Samsung ၏ တတိယမျိုးဆက် မျက်နှာပြင်ခေါက်ဖုန်း Galaxy Z Fold2 အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်

Samsung Electronics ကုမ္ပဏီသည် ၎င်း၏ မျိုးဆက်သစ် မျက်နှာပြင်ခေါက်ဖုန်း Samsung Galaxy Z Fold2 အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
Galaxy Z Fold2 စမတ်ဖုန်းတွင် အဆင့်မြှင့်တင်ထားသည့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထား သည့်အတွက် သုံးစွဲသူများအနေနှင့် ခေတ်မီဆန်းသစ်မှုအရှိဆုံး အလွယ်တကူ ခေါက်သိမ်းနိုင်သည့် မိုဘိုင်းနည်းပညာအား လက်တွေ့ခံစားနိုင်မည်ဖြစ်သည်။ ထို့အတူ ပိုမိုအရည်အသွေးမြင့်မားသော ရှေ့မျက်နှာပြင် နှင့် ကြီးမားကျယ်ပြန့်သော အဓိကမျက်နှာပြင်ဖြင့် တည်ဆောက်ထားသည့် Galaxy Z Fold2 စမတ်ဖုန်းသည် ကျစ်လစ်လှပသောဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များကိုပါ ယူဆောင်လာသည့်အတွက် သုံးစွဲသူများအနေဖြင့် ထူးခြားကောင်းမွန်သော မိုဘိုင်းဖုန်းအသုံးပြုမှုအတွေ့အကြုံကို ရရှိမည်ဖြစ်သည်။

Photo Source https://samsung.com/mm

“ကျွန်တော်တို့ Samsung အနေနဲ့ နောက်လာမယ့် မျိုးဆက်သစ် မိုဘိုင်းဖုန်းတွေကို ကိုယ်ပိုင်ဟန်အပြည့်၊ ဆန်းသစ် တီထွင်မှုအပြည့်နဲ့ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေ၊ အကြံပြုချက်တွေကို သေသေချာချာ အလေးထားနားထောင်နေပြီး ပိုမိုအဓိပ္ပာယ်ရှိတဲ့ hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်နေတဲ့အပြင် တစ်ချိန်တည်းမှာပဲ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိသွားနိုင်စေမယ့် ဆန်းသစ်ဖန်တီးမှု တွေကိုလည်း ယူဆောင်လာပေးဖို့ အစဉ်တစ်စိုက် လုပ်ဆောင်နေပါတယ်။ ဒီအချက်ကို အခု မိတ်ဆက်လိုက်တဲ့ Galaxy Z Fold2 စမတ်ဖုန်းက သက်သေပြနေပါတယ်။ ဒါကြောင့် ဒီ Galaxy Z Fold2 မျက်နှာပြင်ခေါက်ဖုန်းအသစ်ဟာ တမူထူးခြားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ရုံသာမက ကျွန်တော်တို့ Samsung အတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာပြောကြားလိုပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။
နှစ်ပေါင်းများစွာ အောင်မြင်မှုရရှိထားသည့် ထိပ်တန်း Galaxy နည်းပညာများအပေါ် အခြေခံ တည်ဆောက်ထားသည့် ဤ Galaxy Z Fold2 စမတ်ဖုန်းနှင့်အတူ Samsung သည် ၎င်း၏ မိုဘိုင်းနည်းပညာနှင့် ဖွဲ့စည်းတည်ဆောက်မှုများအား နောက်ထပ် တစ်ဆင့်သို့ မြှင့်တင်လိုက်ခြင်းဖြစ်သည်။ Galaxy Z Fold2 တွင် တစ်နေ့တာလုံး စိတ်ကြိုက်အသုံးခံသည့် 4,500 mAh ဘက်ထရီ နှင့်အတူ SuperFast Charging အားသွင်းစနစ်ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် ဘက်ထရီပမာဏအား စိတ်ပူပန်စရာမလိုပဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို့အပြင် Galaxy Z Fold2 တွင် Samsung DeX ကြိုးမဲ့ချိတ်ဆက်မှုစနစ် ပါရှိသည့်အတွက် အလုပ်လုပ်ကိုင်ရာတွင် လွယ်ကူလျှင်မြန်မှုအပြည့်နှင့် သက်သောင့်သက်သာ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် UWB (Ultra-Wide Band) နည်းပညာ ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် ဖိုင်များ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို Nearby Share လုပ်ဆောင်ချက်မှတဆင့် အလွယ်တကူ မြန်ဆန်စွာ မျှဝေသွားနိုင်မည်ဖြစ်သည်။

Photo Source https://samsung.com/mm

မြန်မာနိုင်ငံမှ သုံးစွဲသူများ အနေနှင့် Galaxy Z Fold2 စမတ်ဖုန်းအား ယခုအခါ အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၌ အလွယ်တကူဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ အရောင်အားဖြင့် Mystic Black (အနက်ရောင်) နှင့် Mystic Bronze (ကြေးရောင်) ဟူ၍ နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်ကာ မြန်မာငွေ ကျပ် ၃,၀၉၉,၀၀၀ ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ Galaxy Z Fold2 စမတ်ဖုန်းအား ဝယ်ယူအားပေးသူများအနေနှင့် ဖုန်းကာဗာ တစ်ခုနှင့် UV Sterilizer တစ်ခု အား အထူးလက်ဆောင် အဖြစ်ရရှိမည် ဖြစ်သည်။
ပြီးပြည့်စုံသည့် စိတ်ကျေနပ်ဖွယ် အသုံးပြုမှု အတွေ့အကြုံများ – Galaxy Z Fold2 စမတ်ဖုန်းတွင် ၆.၂” Infinity-O Cover ရှေ့မျက်နှာပြင် ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် အီးမေးလ် စစ်ဆေးခြင်း၊ လမ်းညွှန် ရှာဖွေခြင်းများ အပါအဝင် အမျိုးမျိုးသော လုပ်ဆောင်ချက်များစွာအား ရှေ့မျက်နှာပြင် မှတဆင့် အလွယ်တကူ ပြီးမြောက်အောင် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy Z Fold2 စမတ်ဖုန်းအား ဖြန့်လိုက်ပါက ကြီးမား ကျယ်ပြန့်သော ၇.၆” အဓိက မျက်နှာပြင်အား ရရှိနိုင်မည် ဖြစ်ပြီး အလွန်ပါးလွှာသော ဘေးဘောင် နှင့် သေးငယ်သော ရှေ့ကင်မရာများသာ ပါရှိသည့်အပြင် 120Hz adaptable refresh rate ကိုလည်း ထည့်သွင်း ပေးထားသည့်အတွက် ရုပ်ရှင်ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းများအား အထစ်အငေါ့မရှိ၊ အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
သိပ်သည်း ကျစ်လစ်သော ဒီဇိုင်းနှင့် အဆင့်အမြင့်မားဆုံး ဖွဲ့စည်းတည်ဆောက်မှု – Galaxy Z Fold 2 အား ကျစ်လစ်ကျော့ရှင်းသော ဒီဇိုင်းဖြင့် ဖန်တီးပုံဖော်ထားခြင်းသည့်အတွက် ပြေပြစ်၍ အဆင့်မြင့်မားသော အသုံးပြုမှု အတွေ့အကြုံအား ရရှိခံစားနိုင်မည် ဖြစ်သည်။ အဓိက မျက်နှာပြင်တွင် Samsung ၏ နာမည်ကျော် အဆင့်မြင့် Samsung Ultra-Thin Glass အား အသုံးပြုထားသည့် အတွက် သူမတူသော ကြည်လင် ပြတ်သားသည့် ခံစားမှုကို ရရှိစေမည် ဖြစ်သည်။ Galaxy Z Fold2 ၏ ဖုန်းကိုယ်ထည်ပိုင်းတွင်လည်း သေသပ်စွာ ချိတ်ဆက်ထားသော CAM ယန္တရားစနစ်သုံး Hideaway Hinge (ပတ္တာအိမ်) အား သေသပ်ကျနစွာ ချိတ်ဆက်ထည့်သွင်းထားသည့်အတွက် အလွယ်တကူ ခေါက်နိုင်၊ ဖြန့်နိုင်သော ပိုမိုအဆင့်မြင့်မားသည့် Flex Mode လုပ်ဆောင်ချက်အား သုံးစွဲသူများထံ ပေးအပ်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy Z Fold2 တွင် ကိုယ်ထည်နှင့် Hinge (ပတ္တာအိမ်) အကြား ဖုန်မှုန့်များနှင့် မလိုလားအပ်သော အညစ်အကြေးများ ဝင်ရောက်မှုမှ ကာကွယ်ပေးနိုင်မည့် sweeper နည်းပညာကိုလည်း ထည့်သွင်းပေးထားသည်။

Photo Source https://samsung.com/mm

လိုက်လျောညီထွေမှု အပြည့်အဝရှိပြီး အမြင့်မားဆုံးသော စွမ်းဆောင်ရည်အား ရရှိစေမည့် စမတ်ဖုန်း – Galaxy Z Fold2 တွင် စွမ်းဆောင်ရည်မြင့် Flex mode ထည့်သွင်းပေးထားသည့် အတွက် ပုံရိပ်များအား ရိုက်ကူးရာတွင် ဖြစ်စေ၊ ကြည့်ရှုရာတွင် ဖြစ်စေ ပိုမိုအဆင်ပြေ လွယ်ကူမှု ရှိမည် ဖြစ်သည်။ Capture View Mode ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် Camera အက်ပလီကေးရှင်း မှ ထွက်စရာ မလိုပဲ နောက်ဆုံး ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယို (၅) ခုအား အဓိက မျက်နှာပြင်၏ အောက်ပိုင်းတွင် ချက်ချင်း ကြည့်ရှုသွားနိုင်မည် ဖြစ်ကာ အပေါ်ပိုင်းတွင်မှု ပုံမှန် ကင်မရာ ရိုက်ကူးမှု အား တစ်ပြိုင်နက်တည်း ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ အလားတူပင် Auto Framing လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ၏ ဖန်တီးနိုင်စွမ်းအား ပိုမိုမြင့်မားစေရန် အထောက်အကူဖြစ်စေမည် ဖြစ်သည်။
တီထွင်ဖန်တီးနိုင်စွမ်းများအား ပိုမိုကောင်းမွန်လာစေမည့် လုပ်ဆောင်ချက်များ – ဓာတ်ပုံ / ဗီဒီယို ရိုက်ကူးသည့်အခါတွင် အဓိကမျက်နှာပြင်နှင့် ရှေ့မျက်နှာပြင်နှစ်ခု စလုံးအား တစ်ချိန်တည်းတွင် ကြည့်ရှုအသုံးပြုနိုင်မည့် Dual Preview လုပ်ဆောင်ချက် ပါရှိသည့်အတွက် ရိုက်ကူးသူနှင့် ရိုက်ကူးခံရသူ နှစ်ဦးနှစ်ဖက်စလုံး အတွက် ပိုမိုအဆင်ပြေ လွယ်ကူမှု ရှိစေမည် ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://samsung.com/mm