အူရီဒူးသည် ကမ္ဘာ့ပထမဆုံး 5G အသုံးပြုသည့် FIFA World Cup Qatar 2022™ ဖွင့်ပွဲအခမ်းအနားတွင် ရင်သပ်ရှုမောဖွယ် ကောင်းသော အတွေ့အကြုံများဖြင့် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့

အူရီဒူး – Official Middle East & Africa Telecommunications Operator of FIFA World Cup Qatar 2022™ သည် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွင် ပရိသတ်များအတွက် အကောင်းဆုံးအတွေ့အကြုံကို ရရှိစေခဲ့ပြီး  ၎င်း၏ပံ့ပိုးကူညီမှုအသေးစိတ်အချက်အလက်များကို မျှဝေခဲ့သည်။

FIFA World Cup Qatar 2022™️ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက် (တနင်္ဂနွေနေ့) တွင် Al Bayt အားကစားရုံ၌ ရုံပြည့်လာရောက်ကြည့်ရှုအားပေးကြသည့် ပရိသတ်အများအပြားနှင့်အတူ ကျင်းပခဲ့ပါသည်။

အူရီဒူး၏ စွန့်ဦးဖော်ဆောင်ခဲ့သည့် 5G ကွန်ရက်နှင့် ၎င်း၏ အဆင့်မြင့်ကောင်းမွန်သော ဖိုင်ဘာလိုင်းသည် အလွန်လျင်မြန်ပြီး ယုံကြည်စိတ်ချရသော ချိတ်ဆက်မှုနှင့် အရည်အသွေးမြင့် အသံခေါ်ဆိုမှုတို့ဖြင့် ခမ်းနားထူးခြားသည့်ပွဲကြီးသို့ တက်ရောက်သူအားလုံးအတွက် ပြည့်စုံကောင်းမွန်သည့် ပရိသတ်အတွေ့အကြုံကို ပေးစွမ်းနိုင်ခဲ့ပါသည်။ အင်တာနက်ချိတ်ဆက်မှုအား ဘောလုံးကွင်းခန်းမနေရာသာမက အပြင်ဘက်များသို့ပါ ချဲ့ထွင်ပေးအပ်ထားသဖြင့် ပရိသတ်များအား မိမိတို့နေအိမ်မှ ခရီးစဥ်တစ်လျောက် သူငယ်ချင်းမိတ်ဆွေများ၊ ချစ်ခင်ရသူများအား ၎င်းတို့၏အတွေ့အကြုံများကို အဆင်ပြေချောမွေ့စွာ မျှဝေစေနိုင်ပါသည်။ 

Photo Source ooredoo Myanmar

လုပ်ငန်းနေရာမှ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဝန်ဆောင်မှု ချောမွေ့စေရန်အတွက် ပွဲမစမီ နာရီပေါင်းများစွာမှ ပထမပွဲ၏ နောက်ဆုံးအချိန်ပြီးသည်အထိ အင်တာနက်ကွန်ရက်များနှင့် လုပ်ဆောင်ချက်များကို စောင့်ကြည့်ခဲ့ကြသည်။

Ooredoo ၏ CEO ဖြစ်သူ Sheikh Mohammed Bin Abdulla Al Thani မှ “ယခုလို အထူးအရေးကြီးတဲ့ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားဟာ ကာတာနှင့် အူရီဒူးအတွက် အကောင်းဆုံးအခိုက်အတန့်ပါပဲ။ ကျွန်ုပ်တို့ရဲ့ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုနှင့် နည်းပညာအတွက် အထင်ကရ ရင်းနှီးမြှုပ်နှံမှုများဟာဆိုရင် လာရောက်လည်ပတ်သော ပရိသတ်များ၊ ကာတာနိုင်ငံသားများ၊ ကာတာနိုင်ငံတွင် မှီတင်းနေထိုင်နေသူများ နှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် အဓိကကျသူများအတွက်  အဆင့်မြင့် ဝန်ဆောင်မှုများကို ပေးအပ်ရန် အဆင်သင့်ဖြစ်တာထက်ကို ပိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပထမဆုံး 5G အင်တာနက်အသုံးပြုသည့် FIFA World Cup™ ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်တင် မိုဘိုင်းဒေတာအသုံးပြုနှုန်း 36TB ကို မြင်တွေ့ခဲ့ရပြီး ပရိသတ်များသည် ဒိုဟာတွင်သာမက တစ်ကမ္ဘာလုံးမှ အလွန်ခမ်းနားသည့် ဖွင့်ပွဲအခမ်းနားသို့ စောင့်ကြည့်နေကြသည့် မိမိတို့၏ မိတ်ဆွေများ၊ ချစ်ခင်သူများနှင့် ဆက်သွယ်ခဲ့ကြသည်။ ခမ်းနားလှသည့်ဖွင့်ပွဲအခမ်းအနားအတွင်း အထူးကြည်လင်ကောင်းမွန်သော အသံခေါ်ဆိုမှု ၆၂၀,၀၀၀ ကို ပြုလုပ်ခဲ့ပြီး ဖုန်းခေါ်ဆိုချိတ်ဆက်နိုင်မှုသည် ၉၉.၈% ထက်ပိုမိုကောင်းမွန်ပြီး VoLTE ဖုန်းခေါ်ဆိုမှုပြတ်တောက်မှုနှုန်းမှာ ၀.၁၂% သာရှိခဲ့သည်။ 5G အင်တာနက်အမြန်နှုန်းများသည်  အံ့သြဖွယ်ကောင်းစွာ 2Gbps သို့ ဖြတ်ကျော်သွားခဲ့သည်။

Photo Source ooredoo Myanmar

Snapchat သည် အားကစားကွင်းအတွင်း အသုံးအများဆုံး App ဖြစ်ပြီး Instagram နှင့် WhatsApp တို့ သည်လည်း နောက်တွင် ရပ်တည်လျက်ရှိသည်။

အူရီဒူး၏ Service Operation Center သည် အကောင်းဆုံး သုံးစွဲသူအတွေ့အကြုံကိုပေးအပ်နိုင်ရန် ကျွမ်းကျင်ပညာရှင် ၁၀၀ ကျော်နှင့် ကွန်ရက်စွမ်းဆောင်ရည်ကို အချိန်နှင့်တစ်ပြေးညီ AI ဖြင့် စောင့်ကြည့်စစ်ဆေးခြင်းအတွက် နောက်ဆုံးပေါ် ဆန်းသစ်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ပြီး ဘောလုံးအားကစားကွင်းအတွင်းနှင့် ပတ်လည်ဧရိယာတွင်လည်း လုပ်ငန်းဆောင်ရွက်သည့်အဖွဲ့များ အဆင့်သင့် ရှိနေခဲ့ပါသည်။

Sheikh Mohammed က “ဖွင့်ပွဲအခမ်းအနားဝန်းကျင်က အံသြမှင်သက်ဖွယ် ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားကြီးတစ်ခု အသွင်ပေါ်ပေါက်စေခဲ့ပြီး လာမယ့်နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွက် ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲကြီးကို ဆက်လက်ရှုမျှော်ခံစားနိုင်ဖို့ အသင့်ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ အလွန်တရာကောင်းမွန်သည့် ပရိသတ်အတွေ့အကြုံကို ဆက်လက်ပေးအပ်ရန်နှင့် ထူးခြားခမ်းနားသည့် ဘောလုံးပွဲ ပွဲစဥ်အချို့ကို မြင်တွေ့နိုင်ရန် မျှော်လင့်ပါတယ်။ ကမ္ဘာတစ်ဝှမ်း အထင်ကရ အကျော်ကြားဆုံးသော ကမ္ဘာ့ဖလားကို အရယူဖို့ ကျွန်တော်တို့နဲ့အတူ လာရောက်ပါဝင်ဆင်နွဲကြတဲ့ အသင်းတွေအားလုံး ကံကောင်းပါစေ” ဟု ဆန္ဒပြုရင်း နိဂုံးချုပ်ခဲ့ပါသည်။