Myanmar Esports Community အတွက် စတင်မိတ်ဆက်လိုက်တဲ့ Eternity Mobile Application

Esport နဲ့ပက်သက်ပြီး မြန်မာနိုင်ငံမှာ သတင်းတွေကြည့်လို့ရတာ၊ ကစားသမားအချက်အလက်တွေ ကြည့်လို့ရတာ၊ ပြိုင်ပွဲအကြောင်းအရာ လေ့လာလို့ရတာတွေဆိုတာ မရှိသလောက်ပါပဲ။ အခု မိတ်ဆက် ပေးလိုက်တဲ့ Eternity Mobile Application ဆိုတာကလည်း Player တွေအတွက်တင်မကသေးပါဘူး။ Tournament ပြုလုပ်တာတွေ၊ Viewer တွေအတွက်ပါ အကုန်လုံးချိတ်ဆက်ပေးမယ့် Community Application တစ်ခု ဖြစ်ပါတယ်။

Image: Eternity

Eternity Mobile App ကို ဇူလိုင်လ ၁၃ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Eternity App ကို စတင် အသုံးပြုလိုသူတွေအနေနဲ့ Mobile App မှာ ကိုယ်တိုင် Player Profile ဖွင့်ပြီးမှ အသုံးပြုရမှာ ဖြစ်ပါတယ်။ Profile တစ်ခုနဲ့ ကိုယ်ဆော့သမျှဂိမ်းတွေအားလုံးကိုလည်း ထည့်သွင်းပြီးဖွင့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကစားသမားများ တဲ့ Dota2, CSGO, FIFA, Valorant, Mobile Legends, PUBG Mobile စတဲ့ဂိမ်း Tournament တွေကို ဝင်ရောက်ကစားနိုင်မှာ ဖြစ်ပါတယ်။

App ရဲ့ ပထမစာမျက်နှာမှာ Feeds အနေနဲ့ လတ်တစ်လော Esport နယ်ပယ်နဲ့ပက်သက်တဲ့သတင်းအချက်တွေကို ကြည့်ရှုနိုင်မယ့်အပြင် social media တွေကိုလည်း ပြန်ပြီးမျှဝေနိုင်မှာ ဖြစ်ပါတယ်။ Teams Interface မှာလည်း ကစားသမားတွေ၊ Team တွေရဲ့အချက်အလက်တွေကို ကြည့်ရှုလို့ရမယ့်အပြင် Eternity Team ဘက်ကလည်း သေချာဆန်းစစ်ပေးသွားမှာ ဖြစ်ပါတယ်။

Image: Eternity

Tournament Interface မှာ Eternity Mobile App အတွင်းမှာပဲ ပြုလုပ်ပြီး ကြည့်ရှုရမယ့် Exclusive Tournament တွေအပြင် အခြား Tournament တွေကို ဝင်ရောက်ကြည့်ရှုနိုင်သလို ပြိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။ ပြိုင်ဆိုင် လိုတဲ့ ကစားသမားတွေအနေနဲ့လည်း အချက်အလက်တွေပြန်ဖြည့်စရာမလိုတော့ဘဲ ကိုယ့်ရဲ့ Player Profile မှာ အချက်အလက်တွေ Game ID တွေကို မှန်မှန်ကန်ကန်ဖြည့်ထားရုံနဲ့ ချက်ချင်းဝင်ရောက် စာရင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Tournament တွေနဲ့ပက်သက်တဲ့ Match History တွေကိုလည်း သိမ်းထားပေးမှာ ဖြစ်တဲ့အတွက် Eternity App အတွင်းကပွဲစဉ်တွေကိုလည်း ကိုယ်စိတ်ကြိုက် ဝင်ရောက်ကြည့်ရှုနိုင်ဦးမှာပါ။

Eternity Mobile App ကို Launch မလုပ်သေးပေမယ့် မကြာမှီ Launch ပြုလုပ်တော့မယ်လို့လည်းသိရပါတယ်။ App နဲ့ပက်သက်ပြီး ထပ်မံသိရှိလိုသူတွေအတွက် Eternity Facebook page ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်မှာ ဖြစ်ပါတယ်။ App ကိုစတင်မိတ်ဆက်ပေးခဲ့တဲ့ Launch ကိုလည်း Eternity ရဲ့ Facebook Page နဲ့ YouTube Channel မှာ Live Reply ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။