မတ်စ်တပ်ပြီး Face ID အသုံးပြုလို့ရမယ့် iOS 15.4 Beta Version

အသစ်ထွက်ရှိလာမယ့် iOS 15.4 Beta Version မှာ ပြောင်းလဲမှုတော်တော်ပြုလုပ်ထားပြီး လုပ်ဆောင်ချက်အသစ် တွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ အထူးခြားဆုံးကတော့ မတ်စ်တပ်ထားတဲ့အချိန် Face ID အသုံးပြုပြီး ဖုန်းဖွင့်လို့ရတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

Apple ရဲ့ TrueDepth System ဟာ မျက်နှာကိုမှတ်ထားဖို့အတွက် မျက်လုံးတစ်ဝှိုက်က ထူးခြားတဲ့ အမှတ်အသား တွေကို မှတ်သားထားတာဖြစ်ပါတယ်။ Apple Watch Unlock Feature ကတော့ TrueDepth System ကို မတ်စ်တပ်ထားတဲ့သူတစ်ယောက်ယောက် Apple Watch အနီးအနားမှာရှိနေတာကို သတိပြုမိတာနဲ့ ဖုန်းကို ဖွင့်ပေးတာပါ။ လူကိုမှတ်သားတာမျိုးမဟုတ်ဘဲ မတ်စ်တပ်ထားတာကို သတိထားပြီး ခွင့်ပြုချက်ပေးတာ ဖြစ်တဲ့အတွက် ယုံကြည်လို့မရပါဘူး။ 

Photo Source: https://9to5mac.com/

အခုထွက်ရှိလာတဲ့ iOS 15.4 beta version မှာတော့ COVID-19 ရောဂါကူးစက်ပြန့်ပွားနေတဲ့ ကာလမျိုးမှာ မတ်စ် မဖြုတ်ဘဲ Face ID အသုံးပြုပြီး Apple Pay အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ Full Facial Recognition ကိုပဲအသုံးပြုကြဖို့ တိုက်တွန်းထားပေမယ့် မတ်စ်တပ်ထားတဲ့အချိန်မျိုးမှာတော့ မတ်စ်တပ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ TrueDepth System က အသုံးပြုသူရဲ့မျက်လုံးကို အမြန်မှတ်သားပေးတဲ့အတွက် မှားယွင်းပြီး တစ်ခြားသူတစ်ယောက်က ဖုန်းကိုလာဖွင့်နိုင်မှာလည်း မဟုတ်ပါဘူး။