PMWC 2025 ချန်ပီယံဆုကြီးကို “Yangon Galacticos” PUBG Mobile eSports အသင်းက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှုတစ်ခုအဖြစ် မှတ်တိုင်ထူခဲ့
မြန်မာနိုင်ငံ၏ ထိပ်တန်း eSports အသင်းဖြစ်သည့် Yangon Galacticos (YG) သည် PUBG MOBILE World Cup (PMWC) 2025 တွင် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ ထိပ်တန်း ပြိုင်ဘက်အသင်းများကို အနိုင်ရယူကာ မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။
PUBG MOBILE World Cup (PMWC) ပြိုင်ပွဲကို eSports World Cup (EWC) 2025 ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာအနှံ့မှ ထိပ်တန်း PUBG MOBILE အသင်းများကို စုစည်းစေခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Yangon Galacticos သည် ဒေသတွင်းပြိုင်ပွဲနှင့် SEA Challengers League တို့ကို အောင်မြင်ခဲ့ပြီး Underdog အသင်းအဖြစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Grand Finals ပွဲစဉ်သို့ တက်ရောက်လာသည့် အသင်းအနေဖြင့် Yangon Galacticos သည် စုစုပေါင်းအမှတ် ၁၅၇ မှတ်ဖြင့် Weibo Gaming ကဲ့သို့ နာမည်ကြီးအသင်းများကို အံ့အားသင့်ဖွယ် ဖြတ်ကျော်အနိုင်ရယူကာ ပထမနေရာတွင် ရပ်တည်ခဲ့သည်။
Image: PUBG Mobile
“မြန်မာနိုင်ငံကနေ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ PMWC စင်မြင့်ပေါ်မှာ ရပ်ပြီးတော့ ချန်ပီယံဆုကြီးကို အိမ်ကို ပြန်ယူလာမယ်ဆိုတဲ့ အိပ်မက်ကို တကယ်အကောင်အထည်ဖော်လိုက်နိုင်ပါပြီ” ဟု YG အသင်းခေါင်းဆောင် Master Smile က ပြောကြားခဲ့သည်။ ဒီအောင်ပွဲက ကျွန်တော်တို့အတွက် အရာအားလုံးပါပဲ။ ဒီအခိုက်အတန့်က ကျွန်တော်တို့အတွက်တင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို ယုံကြည်အားပေးနေတဲ့ ပရိသတ်တိုင်းအတွက်ပါ မဆုတ်မနစ် ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ချန်ပီယံဆုကြီး ယူလာနိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ချန်ပီယံဆုသည် Yangon Galacticos အသင်းအတွက် သာမက ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုနှင့် အရှိန်အဟုန် အပြည့်ရှိသော မြန်မာ့ eSports အသိုင်းအဝိုင်းအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ YG ၏ ဒေသတွင်း ပြိုင်ပွဲများမှ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သည့် ခရီးစဉ်သည် ကျွမ်းကျင်မှု၊ စည်းကမ်းနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို ထင်ဟပ်စေသည်။
Image: PUBG Mobile
YG အသင်းနည်းပြ MaKo က “ကျွန်တော်တို့ Yangon Galacticos ရဲ့ အနိုင်ရမှုက ကမ္ဘာ့ eSports အခင်းအကျင်းမှာ အရှေ့တောင်အာရှအသင်းတွေရဲ့ တိုးတက်လာမှုကိုလဲ ပေါ်လွင်စေပါတယ်။ ဒါက အခုမှ အစပဲရှိပါသေးတယ်။ ဒီအခိုက်အတန့်က မြန်မာနိုင်ငံက Gamer မျိုးဆက်သစ်တွေအတွက် ခွန်အားတစ်ခုဖြစ်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
PMWC 2025 သည် ကြည့်ရှုသူဦးရေ ၁.၃၈ သန်းအထိ စံချိန်တင်ရရှိခဲ့ပြီး ပရိသတ်များ၊ Content Creator များနှင့် ကမ္ဘာလုံးဆိုင်ရာ ဂိမ်းအသိုင်းအဝန်းအကြား အားပေးမှုများစွာ ရရှိခဲ့သည်။ ယခုနှစ် PUBG MOBILE World Cup Grand Finals တွင် ထူးခြားသော “Smash Rule” စည်းမျဉ်းတစ်ခုကို အသုံးပြုခဲ့ခြင်းကြောင့် ရလဒ်များကို မခန့်မှန်းနိုင်အောင်ဖြစ်ရပြီး နောက်ဆုံးပွဲစဉ်အထိ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည်။
ယခုပြိုင်ပွဲအပြင် PUBG MOBILE သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတစ်ဝန်းရှိ eSports ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ PUBG MOBILE ၏ ကောင်းမွန်ပြီး အရည်အချင်းပြည့်မီသော ဖွဲ့စည်းမှုပုံစံသည် ရည်မှန်းချက်ကြီးမားသော အသင်းများကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲများနှင့် ထိတွေ့မှု ရရှိစေပြီး ကမ္ဘာ့အမြင့်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်။
Image: PUBG Mobile
PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE အနေနဲ့ မတူညီတဲ့ Background မျိုးစုံက အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် အောင်မြင်တောက်ပလာနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ကို ပံ့ပိုးပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။ “Yangon Galacticos ရဲ့ PMWC 2025 မှာ သမိုင်းဝင် အနိုင်ရမှုက ပွင့်လင်းတဲ့ ယှဉ်ပြိုင်မှုတွေဟာ အခွင့်အလမ်းတွေ တိုးပွားလာစေကြောင်းနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂိမ်းအသိုင်းအဝိုင်းတွေကို မျှော်လင့်ချက် ခွန်အားပေးနိုင်ကြောင်း ပေါ်လွင်စေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Yangon Galacticos ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ eSports အသိုင်းအဝန်းများတွင် ထင်ဟပ်နေပြီး ပရိသတ်များ၊ ဖန်တီးသူများနှင့် ပံ့ပိုးသူများထံမှ အားပေးထောက်ခံမှုများ ရရှိခဲ့သည်။ ၎င်းတို့၏ အောင်မြင်မှုခရီးစဉ်သည် eSports အသိုက်အဝန်းများအတွက် ပိုမိုကြီးထွားလာသော စိတ်အားထက်သန်မှုနှင့် မတူညီသော နေရာများမှ ကစားသမားများကို တစ်စုတစ်စည်းတည်းဖြစ်စေသည့် Mobile eSports ၏ ထူးခြားသော စွမ်းအားကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။
PMWC 2025 မှ ကြည့်ရှုသူအရေအတွက်နှင့် အသင်းအဆင့်များ အပါအဝင် ပြိုင်ပွဲအချက်အလက် အပြည့်အစုံကို Esports Charts တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
PUBG MOBILE eSports သတင်းများအတွက် Facebook, Instagram, X နှင့် YouTube တို့တွင် ဆက်လက်ကြည့်ရှု နိုင်သည်။