မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အင်းမှ ITPEC FE Exam Intensive Training သင်တန်း ဖွင့်လှစ်မည်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအသင်းက ကြီးမှူးကျင်းပလျက်ရှိသည့် information Technology Professionals Examination Council(ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ကျင်းပလျက်ရှိသည်။
Fundamental information Technology Engineer Examination (FE) စာမေးပွဲသည် IT ဆိုင်ရာအခြေခံ ဗဟုသုတရှိပြီး IT နှင့်သက်ဆိုင်သော လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်သူများအတွက် ရည်ရွယ်ကာ စစ်ဆေးသော စာမွေးပွဲတစ်ခု လည်း ဖြစ်သည်။

Photo Source https://web.facebook.com/MMEducationGuide/posts/3149311108679421

Fundamental information Technology Engineer Examination (FE) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက် လာစေရန် ရည်ရွယ်ကာ စာမေးပွဲအထောက်အကူပြုသင်တန်းကို သင်ကြားဖွင့်လှစ်ခြင်းလည်းဖြစ်သည်။
အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၂၊ ၁၃၊ ၁၉၊ ၂၀၊ ၂၆၊ ၂၇ ရက်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၆ ရက်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အထိဖြစ်သည်။ သင်တန်ကြေးကို ၃၀၀၀၀ ကျပ်သတ်မှတ်ထားပြီး Online (Zoom) ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်ကြားမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Computer System
(၂) OS
(၃) Data Structure
(၄) Algorithm
(၅) Program Design
(၆) Operation Research
(၇) Accounting & Application
(၈) Network and Security
(၉) Java
(၁၀) Strategy & Management
(၁၁) Database
(၁၂) System Development and System Operation Maintenance(Question Oriented Approach) စသည်တို့ဖြစ် သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်ကာ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ လိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။
အဆောင်(၉)၊ မြေညီထပ် (MICT Park)
မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် (MCF)၊ ဖုန်း ၀၁ ၆၅၂၃၀၇၊ ၀၁ ၂၃၀၅၂၃၃ နှင့် မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအ သင်း (MCPA)၊ ဖုန်း ၀၁ ၆၅၂၂၇၆၊ ၀၉ ၅၀၆၇၁၆၈ တို့ဖြစ်သည်။