AB Programming Training Center မှ Web Development Course (February Batch) အတန်းသစ် ဖွင့်လှစ်မည်

ဂျပန် နည်းပညာ ITကုမ္ပဏီ Aluto Benli Company က AB Programming Training Center မှ Web Development Course (February Batch) အတန်းသစ်ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။
Web Foundation Course + Backend Development ဖြစ်တဲ့ PHP Web Development Course 2မျိုးလုံးကို ပေါင်းပြီး Web Development Full Courseအနေနဲ့ သင်ရမယ့် အတန်းတစ်ခုလည်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ (သို့) နိုင်ငံခြားမှာ Web Developer အနေနဲ့ အလုပ်လုပ်ချင်သူများ၊ ပြည်တွင်းရှိ Outsourcing ရေးပေးသော ဂျပန်ကုမ္ပဏီများနှင့် IT Companyများမှာ Web Developer ၊ Web Designer အနေနဲ့ လုပ်ငန်းခွင်ဝင်လိုသူများ၊ Web Development လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ၊ Web Development ကိုအခြေခံ မှစ၍တတ်မြောက်လိုသူများ၊ Web Developer အဖြစ်ရပ်တည်လိုချင်သူများ၊ PHP web developmentအပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping websiteရေးဆွဲချင်သူများအနေနဲ့ မဖြစ်မနေ တက်ရောက်သင့်တဲ့ Web Development Course တစ်ခုဖြစ်ပါတယ်။

Photo Source https://web.facebook.com/alutobenlitraining/posts/4958763460825646?_rdc=1&_rdr

သင်တန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ တစ်ပတ်ကို ၃ရက် (Monday, Wednesday, Friday) သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ 6:00 PM မှ 8:00 PM အထိဖြစ်ပါတယ်။ သင်တန်းကာလ သုံးလ ကြာမြင့်မှာဖြစ်ပါတယ်။ ဆရာကိုယ်တိုင် Zoom နဲ့ Live Face to Face သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကြေး 150,000 ကျပ် ကျသင့်မှာဖြစ်ပါတယ်။
Web Development Full Course မှာ သင်ကြားမည့်ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Web Foundation (HTML, CSS, Javascript, JQuery, Bootstrap)
(၂) Website တစ်ခုအတွက်အခြေခံအကျဆုံး ဖြစ်သော HTML
(၃) Website တစ်ခုကို ပိုပြီးလှပတင့်တယ်စေမဲ့ CSS
(၄) Website တစ်ခုရဲ့ action အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Javascript
(၅) Responsive web design တွေကိုဖန်တီးပေးနိုင်မယ့် HTML5 and CSS3
(၆) Web design responsive frameworkဖြစ်တဲ့ bootstrap
(၇) World wide web အကြောင်း
(၈) Dynamic website အကြောင်း
(၉) PHP Web Development
(၁၀) PHP Environment & Operations & Syntax
(၁၁) Database Technology-MySQL (Real World တွင် မဖြစ်မနေ အသုံးဝင်မည့်ဘာသာရပ်)
(၁၂) OOP Concept (Programmerလု်ပမည့်သူများအတွက် မရှိမဖြစ်သိထားရမည့်ဘာသာရပ်)
(၁၃) SQL Query
(၁၄) JQuery
(၁၅) Laravel Framework (Framework introduction) တို့ဖြစ်ပါတယ်။
ကွန်ပျူတာအခြေခံသုံးတတ်ရုံဖြင့် Programming အခြေခံမရှိသူများလဲ တက်ရောက်နိုင်တဲ့သင်တန်းတစ်ခုဖြစ်ပြီး အခြေခံမှစ၍ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်တိုင်Website၊ Design၊ Project တစ်ခုရေးဆွဲဖန်တီးနိုင်တဲ့အထိ Train ပေး သင်ကြားပေးမယ့် Web Development Course တစ်ခုဖြစ်ပါတယ်။ ပထမဦးဆုံး စာရင်းသွင်းသူ (၃)ဦးက discount 20000 ကျပ် ထပ်ရမှာဖြစ်ပြီး သင်တန်းကြေး ၁၃၀,၀၀၀ ကျပ်နဲ့ပဲ တက်ရောက်နိုင်တဲ့ အခွင့်အရေးရဦးမှာပါဖြစ်ပါတယ်။

Photo Source https://web.facebook.com/alutobenlitraining/posts/4958763460825646?_rdc=1&_rdr

ပုံမှန် inclass သင်တန်းကြေး 300,000 ကျပ်ကို အခုကာလ ခက်ခဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက် နည်းပညာကိုလေ့လာလိုသူများ၊ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ကြမယ့်လူငယ်များအတွက် အဆင်ပြေလွယ်ကူစွာ တက် ရောက်နိုင်စေရန် သင်တန်းကြေးကို အသက်သာဆုံးဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။ online payment ဖြင့်လည်း လက်ခံပေးသွားမှာဖြစ်ပါတယ်။
Zoom Live နဲ့ သင်ကြားတာဖြစ်လို့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ လူဦးရေ အများကြီးလက်မခံထားပါဘူး။ လူဦးရေ အကန့်အသတ်နဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ online class ဖြစ်ပေမယ့်လဲ သတ်မှတ်ထားတဲ့ သင်ကြားချိန်ပြည့်မှီပါက AB Programming Training Centerရဲ့ Certificate ရမှာဖြစ်ပါတယ်။ သင်တန်းသားအများအနေနဲ့ သင်ပြီးသားသင်ခန်းစာတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့လဲ Video Recording Fileတွေ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကို join ဖို့အတွက် Zoom software ကို မသုံးတတ်သူများအတွက်လည်း သင်တန်းက သုံးပုံသုံးနည်းပြောပြပေးပြီးှ သင်တန်းစမှာဖြစ်ပါတယ်။ စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံလိုပါက ဖုန်း 09- 759 646 802 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Page Messengerမှ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ Wave Pay, KBZ Pay, AYA, CB စသည့် payment များဖြင့် သင်တန်းအပ်နှံနိုင်မှာဖြစ်ပါတယ်။ သင်တန်းလိပ်စာနှင့်ဖုန်းနံပါတ် ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
No.77, Room 2B, Dhammazedi Road, Myaynigone,
Sanchaung Township
Phone : 09- 759 646 802