ခေတ်မီသော ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်နိုင်မည့် Innovix ၏ E-learning System အကြောင်း

ယခုကာလမှာ ကိုယ်ပိုင်ကျောင်းနာမည်နဲ့ E-Learning ပညာသင်ကြားရေးစနစ် တစ်ခု ထားရှိတဲ့ ကျောင်းတိုင်းဟာ ပုံမှန်ကျောင်းတွေထက် ပိုမိုအားသာတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာစေတာ အမှန်ပဲ ဖြစ်ပါတယ်။ မိဘတွေ အနေနဲ့လည်း မိမိ သားသမီး တွေကို မျက်စိအောက်မှာထားပြီး ပညာရေးသင်ကြားခြင်းကို ဆောင်ရွက်နိုင်တာကြောင့် Online Education ပို့ချပေးနိုင်တဲ့ကျောင်းဟာ အခုလို Stay Home ကာလအတွင်းမှာ ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေအတွက် အကျိုးများစွာ ရရှိစေပါတယ်။

Photo Source https://web.facebook.com/InnovixDigital

ဒီကာလ ကို ကျော်ဖြတ်သွားနိုင်တဲ့ အခါမှာလဲ ကျောင်းတွေမှာ လက်တွေ့သင်ကြားရေး စာသင်ခန်းတွေသာမက အွန်လိုင်းကနေ အလွယ်တကူ သင်ယူနိုင်မယ့် ပညာရေး Web Portal တွေပါ အတူ ယှဉ်တွဲထားရှိခြင်းက ဆရာ၊ဆရာမ နဲ့ ကျောင်းသား၊ကျောင်းသူ တွေအတွက် ခေတ်မီတိုးတက်တဲ့ ပညာရေးစနစ်သစ် တစ်ခုအဖြစ် ကောင်းစွာ အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Innovix ရဲ့ E-Learning System တစ်ခုကို အသုံးပြုထားတဲ့ကျောင်းတွေမှာတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကတော့
(၁) သင်ခန်းစာများကို Video, PowerPoint, PDF File များဖြင့် လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
(၂) ဆရာ၊ဆရာမတွေနဲ့ Live Session ကနေ မသိနားမလည်သည်များကို တိုက်ရိုက်မေးမြန်းနိုင်ခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
(၃) ဒါ့အပြင် သင်ခန်းစာ File များကို နောက်တစ်ချိန် ပြန်လည်ကြည့်ရှုနိုင်ဖို့ Download ဆွဲပြီး သိမ်းဆည်းထားနိုင်ပါတယ်။
(၄) အပတ်စဉ်၊ လစဉ် ပြုလုပ်လေ့ရှိတဲ့ အမေးအဖြေများ၊ Exam များကိုလည်း ကျောင်းရဲ့ Web Portal ပေါ်မှာဖြေဆိုနိုင်ပါတယ်။
(၅) ဆရာမှ စစ်ဆေးပေးထားတဲ့ Report Card နဲ့ ရလဒ်များ၊ အမှတ်စာရင်းနဲ့ Grade သတ်မှတ်ချက်များကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
(၆) သင်တန်းကျောင်းမှ ကြေညာချက်၊ Announcement များကိုလည်း အချိန်နဲ့တပြေးညီ ရရှိနိုင်ပါတယ်။
(၇) သင်ခန်းစာအားလုံး သင်ယူပြီးမြောက် သွားရင်တော့ ကျောင်းက အသိအမှတ်ပြုပေးတဲ့ E-Certificate ကိုရရှိမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/InnovixDigital

Innovix ရဲ့ E-Learning သင်ကြားရေးစနစ်ကို သင့်ရဲ့ ကျောင်းမှာ အမြန်ဆုံး အကောင်အထည် ဖော်ချင်တယ်ဆိုရင် Innovix Digital ကို ဆက်သွယ်ပြုလုပ်လို့ရနေပါပြီ။ လက်ရှိမှာလည်း Innovix က မြန်မာနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကို နိုင်ငံတကာအဆင့်မီစေရန် နည်းပညာဖြင့် တစ်ဖက်တစ်လှမ်းမှ စာသင်ကျောင်း၊ သင်တန်းကျောင်းတွေကို ကူညီ ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/InnovixDigital