ကိုရီးယားနည်းပညာများပါဝင်သည့် Daewoo ဘတ်စ်ကားများ မြန်မာပြည်တွင်စတင်ထုတ်လုပ်

ကိုရီးယားနိုင်ငံမှနည်းပညာများကို အခြေခံ၍ Daewoo Bus Myanmar Co.,Ltd မှ ဘတ်စ်ကားများကို စတင်ထုတ်လုပ် ရောင်းချသွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် ထောက်ကြန့်မြို့ Daewoo Myanmar Co.Ltd တွင် ကျင်းပပြုလုပ်သော ဘတ်စ်ကားများစမ်းသပ်တင်ဆင်ထုတ်လုပ်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။

Photo Source By Myanmar Tech Press

ယခုစတင်ထုတ်လုပ်မည့် ဘတ်စ်ကားများအမျိုးအစားများမှာ Daewoo City Bus BS 106 နှင့် Lester minibus အမျိုးအစား များဖြစ်ပြီး စတင်စမ်းသပ်ထုတ်လုပ်ချိန်တွင် အမျိုးအစားတစ်ခုစီကို ငါးစီးသာတပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းတစ်နှစ်လျှင် အစီးရေ ၅၀၀ ခန့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Daewoo Bus Myanmar Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာဒေါက်တာကျော်ကျော်အောင်ကပြောကြားသည်။
“ နောက်ပိုင်းမှာ မှာယူတဲ့သူတွေများပြားလာတာနဲ့အမျှ ထပ်တိုးမြှင့်ပြီးထုတ်လုပ်သွားဖို့ရှိပါတယ်။ ခုထုတ်လုပ်မယ့် ဘတ်စ် ကားတွေဟာ ကိုရီးယားဘတ်စ်ကားလောကမှာ ထုတ်လုပ်လာခဲ့တာ ၆၂ နှစ်ကျော်ကြာခဲ့ပြီးဖြစ်ပါတယ်။ အခုဒီမှာတပ်ဆင် ထုတ်လုပ်မယ့်နေရာမှာလည်း ကိုရီးယားကအင်ဂျင်နီယာတွေက လာရောက်သင်ကြားပြသပေးပြီး အကောင်းမွန်ဆုံးထုတ် လုပ်သွားမှာပဲဖြစ်ပါတယ်။ အဓိကတော့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မှာ အဆင့်မီဘတ်စ်ကားတွေကို အသုံးပြု စေလိုတဲ့အတွက်ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

Photo Source By Myanmar Tech Press

မြန်မာပြည်ရှိ ထုတ်လုပ်မှုဆိုင်ရာအင်ဂျင်နီယာများကိုလည်း ကိုရီးယားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ကာတပ်ဆင်ပုံများကို လေ့လာသင်ကြားစေခဲ့ပြီး ယခုထုတ်လုပ်ရာတွင်လည်းကိုရီးယားအင်ဂျင်နီယာများပါဝင်ပြသထပ်မံသင်ကြားပေးသွားမည် လည်းဖြစ်သည်။Daewoo City Bus BS 106 နှင့် Lester minibus အမျိုးအစားဘတ်စ်ကားများကို စတင်ထုတ်လုပ်ပြီး သည်နှင့် Daewoo Bus Myanmar ၏ Service Centre များကိုလည်း ရန်ကုန်တိုင်းထောက်ကြန့်မြို့နယ်၊ မန္တလေး၊ နေပြည် တော်တို့တွင် တည် ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
Daewoo City Bus BS 106 သည် အမေရိကန်ဒေါ်လာ (၈၅ဝဝဝ) နှင့် Lester minibus သည် အမေရိကန်ဒေါ်လာ (၄၅ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် Daewoo ကားများကို ကိုရီးယား၊ တရုတ်၊ Costa Rica ၊ ဗီယက်နမ်၊ ကာစ္စတန်၊ ပါကစ္စတန်၊ ထိုင်ဝမ်တို့တွင် SKD (Semi Knocked- Down) စနစ်ဖြင့် ထုတ်လုပ်လျက်ရှိကြောင်း Daewoo Bus Myanmar Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာဒေါက်တာကျော်ကျော်အောင်က ဆက်လက်ပြောကြားသည်။

Photo Source By Myanmar Tech Press

“ခုထုတ်လုပ်တဲ့ ဘတ်စ်ကားတွေအားလုံးကိုလည်း ပြည်တွင်း၊ ပြည်ပနိုင်ငံတွေအတွက် အသုံးပြုဖို့အတွက်ရည်ရွယ်ပြီးထုတ် လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အော်ဒါမှာတဲ့အပေါ်မူတည်ပြီး ဆက်လက်ထုတ်လုပ်သွားဖို့ရှိပါတယ်”ဟု ၎င်း က ပြောသည်။
ယခု Daewoo Bus Myanmar မှ ထုတ်လုပ်မည့် ကားမော်ဒယ်လ်အမျိုးအစားများသည် ကိုရီးယားနိုင်ငံတွင်သာ ထုတ်လုပ် သည့် အမျိုးအစားများဖြစ်ပြီး မြန်မာပြည်တွင်ပထမဆုံးအကြိမ်စမ်းသပ်ထုတ်လုပ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် လက်ရှိ ထုတ်လုပ်မည့်ဘတ်စ်ကားများသည် မြန်မာနိုင်ငံတွင်ထုတ်လုပ်နေသော SKD အဆင့်ထက်မြင့်မားနေပြီး BS 106 အဆင့် Lestar minibus မှာ Lower Level CKD အဆင့်ဖြင့် တပ်ဆင်ထုတ်လုပ်နေကြောင်းလည်း သိရသည်။

Photo Source By Myanmar Tech Press

ယခုစမ်းသပ်ထုတ်လုပ်သည့် ဘတ်စ်ကားများမှာ ကိုရီးယားနိုင်ငံတွင်ထုတ်လုပ်သည့် အရည်အသွေးအတိုင်းရရှိမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင်ထုတ်လုပ်သည့်နည်းစနစ်အတိုင်းသာထုတ်လုပ်ခြင်းဖြစ်ကြောင်း ဒီဇယ်နှင့် CNG နှစ်မျိုးထုတ်လုပ်သွား မည်ဖြစ်ကြောင်း Daewoo Bus Myanmar Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာဒေါက်တာကျော်ကျော်အောင်က ဆက်လက် ပြောကြားသည်။
ယခုထုတ်လုပ်မည့် ဘတ်စ်ကားများကို ပြည်ပနိုင်ငံ (၇) နိုင်ငံတွင်ထုတ်လုပ်နေပြီး မြန်မာနိုင်ငံတွင် (၈) နိုင်ငံမြောက်ထုတ် လုပ်ခြင်းလည်းဖြစ်သည်။ ယခင် ကိုရီးယားနိုင်ငံနှင့် ပြည်ပနိုင်ငံ (၇) ခုတို့တွင် ထုတ်လုပ်ခဲ့သော BS 106 နှင့် Lester ဘတ်စ် ကားများကို ကမ္ဘာ့ CNG ကားဈေးကွက်တွင် နှစ် (၂၀) ကျော်ကြာသည်အထိ အဓိကနေရာတွင်ပါဝင်ခဲ့ပြီး အာရှ၊ အရှေ့အ လယ်ပိုင်းနှင့်လက်တင်အမေရိက စသည့်နိုင်ငံများအထိ တင်ပို့နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Photo Source By Myanmar Tech Press

ယခုထုတ်လုပ်မည့် ဘတ်စ်ကားအပိုပစ္စည်းများကိုလည်း အလွယ်တကူဝယ်ယူနိုင်ပြီး ကားများတပ်ဆင်ရာတွင်လည်းအစိတ် အပိုင်းများနှင့်နည်းပညာအားလုံးအား Korea Daewoo Bus Standard အတိုင်းတပ်ဆင်သွားမည်ဖြစ်သောကြောင့် အရည် အသွေးပိုမိုစိတ်ချနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
Daewoo Bus Myanmar Co.,ltd အား ၂၀၁၇ ခုနှစ် မတ်လတွင်စတင်တည်ထောင်ခဲ့ပြီး ထောက်ကြန့်မြို့နယ်ရှိ (၁၄) ဧက ကျယ်ဝန်းသောမြေကွက်ကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းကာစက်ရုံတည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။