vivo မှ ဈေးကွက်ထိပ်တန်း အကောင်းဆုံး ရှေ့ကင်မရာ ပါဝင်သည့် V20 စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် မိတ်ဆက်

vivo သည် ၎င်း၏ flagship V-series ၏ ဖုန်းအမျိုးအစားအသစ်အား မြန်မာနိုင်ငံ၌ မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ vivoမှ စမတ်ဖုန်းများ၏ ပရီမီယံအရည်အသွေးအား အဆင့်မြှင့်တင်သည့်အနေနှင့် professional အဆင့်မီပြီး စွမ်းအားမြင့် Autofocus (AF) နည်းပညာပါဝင်သော 44MP Eye Autofocus ကင်မရာအား ထည့်သွင်းတပ်ဆင်ပေးထားသည်။
အသစ်ထွက်ရှိလာသည့် V20စမတ်ဖုန်းမှာ ပါးလွှာပေါ့ပါးပြီး 7.38mm သာရှိသည့် Ultra-Sleek AG Glass ဒီဇိုင်းဖြစ်သဖြင့် လူငယ်များအကြိုက် သွက်လက်မြန်ဆန်သည့် လူနေမှုပုံစံကို ကိုယ်စားပြုသည်။ ထို့အပြင် လုပ်ဆောင်မှုအလွန်ကောင်းမွန် သော 64MP နောက်ကင်မရာတွင် Super Night Mode ပါဝင်သောကြောင့် Zoom ပမာဏများစွာ ဆွဲသည့်တိုင် အလွန် ကြည်လင်ပြတ်သားသည့် ရုပ်ပုံအရည်အသွေးအား ရိုက်ချက်တိုင်းတွင် ရရှိနိုင်မည်ဖြစ်သည်။ 33W Flash Charge ဘတ်ထရီ စနစ်ပါဝင်သဖြင့် V20 အသုံးပြုသူများမှာ တနေ့တာလုံး ကြာရှည်စွာ အသုံးပြုနိုင်စေမည်လည်းဖြစ်သည်။
V20 ၏ ဈေးကွက်ထိပ်တန်းကင်မရာတွဲဖက်မှုသည် စွမ်းဆောင်မှုအားကောင်းပြီး အလိုအလျောက် သိမြင်နိုင်စွမ်းရှိသည့် Autofocus နည်းပညာကို ထောက်ပံ့ပေးပြီး selfieချစ်သူများအကြိုက် ကမ္ဘာ့ထိပ်တန်း selfie အရည်အသွေးကို ရရှိစေမည် ဖြစ်သည်။ 44MP Eye Autofocus စနစ်ပါသည့်အတွက် တည်ငြိမ်သည့်ရိုက်ချက်များကို အလွယ်တကူရယူနိုင်ပါသည်။ selfie ရိုက်ကူးရာတွင် သုံးစွဲသူကို အဓိက focus အမြဲထားပြီးရိုက်ကူးသည့် စနစ်ပါဝင်သည်။ ကင်မရာတွင် တပ်ဆင်ထားသော Eye Autofocus သည် Advanced Algorithms ဖြင့် လှုပ်ရှားနေသော အရာဝတ္ထုတွေကို ခြေရာခံ၍ ပိုမိုတည်ငြိမ်ကြည်လင်သော selfie ရရှိနိုင်အောင် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၎င်း၏ စွမ်းရည်မြင့် အရာဝတ္ထုခြေ ရာခံခြင်း နည်းပညာသည် ဓာတ်ပုံနှင့် ဗီဒီယို အရည်အသွေးကို ပိုမိုကြည်လင်ပြတ်သားစေသည်။
အဆိုပါလုပ်ဆောင်ချက်သည် အသုံးပြုသူများမှ အနီးကပ်ရိုက်ကူး၍ဖြစ်စေ ပိုမိုဝေးကွာသောနေရာမှ ရိုက်ကူး၍ဖြစ်စေ သုံးစွဲသူအကြိုက် အမျိုးအစားစုံလင်လှပသော ရှုခင်းများရရှိနိုင်ရန်အတွက် အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ selfie ရိုက်ခြင်းကို ကြိုက်နှစ်သက်သူများနှင့် content ဖန်တီးခြင်းတို့ကိုသဘောကျသူများအတွက် အဆင့်မြင့် နည်းပညာ စနစ်များဖြင့် paradigm ကိုပြန်လည်ဆန်းသစ်ထားပါသည်။

Photo Source https://www.facebook.com/vivomobileMM

Super Night Selfie: ဖုန်းလောကတွင် ဦးဆောင်နေသည့် Autofocus feature ကြောင့် အသုံးပြုသူများသည် အမှောင်ထု သို့မဟုတ် အလင်းနည်းသည့် အခြေအနေများတွင်လည်း ကြည်လင်ပြတ်သားသော selfie များ ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။ vivo V20 ၏ multiple exposure များနှင့် noise cancellation algorithm ကြောင့် အမှောင်ထုထဲတွင် ရိုက်ကူးသော်လည်း သိသာထင်ရှားသော မျက်နှာအသေးစိတ်များကို ရိုက်ကူးပေ နိုင်မည် ဖြစ်သည်။ ထို့အပြင် Aura Screen Light သည် အသက်ရှုမှားလောက်သည့် selfie များရရှိအောင် ပြီးပြည့်စုံသည့် အရောင် အပူချိန်ပေးစွမ်းနိုင်ပြီး သဘာဝကျကျအသားအရည်ရရှိအောင် အလင်းရောင်ကို အလိုအ‌လျောက် ထိန်းညှိပေးပါသည်။
Dual-view Video: ဤလုပ်ဆောင်ချက်သည် အရှေ့နှင့် အနောက်ကင်မရာများကို တစ်ချိန်တည်းရိုက်ကူးခြင်းဖြင့် တီထွင်မှုစွမ်းရည်ကို နှစ်ဆတက်စေပါသည်။ အဆိုပါထူးခြားသော လုပ်ဆောင်ချက်သည် အရှေ့နှင့် အနောက် ကင်မရာနှစ်ခုလုံးမှ မှတ်တမ်းများကို ပေါင်းစည်း၍ အသုံးပြုသူကို တစ်ကြိမ်တည်းဖြင့် ဗီဒီယိုမှတ်တမ်းကို အချိန်နှင့် တပြေးညီ တုံ့ပြန်နိုင်သော အတွေ့အကြုံမျိုး ပေးအပ်နိုင်မည်ဖြစ်ပါသည်။
Slo-mo Selfie video: ဤ slo-mo လုပ်ဆောင်ချက်သည် အသုံးပြုသူများကို ၎င်းတို့၏ အမှတ်ရစရာ အခိုက် အတန့်လေးများကို ရိုက်ကူးစေနိုင်ရုံသာမက လက်ချောင်းထိပ်လေးများဖြင့် အချိန်အလျင်ကို ထိန်းချုပ်နိုင်စေမည် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် အနှေး၊ အမြန် ရွေ့လျားမှုကို ပြောင်းလဲအသုံးပြုနိုင်ပြီး 240FPS ၏ ချောမွေ့ ငြိမ်သက်မှုကိုလည်း အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။
Steadiface Selfie Video: အသုံးပြုသူများ၏ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှု အတွေ့အကြုံများကို Steadiface Selfie Video လုပ်ဆောင်ချက်မှတစ်ဆင့် စွမ်းဆောင်ရည်ကို အရှိန်မြှင့်တင်ထားသည်။ ၎င်းစနစ်သည် ဗီဒီယိုရိုက်ကူးနေစဉ် မျက်နှာကို focus ထားကာ လက်သို့မဟုတ် ခန္ဓာကိုယ်၏ ရွေ့လျားမှုကြောင့် ကင်မရာတုန်ခါမှုမှတစ်ဆင့် ဖြစ်သော မှုန်ဝါးစေသည့်ပုံရိပ်များကို လျော့နည်းစေမည်ဖြစ်သည်။ ထို့အပြင် face detection algorithm ကြောင့် ပိုမို ကြည်လင်ပြတ်သားသော ပုံများရရှိရန် စွမ်းဆောင်ပေးသည်။
4K Selfie Video: 4K Selfie Video mode သည် အံ့ဩဖွယ်ကောင်းသည့် ကိုယ်ပိုင် ဗီဒီယိုများကို မယုံနိုင်လောက်သည့် 4K resolution ဖြင့် အသုံးပြုသူကိုဗဟိုပြုသည့် frame တစ်ခုအဖြစ် အာရုံစိုက်မှု တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ပေးမည်ဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်သည် ထူးချွန်ပြောင်မြောက်၍ အသက်ရှုမှား လောက်သော effect များအတွက် အလွန်ဆန်းသစ်၍ အစွမ်းထက်သည့် တည်းဖြတ်သော tool kit ကိုလည်း ပေးအပ်ထားပါသည်။

Photo Source https://www.facebook.com/vivomobileMM

Multi-Style Portrait and AR stickers: ဤလုပ်ဆောင်ချက် နှစ်ခုသည် Personalized hues နှင့် Face Beauty ကို ထောက်ပံ့ရန် သေချာစွာပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်များသည် အသုံးပြုသူများ၏ ဆန်းသစ်သော တောင်းဆိုမှုများ ဖြစ်သော ပိုမိုကျယ်ပြန့် အမျိုးစုံလင်သော စိတ်ကြိုက်ပြုပြင်နိုင်သော ဓာတ်ပုံစတိုင် effect များဖြင့် စိတ်ကျေနပ်စေမည်ဖြစ်သည်။
အံ့ဩသင့်ဖွယ်ကောင်းသော Main Rear Camera + 8MP Multi-Function Camera (Super Wide Angle/Bokeh/Super Macro) + 2MP Mono Camera setup သည် ပုံကို အနီးကပ်ချဲ့၍ ကြည့်လျှင်ပင် အလွန်ကြည်လင်ပြတ်သား၍ စိုစိုလွင်လွင်နှင့် အနုစိတ်ကျကျ မြင်နိုင်မည့် အဆင့်မြင့်သော ဓာတ်ပုံရိုက်ကူးမှု အတွေ့ အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ၎င်း Multi-functional ကင်မရာ သည် super macro, bokeh နှင့် အဖြူအမည်း film effects များဖြင့် ပေါ်လွင်သော ရှုထောင့်များကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
V20 ၏ နောက်ကင်မရာသည် သူမတူထူးခြားသော လုပ်ဆာင်ချက်များဖြင့် ဘဝ၏ အချိန်စက္ကန့်တိုင်းကို အရောင် စိုစိုလွင်လွင်ဖြင့် ရိုက်ကူးနိုင်သည့် လုပ်ဆောင်ချက်များ ပါဝင်တပ်ဆင်ထားသည်။
Super Night Mode: ညအချိန် ဓာတ်ပုံရိုက်ခြင်း အတွေ့အကြုံကို မြှင့်တင်ခြင်း။ V20 အနောက်ဘက်ကင်မရာရှိ ထူးခြားသော Super Night Mode ကြောင့် ညအမှောင်ထဲရှိ ဖုံးကွယ်နေသောအရိပ်များကို မျက်လှည့်ပြသလို ပျောက်သွားစေပြီး ပိုမိုသိသာပေါ်လွင်သော မြင်ကွင်းတွေကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Tripod Night Mode အသစ်သည် ပုံရိပ်တည်ငြိမ်မှုနှင့် exposure ကို မြင့်တင်ပေးခြင်းကြောင့် ညဘက်တွင် မြင်ကွင်းတိုင်းကို အလွယ်တကူ ပြီးပြည့်စုံစွာ မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။
Motion Autofocus: ဖုန်းလောက၏ ရှေ့ပြေး ဦးဆောင်နေသည့် လုပ်ဆောင်ချက်တစ်ခုသည် ရွေ့လျားနေသည့် အရာဝတ္ထုများကို ခြေရာခံနိုင်ပြီး မည်သည့်ပုဂ္ဂိုလ်နှင့် အရာဝတ္ထုကိုမဆို နှစ်ချက်နှိပ်ရုံဖြင့် အကောင်းဆုံးအခိုက် အတန့်များကို ကြည်လင်ပြတ်သားသော ပုံရိပ်များအဖြစ် ဘောင်အတွင်း Focus ရရှိစေရန် သေချာစွာ လုပ်ဆောင်ပေးမည်ဖြစ်သည်။
V20 သည် အပါးလွှာဆုံး ULTRA SLEEK DESIGN နှင့် စတိုင်ကျ‌‌သော အရောင်တွဲစပ်မှုတို့ကြောင့် တန်ဖိုးကြီးအသုံးအဆောင် တစ်ခုအသွင်ဆောင်ပြီး လူငယ်များ၏ နေ့စဉ်ဘဝအတွက် အထစ်အငေါ့မရှိ စမတ်ဖြစ်စေမည့် ဖုန်းတစ်လုံးဖြစ်ပါသည်။ ၁၇၁ ဂရမ်သာ အလေးချိန်ရှိပြီး ၇.၃၈ မီလီမီတာပဲရှိသည့် ပါးလွှာပေါ့ပါးသော ဒီဇိုင်းကြောင့် ထင်ပေါ်နေခြင်းဖြစ်ပါသည်။ ၆.၄၄ လက်မ AMOLED FHD+ ဖန်သားပြင်ကို အသုံးပြုထားသည့်အတွက် အရောင်ထွက်မှန်ပြီး တောက်ပတဲ့ အရောင်များကို နေ့စဉ်ဘဝတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
V20 အား အဆင်မြင့်သော စမတ်ဖုန်းတစ်ခုဖြစ်စေရန် တစ်မူထူးခြားသည့် AG မှန်သားနည်းပညာကို အသုံးပြုထားပြီး တြိဂံပုံသဏ္ဍာန် ကင်မရာများကို တပ်ဆင်ထားကာ လူငယ်တွေအတွက် ပြီးပြည့်စုံသည့် စတိုင်ကျမှုကို ရရှိစေမည်ဖြစ်ပါသည်။ V20 ၏ ဒီဇိုင်းများကို ခြုငြုံသုံးသပ်ကြည့်ပါက selfie ရိုက်ကူးရနှစ်သက်သော လူငယ်များအတွက် ခေတ်မီ ဖက်ရှင်ကျမှုကိုပါ ရစေနိုင်ဖို့ သေချာပါသည်။
Battery- V20 သည် 4000mAh ဘက်ထရီ၊ 33W Flash Charge ဖြင့် ပံ့ပိုးထောက်ပံ့ပေးထားသောကြောင့် လျှပ်စီးအမြန်နှုန်း ၆၅% ဖြင့် ဘက်ထရီကိုပြန်လည် အားသွင်းနိုင်ပါသည်။ အားသွင်းခြင်းလျှင်မြန်ပြီး ကြာရှည်ခံသည် ဘက်ထရီဖြင့် ထောက်ပံ့ပေးသဖြင့် သုံးစွဲသူများသည် ပိုမိုလွယ်ကူသော မိုဘိုင်းသုံးစွဲမှုအတွေ့အကြုံ နှင့် မည်သည့် အခြေအနေမျိုးမဆို ကိုယ်တိုင် မှတ်တမ်းတင်နိုင်ပါသည်။
V20 ဖုန်းကို မြန်မာနိုင်ငံဈေးကွက်အတွက် နိုဝင်ဘာ (၅) ရက်နေ့တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ base model အနေနဲ့ ငွေကျပ် (၄၉၉,၈၀၀) ဖြင့်စတင်ရောင်းချပေးမည်ဖြစ်သည်။