိ ရောင်းချသူပေါင်း နှစ်သိန်းကျော် အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ရောင်းချသူပေါင်း ၁၀ သန်းကျော်အား UnionPay QR Code မှတစ်ဆင့်ငွေပေးချေမှုများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ငွေပေးချေမှုအတွက် UnionPay QR Code အား မြန်မာနိုင်ငံတွင် မကြာခင် သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။
UnionPay International (UPI)သည် ကမ္ဘာတစ်ဝှမ်းရှိ ကတ်ကိုင်ဆောင်သူအခြေပြုလုပ်ငန်းကို ဆောင်ရွက်ပေး သည့် ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုကွန်ရက်တစ်ခုဖြစ်သော UnionPay ၏ အပြည်ပြည်ဆိုင်ရာလုပ်ငန်းများကို အဓိက ဆောင်ရွက်လျှက်ရှိသည်။
UnionPay သည် ကမ္ဘာပေါ်တွင် နိုင်ငံနှင့်ဒေသပေါင်း (၅၂) နိုင်ငံတွင် ထုတ်ပေးထားသော UnionPay ကတ်ပေါင်း ၇ ဒသမ ၅ ဘီလီယံ၊ နိုင်ငံနှင့်ဒေသပေါင်း (၁၇၄) နိုင်ငံရှိ ကုန်သည်ပေါင်း ၅၃ ဒသမ ၇ ဘီလီယံကျော်နှင့်ကတ်များအား လက်ခံဆောင်ရွက်ပေးသော ATM ပေါင်း ၂ ဒသမ ၈၆ သန်းနှင့်အတူ ငွေပေးချေမှုကွန်ရက်များမှတစ်ခုဖြစ်သည်။အရှေ့တောင်အာရှဒေသတွင် ပါဝင်သည့် နိုင်ငံ ၁ဝ နိုင်ငံလုံး၌ UnionPay သည် ATM၊ POS လက်ခံမှုနှင့် ကတ်ထုတ်ပေးခြင်းများ လုပ်ဆောင်ထားပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် UnionPay သည် AGD ၊ AYA၊ CB၊ GTB၊ KBZ၊ MAB ၊ MOB အစ ရှိသောဘဏ်များနှင့် ပူးတွဲလုပ်ဆောင်ပြီး ငွေပေးချေမှုဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမျိုးမျိုး ကို ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
ကမ္ဘာ့ငွေေပေးချမှုအမှတ်တံဆိပ်ဖြစ်သော UnionPay မှ မြန်မာနိုင်ငံရှိ ကတ်ကိုင်ဆောင်သူဦးရေတိုးပွားစေရန်နှင့် ဘဏ်များ ကျောင်းများ၊ လေကြောင်းလိုင်းများတွင် Digital နည်းပညာ Payments and Finance Handbook အား၂၀၁၉ ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Photo Source – https://bit.ly/2U9bzFL

UnionPay ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူအဖြစ် အသစ်ပြုလုပ်ထားသော “UnionPay’s Guide to Making Life Easier: a Payments and Finance Handbook” အား ဘဏ်များ၊ Myanmar National Airways (MNA) ၏ လက်မှတ်အရောင်းရုံးချုပ်၊ စီးပွားရေးကျောင်းများနှင့် တစ်နိုင်ငံလုံးရှိ အခြားသောရောင်းချသူများထံ၌ Quick Response Code (QR) မှတစ်ဆင့် ဒစ်ဂျယ်တယ်စနစ်ဖြင့် Download ပြုလုပ်နိုင်ပြီလည်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ငွေသားတွေကိုသာ အဓိကအားဖြင့် ကိုင်ဆောင်သုံးစွဲနေတာကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုအကြောင်း သေချာနားလည်မှုမရှိသေးတဲ့အတွက် ငွေသားမဲ့ သုံးစွဲတဲ့ လူမှုအဖွဲ့အစည်းတစ်ခု တည်တောင်ရာမှာ အဓိကအတားအဆီး ဖြစ်တယ်ဆိုတာ ကျွန်တော်တို့တွေ့ရှိထားပါတယ်။ ဒီလက်စွဲစာအုပ်ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ကတ်တွေသုံးစွဲတဲ့စနစ်တစ်ခု တည်ထောင်ပြီး ကတ်သုံးစွဲလာမည့်သူတွေကြားမှာ ယုံကြည်မှု ဖန်တီးရင်း ငွေသားမဲ့သုံးစွဲတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ပြောင်းလဲတည်ထောင်ဖို့ဖြစ်ပါတယ်”ဟု UnionPay International ၏ လက်ထောက်အေထွေထွေ မန်နေဂျာဖြစ်သူ Vincent Ling က ရှင်းလင်းပြောကြားသည်။

Photo Source – https://www.rcbcbankard.com/credit-cards/rcbc-bankard-unionpay-card/

မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်သည့် ထိုလက်စွဲစာအုပ်ကို မည်သည့်စမတ်ဖုန်းဖြင့်မဆို QR code မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပြီး ဘဏ်သို့သွားသူများ၊ ခရီးသွားသူများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဈေးဝယ်ထွက်သူများအနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် QR code မှတစ်ဆင့် ရရှိနိုင်သော “UnionPay’s Guide to Making Life Easier: a Payments and Finance Handbook” အား တွေ့နိုင်မည်ဟုမျှော်မှန်းထားကြောင်း ယင်းသို့တွေ့ရှိသည့်အခါ ထိုလက်စွဲစာအုပ်အား ဒေါင်းလုဒ်လုပ်ရန် တိုက်တွန်းခြင်းအားဖြင့် လူနေမှုဘဝအဆင်ပြေချောမွေ့စေမည့် အကြောင်းနှင့် “ငွေသားမဲ့သုံးစွဲမှု” ၏ အကျိုးရလာဒ်နှင့် ခံစားခွင့်များနှင့်ပက်သတ်သည့်အမြင်၊ သတင်းအချက်အလက်များကို သိရှိလာနိုင် မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
UnionPay Payments and Finance Handbook ကဲ့သို့သော ဝက်ဘ်လင့်ခ် (weblink) တစ်ခုကို အသုံးပြုရာတွင် စမတ်ဖုန်း၏ ကင်မရာလုပ်ဆောင်ချက်ဖြင်လည်းကောင်း၊ ‘Lightning QR Scanner”ကဲ့သို့သော QR ဖတ်ရှုသည့် လုပ်ငန်းသုံးပရိုဂရမ် (application) ဖြင့်လည်းကောင်း၊ ဖုန်း၏ကင်မရာအား QR code အပေါ်တွင်ထားရှိ၍ ယင်းQR code ကို ဖတ်နိုင်မည်လည်းဖြစ်သည်။ ဖုန်းဖြင့် QR code ကိုဖတ်ပြီးနောက် ဆောင်းပါး၊ ဝက်ဘ်စာမျက်နှာ၊ ဓာတ်ပုံများ သု့ိမဟုတ် လင့်ခ် (Link) များကို ဖုန်းထဲတွင်ဖတ်ရှုနိုင်သည့် ပုံစံ (Format) တစ်ခုအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲပေးမည်လည်းဖြစ် သည်။

Photo Source – https://www.facebook.com/UnionPayInternationalMM/

ယနေ့တွင် UnionPay ကတ်ကိုင်ဆောင်သူများအနေဖြင့် တရုတ်ပြည်မ အပြင်ဘက်ရှိဒေသများနှင့် နိုင်ငံ (၂၈) နိုင်ငံရှိ ရောင်းချသူပေါင်း နှစ်သိန်းကျော် အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ရောင်းချသူပေါင်း ၁၀ သန်းကျော်အား UnionPay QR Code မှတစ်ဆင့်ငွေပေးချေမှုများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ငွေပေးချေမှုအတွက် UnionPay QR Code အား မြန်မာနိုင်ငံတွင် မကြာခင် သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။
UnionPay International (UPI)သည် ကမ္ဘာတစ်ဝှမ်းရှိ ကတ်ကိုင်ဆောင်သူအခြေပြုလုပ်ငန်းကို ဆောင်ရွက်ပေး သည့် ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုကွန်ရက်တစ်ခုဖြစ်သော UnionPay ၏ အပြည်ပြည်ဆိုင်ရာလုပ်ငန်းများကို အဓိက ဆောင်ရွက်လျှက်ရှိသည်။
UnionPay သည် ကမ္ဘာပေါ်တွင် နိုင်ငံနှင့်ဒေသပေါင်း (၅၂) နိုင်ငံတွင် ထုတ်ပေးထားသော UnionPay ကတ်ပေါင်း ၇ ဒသမ ၅ ဘီလီယံ၊ နိုင်ငံနှင့်ဒေသပေါင်း (၁၇၄) နိုင်ငံရှိ ကုန်သည်ပေါင်း ၅၃ ဒသမ ၇ ဘီလီယံကျော်နှင့်ကတ်များအား လက်ခံဆောင်ရွက်ပေးသော ATM ပေါင်း ၂ ဒသမ ၈၆ သန်းနှင့်အတူ ငွေပေးချေမှုကွန်ရက်များမှတစ်ခုဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင် ပါဝင်သည့် နိုင်ငံ ၁ဝ နိုင်ငံလုံး၌ UnionPay သည် ATM၊ POS လက်ခံမှုနှင့် ကတ်ထုတ်ပေးခြင်းများ လုပ်ဆောင်ထားပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် UnionPay သည် AGD ၊ AYA၊ CB၊ GTB၊ KBZ၊ MAB ၊ MOB အစ ရှိသောဘဏ်များနှင့် ပူးတွဲလုပ်ဆောင်ပြီး ငွေပေးချေမှုဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမျိုးမျိုး ကို ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။